A Moment We Share ဖျော်ဖြေပွဲနဲ့ ဒြပ်မဲ့ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာပြပွဲ ဆင်ယင်ကျင်းပ

A Moment We Share ဖျော်ဖြေပွဲနဲ့ ဒြပ်မဲ့ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာပြပွဲ ဆင်ယင်ကျင်းပ

၂၀၁၉ ခုနှစ် “A Moment We Share” အဆိုအက ဖျော်ဖြေပွဲ၊ ဒြပ်မဲ့ယဉ်ကျေးမှုနဲ့ ရိုးရာအစားအစာပြပွဲကို ရန်ကုန်မြို့က တရုတ်ယဉ်ကျေးမှုစင်တာမှာ ယနေ့ (စက်တင်ဘာ ၁၁ ရက်) မနက်က ကျင်းပခဲ့ပါတယ်။

တရုတ်ရိုးရာ လမုန့်ပွဲတော်ကို ကြိုဆိုရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုရန်နဲ့ တရုတ်-မြန်မာ ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ ယင်းပွဲတော်ကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ စက်တင်ဘာ ၁၁ ရက်ကနေ ၁၅ ရက်အထိ ကျင်းပတာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကိုတော့ ယနေ့ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ထိုအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှုသံမှူးဖြစ်သူ Mr Pan Feng က အခမ်းအနားပြုလုပ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သလို မြန်မာနိုင်ငံက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် က နှစ်နိုင်ငံ ယဉ်ကျေးမှုအရ နီးစပ်တဲ့အကြောင်း၊ ယခုပွဲတော်တွေကနေ အစပြုလို့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတွေကို ယခုထက်ပိုမိုတိုးတက်လာစေမယ်လို့ မျှော်မှန်းကြောင်းလည်း ပြောကြားခဲ့ပါတယ်။

 

ထို့နောက်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး ယဉ်ကျေးမှုသံမှူးတို့ အပါအဝင် နှစ်နိုင်ငံ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြကာ ယူနန်ပြည်နယ်၊ လင်းချန်းမြို့ရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့က “ဝ” တိုင်းရင်းသား ရိုးရာအကဖြင့် ဖျော်ဖြေခဲ့ကြကြောင်း၊ အသံဖမ်းစတူဒီယိုလုပ်ငန်း လုပ်ကိုင်ကာ ကိုယ်တိုင်တေးသီချင်းများ ရေးစပ်နေတဲ့ ကိုစိုး နဲ့ တတိယတန်းအရွယ်မှ စတင်ကာ အကပညာကို သင်ယူခဲ့ကာ လက်ရှိတွင် သီရိရာမအဖွဲ့မှာ ဖျော်ဖြေနေတဲ့ မင်းသမီး ဟန်ဝင့်ဝါ တို့က ရာမာယဏဇာတ်တော်မှ ဒဿဂီရိပန်းစိုက်အကဖြင့် လည်းကောင်း၊ လူငယ်တယောပညာရှင် Ms Cai Honghua ရဲ့ တီးခတ်ဖျော်ဖြေမှုတွေ၊ တရုတ်မွန်ဂိုတိုင်းရင်းသူ အမျိုးသမီးတေးသံရှင် Ms Bai Siqingaowa ရဲ့ ဖျော်ဖြေမှု၊ ရုပ်သေးပညာရှင် ဦးစိန်အေးမြင့် ရဲ့ မြန်မာ့ရုပ်သေးအက၊ ရှမ်းတို့ရဲ့ကာရန် အကတင်ဆက်မှု၊ ရှမ်းတိုင်းရင်းသားအဖွဲ့ တင်ဆက်မှု၊ ရွှေလသာသောအခါ တေးသီချင်းဖြင့် “ဝ” တိုင်းရင်းသား စုံတွဲအက၊ ပြာလဲ့သောမိုးကောင်းကင် အဆိုအကဖျော်ဖြေမှုတွေ အပါအဝင် တေးသီချင်းတွေ၊ အကတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

