NLD လက်ထက် တရုတ်ကြောက်မဟုတ်တော့ဘဲ နိုင်ငံရေးအရတန်းတူဆက်ဆံရေးနှင့် စီးပွားရေးအရ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိုပဲ ဦးတည်ဟု မုံရွာဦးအောင်ရှင် ပြောကြား

  NLD လက်ထက် တရုတ်ကြောက် မဟုတ်တော့ဘဲ နိုင်ငံရေးအရတန်းတူဆက်ဆံရေးနှင့် စီးပွားရေးအရ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိုပဲ ဦးတည်ဟု မုံရွာဦးအောင်ရှင် ပြောကြား

တရုတ် - မြန်မာနှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံရေးအရတန်းတူ ဆက်ဆံရေးနှင့် စီးပွားရေးအရ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိုပဲ ဦးတည်ပြီး ယခု NLD အစိုးရလက်ထက်တွင် တရုတ်နိုင်ငံကို ကြောက်ရတဲ့ပုံစံမျိုးတွေမရှိတော့ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုပြန်ကြားရေး ကော်မတီ၊အတွင်းရေးမှူး မုံရွာဦးအောင်ရှင် ကပြောကြားလိုက်ပါတယ်။

ယင်းကဲ့သို့ ပြောကြားမှုကို Opinion Leaders Media မှ(NLD)ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ၊အတွင်းရေးမှူး မုံရွာဦးအောင်ရှင်နှင့် ယခု ဇူလိုင်လ ၆ ရက်နေ့က သီးသန့်တွေ့ဆုံခဲ့တဲ့ အင်တာဗျုးတွင် တရုတ် - မြန်မာနှစ်နိုင်ငံဆက်ဆံရေး အပါအဝင် စီးပွားရေးအရနှစ်နိုင်ငံ အကျိုး တူပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများအပေါ် ၎င်း၏သဘောထားအမြင်ကိုမေးမြန်းခဲ့ရာမှာ မုံရွာဦးအောင်ရှင် ကအထက်ပါအတိုင်း ထည့်သွင်းဖြေကြားပေးခဲ့တာဖြစ်ပါတယ်။

“တရုတ် - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာချုံပြောရရင်တော့နိုင်ငံရေးအရတန်းတူဆက်ဆံရေးပါပဲ။ ဟိုတုန်းကလို တရုတ်ကိုကြောက်တာတို့ ဘာဖြစ်တယ်၊ညာဖြစ်တယ်လို့ဒီလိုအဆင့်မဟုတ်တော့ဘူး။ ကျနော်တို့ NLD အစိုးရလက်ထက်မှာ တန်းတူဆက်ဆံရေးပဲ။ တန်းတူ ဆက်ဆံရေး ဆိုတာ အတူယှဉ်တွဲနေထိုင်ရေးမူ (၅) ချက်အပေါ်မှာ အခြေခံ ပြီးတော့တန်း တူ ဆက်ဆံရေးနဲ့လုပ်သွားကြတယ်။ဒါကနိုင်ငံရေးအရပါ နောက် စီးပွားရေးအရဆိုရင်အကျိုးတူပူးပေါင်းဆောင်ရွက်ရေးပဲ၊အခုနောက်ပိုင်းမှာအဲ့ဒီဟာကိုလုပ်လာတယ်။အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးဆိုတာ အကျိုးတူဆိုတာကပါလာတဲ့အတွက် သူလည်းမနာ၊ကိုယ်လည်းမနာအကုန်လုံးက အဲ့ဒီလိုပုံစံနဲ့သွားကြမှာပါ။အဲ့ဒီလမ်းကြောင်းကိုချနိုင်ခဲ့သလို အဲ့လမ်း ကြောင်း အတိုင်းပဲသွားပါတယ်။”လို့ မုံရွာဦးအောင်ရှင် ကပြောကြားခဲ့တာပါ။

