NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့်မြန်မာဆိုင်ရာအမေရိကန်သံ အမတ်ကြီး တွေ့ဆုံ

 
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့်မြန်မာဆိုင်ရာအမေရိကန်သံ အမတ်ကြီး တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့်မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာစကော့မာစီရယ်သည် ဒီကနေ့ ဧပြီ ၉ ရက်၊မွန်းလွဲ ၂ နာရီအချိန်က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးမှာတွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းတွေ့ဆုံမှုတွင် မြန်မာဆိုင်ရာအမေရိကန်သံအမတ်ကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရန်ကုန်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲတွင် အများစုအနိုင်ရရှိသည့် အတွက် ဝမ်းသာပါကြောင်းဦးစွာပြောကြားခဲ့ပြီးနောက် လက်ရှိမြန်မာနိုင်ငံ အတွင်းစီးပွားရေး၊နိုင်ငံရေးနှင့် ပညာရေးအခြေအနေများကို နှစ်ဦးနှစ်ဘက်အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ NLD အဖွဲ့ချုပ်၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဉာဏ်ဝင်း၊ဦးသိန်းဦးနှင့် ဒေါက်တာမျိုးညွန့်တို့ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း  
ဓါတ်ပုံ - NLD(Page)
ရန်ကုန်၊ဧပြီ ၉ 

(   Zawgyi  )

 အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ႏွင့္ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး မစၥတာစေကာ့မာစီရယ္သည္ ဒီကေန႔ ဧၿပီ ၉ ရက္၊မြန္းလြဲ ၂ နာရီအခ်ိန္က ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဌာနခ်ဳပ္႐ုံးမွာေတြ႕ဆုံခဲ့ၾကတယ္လို႔ သိရပါတယ္။

ယင္းေတြ႕ဆုံမႈတြင္ ျမန္မာဆိုင္ရာအေမရိကန္သံအမတ္ႀကီးက အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနျဖင့္ ရန္ကုန္စည္ပင္သာယာေရးေကာ္မတီအဆင့္ဆင့္ေ႐ြးေကာက္ပြဲတြင္ အမ်ားစုအႏိုင္ရရွိသည့္ အတြက္ ဝမ္းသာပါေၾကာင္းဦးစြာေျပာၾကားခဲ့ၿပီးေနာက္ လက္ရွိျမန္မာႏိုင္ငံ အတြင္းစီးပြားေရး၊ႏိုင္ငံေရးႏွင့္ ပညာေရးအေျခအေနမ်ားကို ႏွစ္ဦးႏွစ္ဘက္အျပန္အလွန္ေဆြးေႏြးခဲ့ၾကတယ္လို႔ ဆိုပါတယ္။

အဆိုပါေတြ႕ဆုံပြဲသို႔ NLD အဖြဲ႕ခ်ဳပ္၊ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္မ်ားျဖစ္ၾကေသာ ဦးဉာဏ္ဝင္း၊ဦးသိန္းဦးႏွင့္ ေဒါက္တာမ်ိဳးၫြန႔္တို႔ တက္ေရာက္ခဲ့တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း  
ဓါတ္ပုံ - NLD(Page)
ရန္ကုန္၊ဧၿပီ ၉