NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ စတုတ္ထအကြိမ်မြောက်အစည်းအဝေး ချင်းမိုင်မှာပြုလုပ်

NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေး ချင်းမိုင်မှာပြုလုပ်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စတုထ္ထကြိမ်မြောက်၊ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ဒီကနေ့ မေ ၁၄ ရက်၊နံနက်ပိုင်းမှစတင်ကာ ထိုင်းနိုင်ငံရှိ ချင်းမိုင်မြို့ မှာပြုလုပ် လျက်ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ကျင်းပသည့် အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း(၈)ဖွဲ့နှင့် NCA အကောင်အထည်ဖော်ဖက်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ(NMSP)နှင့်လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ တက်ရောက်ဆွေးနွေးခဲ့ကြသလို ညီနောင်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်ကြသည့် ကချင်လွတ်မြောက်ရေး အဖွဲ့အစည်း(KIO)နှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့မှလည်းလေ့လာသူများအဖြစ်တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါအစည်းအဝေးကို ဒီကနေ့ မေ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ (၆)ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုဆိုင်ရာ သက်ဆိုင်ရာကဏ္ဍအလိုက် အစီရင်ခံစာများတင်သွင်းဆွေးနွေးခြင်းနှင့် NCA-S EAO အတွင်းစုဖွဲ့မှုများအပေါ်ပြန်လည်သုံးသပ် ဆွေးနွေးခြင်းတွေကိုပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ချင်းမိုင်၊မေ ၁၄
ဓါတ်ပုံ - NCA-S EAO

(  Zawgyi  )

 တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ စတုထၳႀကိမ္ေျမာက္၊ထိပ္သီးေခါင္းေဆာင္မ်ားအစည္းအေဝးကို ဒီကေန႔ ေမ ၁၄ ရက္၊နံနက္ပိုင္းမွစတင္ကာ ထိုင္းႏိုင္ငံရွိ ခ်င္းမိုင္ၿမိဳ႕ မွာျပဳလုပ္ လ်က္ရွိတယ္လို႔ သိရပါတယ္။

ဒီကေန႔က်င္းပသည့္ အစည္းအေဝးတြင္ NCA လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္း(၈)ဖြဲ႕ႏွင့္ NCA အေကာင္အထည္ေဖာ္ဖက္မ်ားျဖစ္ၾကသည့္ မြန္ျပည္သစ္ပါတီ(NMSP)ႏွင့္လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး (LDU)တို႔ တက္ေရာက္ေဆြးေႏြးခဲ့ၾကသလို ညီေနာင္တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား ျဖစ္ၾကသည့္ ကခ်င္လြတ္ေျမာက္ေရး အဖြဲ႕အစည္း(KIO)ႏွင့္ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ(KNPP) တို႔မွလည္းေလ့လာသူမ်ားအျဖစ္တက္ေရာက္ခဲ့ၾကပါတယ္။

အဆိုပါအစည္းအေဝးကို ဒီကေန႔ ေမ ၁၄ ရက္မွ ၁၉ ရက္ေန႔အထိ (၆)ရက္ၾကာက်င္းပသြားမည္ျဖစ္ၿပီး အစည္းအေဝးတြင္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အေကာင္အထည္ေဖာ္မႈဆိုင္ရာ သက္ဆိုင္ရာက႑အလိုက္ အစီရင္ခံစာမ်ားတင္သြင္းေဆြးေႏြးျခင္းႏွင့္ NCA-S EAO အတြင္းစုဖြဲ႕မႈမ်ားအေပၚျပန္လည္သုံးသပ္ ေဆြးေႏြးျခင္းေတြကိုျပဳလုပ္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ခ်င္းမိုင္၊ေမ ၁၄
ဓါတ္ပုံ - NCA-S EAO