ဒါ့အပြင် တရုတ် - မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေသည့် စီးပွားရေးစီမံကိန်းများအပေါ် ၎င်း၏သဘောထားအမြင်ကို ပြောကြားခဲ့ရာမှာ လည်း “ဒီနေရာမှာလည်းပြောစရာတွေအများကြီးရှိပါတယ်။ ဥပမာ - စီမံကိန်းနဲ့ပတ်သက်လို့ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ဟာကအချက်(၃) ချက်ရှိပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကပြီးခဲ့တဲ့ ကချင်ပြည်နယ်၊မြစ်ကြီးနားခရီးစဉ်မှာထင်တယ် ပြောခဲ့တာ စီမံကိန်းတွေ လုပ်မယ် ဆိုရင် အချက်(၃)ချက်ကိုအတည်ပြုရမယ်။ နံပါတ်တစ်အချက်ကနိုင်ငံရေးအရစဉ်းစားတာ နံပါတ်နှစ်ကစီးပွားရေးအရစဉ်းစားတာ နံပါတ်သုံးကတော့ သဘာဝပတ်ဝန်းကျင်အရဆိုင်တဲ့စဉ်းစားနည်းဒီသုံးမျိုးကိုစဉ်းစားရမယ်လို့ပြောတယ်။

အဲ့ဒီဟာအပြင်ဘာထပ်ပြောလဲဆိုတော့ဒေါ်စုကပြောတာကဒေသတစ်ခုရဲ့အကျိုးစီးပွားထက်တစ်နိုင်ငံလုံးကအကျိုးစီးပွားကိုကျမတို့ကြည့်ရမယ်ဆိုပြီးပြောထားတာရှိပါတယ်။ဒါကတစ်ချက်ပေါ့လေ နောက်တစ်ချက်က ရင်းနှီးမြှပ်နှံမှုနဲ့ပတ်သက်ပြီးတော့စဉ်းစားရတာပေါ့။ ရင်းနှီးမြှပ်နှံတဲ့နိုင်ငံ အတွက်လည်း အကျိုးရှိရမယ်။ ရင်းနှီးမြှပ်နှံရမယ့် နိုင်ငံအတွက်လည်း အကျိုးရှိရမယ်။နောက်နံပါတ်သုံးကတော့ဒေသအတွက်လည်း အကျိုး ရှိမယ်။ အချက်သုံးချက်ပေါ့လေတစ်အချက်ကရင်းနှီးမြှပ်နှံတဲ့သူနံပါတ်နှစ်ကရင်းနှီးမြှပ်နှံခံရတဲ့နိုင်ငံနံပါတ်သုံးကတော့ရင်းနှီးမြှပ်နှံရာဒေသနဲ့ပြည်သူလူထုအကျိုးရှိရမယ်။အဲ့ဟာပေါ်မှာပဲအခြေခံရမယ်လို့ ပြောခဲ့တာရှိပါတယ်။” လို့ မုံရွာဦးအောင်ရှင် ကထပ်လောင်းပြောပြခဲ့ပါတယ်။ ဆက်လက်၍ မုံရွာဦးအောင်ရှင် က “အိမ်နီးနားချင်းနိုင်ငံတွေနဲ့ သင့်တင့်လျောက်ပတ်အောင်တော့နေတတ်ရပါမယ်။ဒါကိုလည်းဒေါ်အောင်ဆန်းစုကြည် ပြောဘူးပါတယ်။

အိမ်နီးချင်းနိုင်ငံဆိုတာနှစ်ဖက်အိမ်နေရသလိုမဟုတ်ဘူး၊အိမ်ဌားနေရသလိုမဟုတ်ဘူး၊မကြိုက်လို့ရှိရင်ရောင်းပြီးတော့တစ်နေရာပြောင်းလို့ရပေမယ့်နှစ်နိုင်ငံဆိုတာကတော့ပြောင်းလို့မရဘူး၊ဖြစ်အောင်နေရတာပဲလို့ပြောခဲ့တာရှိပါတယ်။အဲ့ဒီစကားလေးကိုသိပ်သဘောကျပါတယ်။ဒီလိုပဲပေါ့ကျနော်တို့အခုပထဝီနိုင်ငံရေး အရပဲဖြစ်ဖြစ်စဉ်းစား စဉ်းစား စီးပွားရေး နိုင်ငံရေး အရပဲဖြစ်ဖြစ်စဉ်းစား စဉ်းစားတကယ်တမ်း လက်တွေ့ ပူးပေါင်း လုပ်ဆောင်နေရတာ တရုတ်နဲ့ထိစပ်နေရတာလေ။အိန္ဒိယဆိုတာက ဒီလောက်ကြီးမရှိဘူဗျာ့။အခုမှပဲ အိန္ဒိယကနည်းနည်းပါးပါး လာချင်ပြု ချင် လုပ်ချင်ကြတာနော်။အဲ့တော့တရုတ်နဲ့ အဓိကထားပြီး ဆက်ဆံရတဲ့အခါမှာ တရုတ်ကိုကြောက်ရွံ့မှုဆိုတာထက်ပေါ့လေ။ကျနော်တို့နိုင်ငံရဲ့ ပထဝီနိုင်ငံရေးကို အဓိကထားပြီးစဉ်းစားရမယ်။စောနကကျနော်ပြောပြီးပြီ တရုတ်နဲ့စီးပွားရေးအရဘယ်လိုမှမဆက်စပ်လို့မရဘူး၊ ကင်းလို့မရ ဘူးလေ။”လို့ Opinion Leaders Media ရဲ့ မေးမြန်းမှုတွေအပေါ် ပြန်လည်ဖြေကြားပေးခဲ့တာပါ။

ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၁၇

(  Zawgyi  )

 တ႐ုတ္ - ျမန္မာႏွစ္ႏိုင္ငံဆက္ဆံေရးသည္ ႏိုင္ငံေရးအရတန္းတူ ဆက္ဆံေရးႏွင့္ စီးပြားေရးအရ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ေရးကိုပဲ ဦးတည္ၿပီး ယခု NLD အစိုးရလက္ထက္တြင္ တ႐ုတ္ႏိုင္ငံကို ေၾကာက္ရတဲ့ပုံစံမ်ိဳးေတြမရွိေတာ့ဘူးလို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)၏ ဗဟိုျပန္ၾကားေရး ေကာ္မတီ၊အတြင္းေရးမႉး မုံ႐ြာဦးေအာင္ရွင္ ကေျပာၾကားလိုက္ပါတယ္။

ယင္းကဲ့သို႔ ေျပာၾကားမႈကို Opinion Leaders Media မွ(NLD)ပါတီရဲ႕ ဗဟိုျပန္ၾကားေရးေကာ္မတီ၊အတြင္းေရးမႉး မုံ႐ြာဦးေအာင္ရွင္ႏွင့္ ယခု ဇူလိုင္လ ၆ ရက္ေန႔က သီးသန႔္ေတြ႕ဆုံခဲ့တဲ့ အင္တာဗ်ဳးတြင္ တ႐ုတ္ - ျမန္မာႏွစ္ႏိုင္ငံဆက္ဆံေရး အပါအဝင္ စီးပြားေရးအရႏွစ္ႏိုင္ငံ အက်ိဳး တူပူးေပါင္းေဆာင္႐ြက္ေနသည့္ စီမံကိန္းမ်ားအေပၚ ၎၏သေဘာထားအျမင္ကိုေမးျမန္းခဲ့ရာမွာ မုံ႐ြာဦးေအာင္ရွင္ ကအထက္ပါအတိုင္း ထည့္သြင္းေျဖၾကားေပးခဲ့တာျဖစ္ပါတယ္။

“တ႐ုတ္ - ျမန္မာ ႏွစ္ႏိုင္ငံ ဆက္ဆံေရးဟာခ်ဳံေျပာရရင္ေတာ့ႏိုင္ငံေရးအရတန္းတူဆက္ဆံေရးပါပဲ။ ဟိုတုန္းကလို တ႐ုတ္ကိုေၾကာက္တာတို႔ ဘာျဖစ္တယ္၊ညာျဖစ္တယ္လို႔ဒီလိုအဆင့္မဟုတ္ေတာ့ဘူး။ က်ေနာ္တို႔ NLD အစိုးရလက္ထက္မွာ တန္းတူဆက္ဆံေရးပဲ။ တန္းတူ ဆက္ဆံေရး ဆိုတာ အတူယွဥ္တြဲေနထိုင္ေရးမူ (၅) ခ်က္အေပၚမွာ အေျခခံ ၿပီးေတာ့တန္း တူ ဆက္ဆံေရးနဲ႔လုပ္သြားၾကတယ္။ဒါကႏိုင္ငံေရးအရပါ ေနာက္ စီးပြားေရးအရဆိုရင္အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ေရးပဲ၊အခုေနာက္ပိုင္းမွာအဲ့ဒီဟာကိုလုပ္လာတယ္။အက်ိဳးတူပူးေပါင္း ေဆာင္႐ြက္ေရးဆိုတာ အက်ိဳးတူဆိုတာကပါလာတဲ့အတြက္ သူလည္းမနာ၊ကိုယ္လည္းမနာအကုန္လုံးက အဲ့ဒီလိုပုံစံနဲ႔သြားၾကမွာပါ။အဲ့ဒီလမ္းေၾကာင္းကိုခ်ႏိုင္ခဲ့သလို အဲ့လမ္း ေၾကာင္း အတိုင္းပဲသြားပါတယ္။”လို႔ မုံ႐ြာဦးေအာင္ရွင္ ကေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ တ႐ုတ္ - ျမန္မာ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေနသည့္ စီးပြားေရးစီမံကိန္းမ်ားအေပၚ ၎၏သေဘာထားအျမင္ကို ေျပာၾကားခဲ့ရာမွာ လည္း “ဒီေနရာမွာလည္းေျပာစရာေတြအမ်ားႀကီးရွိပါတယ္။ ဥပမာ - စီမံကိန္းနဲ႔ပတ္သက္လို႔ေဒၚေအာင္ဆန္းစုၾကည္ေျပာတဲ့ဟာကအခ်က္(၃) ခ်က္ရွိပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ကၿပီးခဲ့တဲ့ ကခ်င္ျပည္နယ္၊ျမစ္ႀကီးနားခရီးစဥ္မွာထင္တယ္ ေျပာခဲ့တာ စီမံကိန္းေတြ လုပ္မယ္ ဆိုရင္ အခ်က္(၃)ခ်က္ကိုအတည္ျပဳရမယ္။ နံပါတ္တစ္အခ်က္ကႏိုင္ငံေရးအရစဥ္းစားတာ နံပါတ္ႏွစ္ကစီးပြားေရးအရစဥ္းစားတာ နံပါတ္သုံးကေတာ့ သဘာဝပတ္ဝန္းက်င္အရဆိုင္တဲ့စဥ္းစားနည္းဒီသုံးမ်ိဳးကိုစဥ္းစားရမယ္လို႔ေျပာတယ္။

