MNA လေယာဉ်မတော်တဆမှုဖြစ်စဉ်အား Documentary မှတ်တမ်းရုပ်ရှင်တစ်ခု အဖြစ်ရိုက်ကူးဖို့အစီအစဉ်ရှိဟု ဆို

 MNA လေယာဉ်မတော်တဆမှုဖြစ်စဉ်အား Documentary မှတ်တမ်းရုပ်ရှင်တစ်ခု အဖြစ်ရိုက်ကူးဖို့အစီအစဉ်ရှိဟု ဆို

MNA လေယာဉ်မတော်တဆမှုဖြစ်စဉ်အား Documentary မှတ်တမ်းရုပ်ရှင်တစ်ခုအဖြစ် ရိုက်ကူးနိုင်ဖို့အတွက် လေကြောင်းလိုင်း CEO အနေနဲ့စီစဉ်လျက်ရှိတယ်လို့ လေယာဉ်မှူးကြီး ကပ္ပတိန် ဦးမြတ်မိုးအောင် ကပြောပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့ မေ ၂၁ ရက်တွင် ပြုလုပ်ခဲ့တဲ့(MI – Radio) နှင့်တွေ့ဆုံမေးမြန်းမှုအစီအစဉ်တစ်ရပ်မှာ ယင်းဖြစ်စဉ်အား ရုပ်ရှင်အနေနဲ့သော်လည်းကောင်း၊ Documentary အနေနဲ့သော်လည်းကောင်း မှတ်တမ်းအနေဖြင့် ရိုက်ကူးမှုရှိလာမယ်ဆိုရင် ကပ္ပတိန်အနေနဲ့ လက်ခံနိုင်မလားဆိုတဲ့မေးမြန်းခဲ့မှုအပေါ်လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“Music Video လား၊Documentary မှတ်တမ်းရုပ်ရှင်လားတော့မသိဘူး။CEO တို့က ဒါလေးကိုလုပ်ဖို့စီစဉ်နေတယ် လို့ိသိရပါတယ်၊ ဗီဒီယိုလေးပေါ့လေ Short Documentary ဖြစ်မလားတော့မသိပါဘူး။”လို့ ကပ္ပတိန်ဦးမြတ်မိုးအောင် က တွေ့ဆုံမေးမြန်းမှု အစီအစဉ် မှာဖြေကြားခဲ့တာပါ။

ယခုမေလ ၁၂ ရက်နေ့က Myanmar National Airlines လေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး -ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY-AGQ, Embraer 190AR (ခရီးစဉ်အမှတ် UB103) နှင့် ခရီးသည် ၈၂ ဦး တင်ဆောင်ပျံသန်းခဲ့တာဖြစ်ပြီးမန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အဆင်း
တွင် လေယာဉ်ရှေ့ဘီး ထုတ်မရသော်လည်း ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုအောင် လေယာဉ်မှူးကြီးဦးမြတ်မိုးအောင်က ဘေးအန္တရာယ် ကင်းစွာဖြင့်အရေးပေါ်အခြေအ နေနဲ့ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်းယင်းဖြစ်စဉ်အပေါ်စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပြီး အာမခံကိစ္စရပ်တွေ လေယာဉ်ပြန်လည်ပြင်ဆင်ရေး ကိစ္စရပ်တွေကိုဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