ထို့အပြင် ရှမ်းတိုင်းရင်းသားတွေရဲ့ ပန်းထိုးလက်ရာတွေ၊ စက္ကူလုပ်တဲ့အတတ်ပညာ၊ အိုးထည်ပြုလုပ်တာတွေ ပါဝင်တဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်ရာတွေလည်း ပြသထားပြီး ယူနန်စတိုင် ဝက်ပေါင်ခြောက်လမုန့်များ၊ ပန်းမုန့်များ၊ ဝက်ပေါင်ခြောက် ကြက်ချဉ်စော်ခါးသီးနဲ့ Chai မျိုးနွယ်ဓလေ့ လက်နွှင်ကြက်သားဟင်းတွေကိုလည်း ပြသခဲ့ကာ တရုတ်စာ မင်စုတ်ချက် လက်ရေးလှပညာရှင်များအသင်းက Mr Li Defu နဲ့ ရန်ကုန်မြို့က Confucianism Chinese Language Center (CCLC) မှ ကျောင်းအုပ်ကြီး Mr Wang Chongxi တို့က ဧည့်ပရိသတ်တွေရှေ့မှာ တရုတ်စာ မင်စုတ်ချက်တွေကို ရေးဆွဲပြသတာတွေ၊ တရုတ်ပညာတော်သင် ကျောင်းသူတွေရဲ့ လက်ဖက်ရည်ကြမ်း အနုပညာတင်ဆက်မှုတွေ၊ ဘူးသီးပလွေမှုတ်ကာ ဖျော်ဖြေတာတွေနဲ့လည်း တင်ဆက်ပြသခဲ့ကြပါတယ်။

လာမယ့် စက်တင်ဘာ ၁၂ ရက် မနက်မှာတော့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှာ သွားရောက်ကျင်းပဖို့ရှိပြီး မန္တလေးမြို့မှာလည်း စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပဖို့ စီစဉ်ထားသလို စက်တင်ဘာ ၁၄ ရက် ညမှာ မန္တလေးမြို့ရှိ အမျိုးသားဇာတ်ရုံမှာ ဖျော်ဖြေတာတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ စီစဉ်ထားကြတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ စက်တင်ဘာ - ၁၁

( Zawgyi )

၂၀၁၉ ခုႏွစ္ “A Moment We Share” အဆိုအက ေဖ်ာ္ေျဖပြဲ၊ ျဒပ္မဲ့ယဥ္ေက်းမႈနဲ႔ ႐ိုးရာအစားအစာျပပြဲကို ရန္ကုန္ၿမိဳ႕က တ႐ုတ္ယဥ္ေက်းမႈစင္တာမွာ ယေန႔ (စက္တင္ဘာ ၁၁ ရက္) မနက္က က်င္းပခဲ့ပါတယ္။

တ႐ုတ္႐ိုးရာ လမုန႔္ပြဲေတာ္ကို ႀကိဳဆိုရန္၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ တည္ေထာင္ျခင္း ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္ကို ဂုဏ္ျပဳႀကိဳဆိုရန္နဲ႔ တ႐ုတ္-ျမန္မာ ေဆြးမ်ိဳးေပါက္ေဖာ္ ခ်စ္ၾကည္ေရးကို တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ရန္ ရည္႐ြယ္ကာ ယင္းပြဲေတာ္ကို ရန္ကုန္ၿမိဳ႕နဲ႔ မႏၲေလးၿမိဳ႕တို႔မွာ စက္တင္ဘာ ၁၁ ရက္ကေန ၁၅ ရက္အထိ က်င္းပတာျဖစ္ၿပီး ဖြင့္ပြဲအခမ္းအနားကိုေတာ့ ယေန႔က်င္းပခဲ့တာ ျဖစ္ပါတယ္။

ထိုအခမ္းအနားမွာ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံ႐ုံးမွ ယဥ္ေက်းမႈသံမႉးျဖစ္သူ Mr Pan Feng က အခမ္းအနားျပဳလုပ္ရတဲ့ အေၾကာင္းအရင္းနဲ႔ ပတ္သက္ၿပီး အဖြင့္အမွာစကား ေျပာၾကားခဲ့သလို ျမန္မာႏိုင္ငံက သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနရဲ႕ ကိုယ္စားလွယ္ျဖစ္တဲ့ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (ရန္ကုန္) မွ ပါေမာကၡခ်ဳပ္ ဦးေအာင္ႏိုင္ျမင့္ က ႏွစ္ႏိုင္ငံ ယဥ္ေက်းမႈအရ နီးစပ္တဲ့အေၾကာင္း၊ ယခုပြဲေတာ္ေတြကေန အစျပဳလို႔ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈေတြကို ယခုထက္ပိုမိုတိုးတက္လာေစမယ္လို႔ ေမွ်ာ္မွန္းေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