“အခုလိုဆောင်ရွက်နိုင်ခဲ့တာကျနော်တစ်ယောက်တည်းတော်လို့မဟုတ်ပါဘူး။ကျနော်Team Work ကလည်းကောင်းတယ်၊ ခရီးသည်တွေရဲ့လိုက်နာဆောင်ရွက်မှုကလည်းကောင်းတယ်၊ဒါကြောင့်မို့ဒီလိုမျိုးရလဒ်ကိုရခဲ့ခြင်းဖြစ်ပါတယ်။ နောက်ကျနော်ဆရာတွေရဲ့သင်ကြားမှုနဲ့ကျနော်အတွေ့အကြုံနဲ့ပေါင်းစပ်ပြီးတော့ ဒါကိုဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။လောလောဆယ်ကျနော်မြန်မာအမျိုးသားလေကြောင်းလိုင်းမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးတို့နဲ့ သက်ဆိုင်ရာနယ်ပယ်အသီးသီးကနေချီးကျုးဂုဏ်ပြုတဲ့အတွက်အများကြီးဝမ်းသာပါတယ်။ဒီလိုမျိုးပေးအပ်တဲ့ဆုတွေကကျနော်ရဲ့ရှေ့ဆက်လျှောက်ရမယ့် အနာဂတ်မှာအများကြီးအားဖြစ်ပါတယ်။ထပ်ပြီးတော့လည်း ခရီးသွားပြည်သူ တွေအနေနဲ့မြန်မာ့အမျိုးသားလေကြောင်းလိုင်းကိုအားပေးပါ။ကျနော်နဲ့တူတူ ဝေဟင်မှာပြန်ပြီးတော့တွေ့ဆုံချင်ပါသေးတယ်။ကျနော်တို့လေကြောင်းလိုင်းအနေနဲ့လည်း ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်အောင်၊ ပိုမိုပြီးဘေးကင်းလုံခြုံစိတ်ချအောင်လည်းဆောင်ရွက်နေပါတယ်။” လို့ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင် ကဆက်လက်ပြောကြားခဲ့ ပါသေးတယ်။

ပြေသိမ်း
ရန်ကုန်၊မေ ၂၁ 

 

(   Zawgyi   )

 MNA ေလယာဥ္မေတာ္တဆမႈျဖစ္စဥ္အား Documentary မွတ္တမ္း႐ုပ္ရွင္တစ္ခုအျဖစ္ ႐ိုက္ကူးႏိုင္ဖို႔အတြက္ ေလေၾကာင္းလိုင္း CEO အေနနဲ႔စီစဥ္လ်က္ရွိတယ္လို႔ ေလယာဥ္မႉးႀကီး ကပၸတိန္ ဦးျမတ္မိုးေအာင္ ကေျပာပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔ ေမ ၂၁ ရက္တြင္ ျပဳလုပ္ခဲ့တဲ့(MI – Radio) ႏွင့္ေတြ႕ဆုံေမးျမန္းမႈအစီအစဥ္တစ္ရပ္မွာ ယင္းျဖစ္စဥ္အား ႐ုပ္ရွင္အေနနဲ႔ေသာ္လည္းေကာင္း၊ Documentary အေနနဲ႔ေသာ္လည္းေကာင္း မွတ္တမ္းအေနျဖင့္ ႐ိုက္ကူးမႈရွိလာမယ္ဆိုရင္ ကပၸတိန္အေနနဲ႔ လက္ခံႏိုင္မလားဆိုတဲ့ေမးျမန္းခဲ့မႈအေပၚေလယာဥ္မႉးႀကီး ဦးျမတ္မိုးေအာင္က အထက္ပါအတိုင္းျပန္လည္ေျဖၾကားခဲ့တာျဖစ္ပါတယ္။

“Music Video လား၊Documentary မွတ္တမ္း႐ုပ္ရွင္လားေတာ့မသိဘူး။CEO တို႔က ဒါေလးကိုလုပ္ဖို႔စီစဥ္ေနတယ္ လို႔ိသိရပါတယ္၊ ဗီဒီယိုေလးေပါ့ေလ Short Documentary ျဖစ္မလားေတာ့မသိပါဘူး။”လို႔ ကပၸတိန္ဦးျမတ္မိုးေအာင္ က ေတြ႕ဆုံေမးျမန္းမႈ အစီအစဥ္ မွာေျဖၾကားခဲ့တာပါ။