ထို႔ေနာက္မွာ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း၊ ဒုတိယဥကၠ႒၊ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံ႐ုံး ယဥ္ေက်းမႈသံမႉးတို႔ အပါအဝင္ ႏွစ္ႏိုင္ငံ တာဝန္ရွိသူေတြက ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီးေနာက္ အမွတ္တရဓာတ္ပုံ ႐ိုက္ကူးခဲ့ၾကကာ ယူနန္ျပည္နယ္၊ လင္းခ်န္းၿမိဳ႕ရွိ တိုင္းရင္းသား႐ိုးရာ ယဥ္ေက်းမႈအဖြဲ႕က “ဝ” တိုင္းရင္းသား ႐ိုးရာအကျဖင့္ ေဖ်ာ္ေျဖခဲ့ၾကေၾကာင္း၊ အသံဖမ္းစတူဒီယိုလုပ္ငန္း လုပ္ကိုင္ကာ ကိုယ္တိုင္ေတးသီခ်င္းမ်ား ေရးစပ္ေနတဲ့ ကိုစိုး နဲ႔ တတိယတန္းအ႐ြယ္မွ စတင္ကာ အကပညာကို သင္ယူခဲ့ကာ လက္ရွိတြင္ သီရိရာမအဖြဲ႕မွာ ေဖ်ာ္ေျဖေနတဲ့ မင္းသမီး ဟန္ဝင့္ဝါ တို႔က ရာမာယဏဇာတ္ေတာ္မွ ဒႆဂီရိပန္းစိုက္အကျဖင့္ လည္းေကာင္း၊ လူငယ္တေယာပညာရွင္ Ms Cai Honghua ရဲ႕ တီးခတ္ေဖ်ာ္ေျဖမႈေတြ၊ တ႐ုတ္မြန္ဂိုတိုင္းရင္းသူ အမ်ိဳးသမီးေတးသံရွင္ Ms Bai Siqingaowa ရဲ႕ ေဖ်ာ္ေျဖမႈ၊ ႐ုပ္ေသးပညာရွင္ ဦးစိန္ေအးျမင့္ ရဲ႕ ျမန္မာ့႐ုပ္ေသးအက၊ ရွမ္းတို႔ရဲ႕ကာရန္ အကတင္ဆက္မႈ၊ ရွမ္းတိုင္းရင္းသားအဖြဲ႕ တင္ဆက္မႈ၊ ေ႐ႊလသာေသာအခါ ေတးသီခ်င္းျဖင့္ “ဝ” တိုင္းရင္းသား စုံတြဲအက၊ ျပာလဲ့ေသာမိုးေကာင္းကင္ အဆိုအကေဖ်ာ္ေျဖမႈေတြ အပါအဝင္ ေတးသီခ်င္းေတြ၊ အကေတြနဲ႔ ေဖ်ာ္ေျဖတင္ဆက္ခဲ့ၾကပါတယ္။

ထို႔အျပင္ ရွမ္းတိုင္းရင္းသားေတြရဲ႕ ပန္းထိုးလက္ရာေတြ၊ စကၠဴလုပ္တဲ့အတတ္ပညာ၊ အိုးထည္ျပဳလုပ္တာေတြ ပါဝင္တဲ့ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ လက္ရာေတြလည္း ျပသထားၿပီး ယူနန္စတိုင္ ဝက္ေပါင္ေျခာက္လမုန႔္မ်ား၊ ပန္းမုန႔္မ်ား၊ ဝက္ေပါင္ေျခာက္ ၾကက္ခ်ဥ္ေစာ္ခါးသီးနဲ႔ Chai မ်ိဳးႏြယ္ဓေလ့ လက္ႏႊင္ၾကက္သားဟင္းေတြကိုလည္း ျပသခဲ့ကာ တ႐ုတ္စာ မင္စုတ္ခ်က္ လက္ေရးလွပညာရွင္မ်ားအသင္းက Mr Li Defu နဲ႔ ရန္ကုန္ၿမိဳ႕က Confucianism Chinese Language Center (CCLC) မွ ေက်ာင္းအုပ္ႀကီး Mr Wang Chongxi တို႔က ဧည့္ပရိသတ္ေတြေရွ႕မွာ တ႐ုတ္စာ မင္စုတ္ခ်က္ေတြကို ေရးဆြဲျပသတာေတြ၊ တ႐ုတ္ပညာေတာ္သင္ ေက်ာင္းသူေတြရဲ႕ လက္ဖက္ရည္ၾကမ္း အႏုပညာတင္ဆက္မႈေတြ၊ ဘူးသီးပေလြမႈတ္ကာ ေဖ်ာ္ေျဖတာေတြနဲ႔လည္း တင္ဆက္ျပသခဲ့ၾကပါတယ္။

လာမယ့္ စက္တင္ဘာ ၁၂ ရက္ မနက္မွာေတာ့ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (ရန္ကုန္) မွာ သြားေရာက္က်င္းပဖို႔ရွိၿပီး မႏၲေလးၿမိဳ႕မွာလည္း စက္တင္ဘာ ၁၃ ရက္မွ ၁၅ ရက္အထိ က်င္းပဖို႔ စီစဥ္ထားသလို စက္တင္ဘာ ၁၄ ရက္ ညမွာ မႏၲေလးၿမိဳ႕ရွိ အမ်ိဳးသားဇာတ္႐ုံမွာ ေဖ်ာ္ေျဖတာေတြကို ဆက္လက္လုပ္ေဆာင္သြားဖို႔ စီစဥ္ထားၾကတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ စက္တင္ဘာ - ၁၁