ယခုေမလ ၁၂ ရက္ေန႔က Myanmar National Airlines ေလေၾကာင္းလိုင္းမွ ရန္ကုန္-မႏၲေလး -ရန္ကုန္ ခရီးစဥ္ကို ေလယာဥ္အမွတ္ XY-AGQ, Embraer 190AR (ခရီးစဥ္အမွတ္ UB103) ႏွင့္ ခရီးသည္ ၈၂ ဦး တင္ေဆာင္ပ်ံသန္းခဲ့တာျဖစ္ၿပီးမႏၲေလးအျပည္ျပည္ဆိုင္ရာ ေလဆိပ္အဆင္း
တြင္ ေလယာဥ္ေရွ႕ဘီး ထုတ္မရေသာ္လည္း ခရီးသည္မ်ား ထိခိုက္ဒဏ္ရာရရွိမႈေအာင္ ေလယာဥ္မႉးႀကီးဦးျမတ္မိုးေအာင္က ေဘးအႏၲရာယ္ ကင္းစြာျဖင့္အေရးေပၚအေျခအ ေနနဲ႔ဆင္းသက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာလည္းယင္းျဖစ္စဥ္အေပၚစုံစမ္းစစ္ေဆးမႈေတြလုပ္ေဆာင္ေနၿပီး အာမခံကိစၥရပ္ေတြ ေလယာဥ္ျပန္လည္ျပင္ဆင္ေရး ကိစၥရပ္ေတြကိုေဆာင္႐ြက္ေနတယ္လို႔လည္း ဆိုပါတယ္။

“အခုလိုေဆာင္႐ြက္ႏိုင္ခဲ့တာက်ေနာ္တစ္ေယာက္တည္းေတာ္လို႔မဟုတ္ပါဘူး။က်ေနာ္Team Work ကလည္းေကာင္းတယ္၊ ခရီးသည္ေတြရဲ႕လိုက္နာေဆာင္႐ြက္မႈကလည္းေကာင္းတယ္၊ဒါေၾကာင့္မို႔ဒီလိုမ်ိဳးရလဒ္ကိုရခဲ့ျခင္းျဖစ္ပါတယ္။ ေနာက္က်ေနာ္ဆရာေတြရဲ႕သင္ၾကားမႈနဲ႔က်ေနာ္အေတြ႕အႀကဳံနဲ႔ေပါင္းစပ္ၿပီးေတာ့ ဒါကိုေဆာင္႐ြက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ေလာေလာဆယ္က်ေနာ္ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွာပဲ ဆက္လက္တာဝန္ထမ္းေဆာင္သြားမွာျဖစ္ပါတယ္။ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးတို႔နဲ႔ သက္ဆိုင္ရာနယ္ပယ္အသီးသီးကေနခ်ီးက်ဳးဂုဏ္ျပဳတဲ့အတြက္အမ်ားႀကီးဝမ္းသာပါတယ္။ဒီလိုမ်ိဳးေပးအပ္တဲ့ဆုေတြကက်ေနာ္ရဲ႕ေရွ႕ဆက္ေလွ်ာက္ရမယ့္ အနာဂတ္မွာအမ်ားႀကီးအားျဖစ္ပါတယ္။ထပ္ၿပီးေတာ့လည္း ခရီးသြားျပည္သူ ေတြအေနနဲ႔ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္းကိုအားေပးပါ။က်ေနာ္နဲ႔တူတူ ေဝဟင္မွာျပန္ၿပီးေတာ့ေတြ႕ဆုံခ်င္ပါေသးတယ္။က်ေနာ္တို႔ေလေၾကာင္းလိုင္းအေနနဲ႔လည္း ဝန္ေဆာင္မႈေတြ ပိုမိုေကာင္းမြန္ေအာင္၊ ပိုမိုၿပီးေဘးကင္းလုံၿခဳံစိတ္ခ်ေအာင္လည္းေဆာင္႐ြက္ေနပါတယ္။” လို႔ ေလယာဥ္မႉးႀကီး ဦးျမတ္မိုးေအာင္ ကဆက္လက္ေျပာၾကားခဲ့ ပါေသးတယ္။

ေျပသိမ္း
ရန္ကုန္၊ေမ ၂၁