အဲ့ဒီဟာအျပင္ဘာထပ္ေျပာလဲဆိုေတာ့ေဒၚစုကေျပာတာကေဒသတစ္ခုရဲ႕အက်ိဳးစီးပြားထက္တစ္ႏိုင္ငံလုံးကအက်ိဳးစီးပြားကိုက်မတို႔ၾကည့္ရမယ္ဆိုၿပီးေျပာထားတာရွိပါတယ္။ဒါကတစ္ခ်က္ေပါ့ေလ ေနာက္တစ္ခ်က္က ရင္းႏွီးျမႇပ္ႏွံမႈနဲ႔ပတ္သက္ၿပီးေတာ့စဥ္းစားရတာေပါ့။ ရင္းႏွီးျမႇပ္ႏွံတဲ့ႏိုင္ငံ အတြက္လည္း အက်ိဳးရွိရမယ္။ ရင္းႏွီးျမႇပ္ႏွံရမယ့္ ႏိုင္ငံအတြက္လည္း အက်ိဳးရွိရမယ္။ေနာက္နံပါတ္သုံးကေတာ့ေဒသအတြက္လည္း အက်ိဳး ရွိမယ္။ အခ်က္သုံးခ်က္ေပါ့ေလတစ္အခ်က္ကရင္းႏွီးျမႇပ္ႏွံတဲ့သူနံပါတ္ႏွစ္ကရင္းႏွီးျမႇပ္ႏွံခံရတဲ့ႏိုင္ငံနံပါတ္သုံးကေတာ့ရင္းႏွီးျမႇပ္ႏွံရာေဒသနဲ႔ျပည္သူလူထုအက်ိဳးရွိရမယ္။အဲ့ဟာေပၚမွာပဲအေျခခံရမယ္လို႔ ေျပာခဲ့တာရွိပါတယ္။” လို႔ မုံ႐ြာဦးေအာင္ရွင္ ကထပ္ေလာင္းေျပာျပခဲ့ပါတယ္။ ဆက္လက္၍ မုံ႐ြာဦးေအာင္ရွင္ က “အိမ္နီးနားခ်င္းႏိုင္ငံေတြနဲ႔ သင့္တင့္ေလ်ာက္ပတ္ေအာင္ေတာ့ေနတတ္ရပါမယ္။ဒါကိုလည္းေဒၚေအာင္ဆန္းစုၾကည္ ေျပာဘူးပါတယ္။

အိမ္နီးခ်င္းႏိုင္ငံဆိုတာႏွစ္ဖက္အိမ္ေနရသလိုမဟုတ္ဘူး၊အိမ္ဌားေနရသလိုမဟုတ္ဘူး၊မႀကိဳက္လို႔ရွိရင္ေရာင္းၿပီးေတာ့တစ္ေနရာေျပာင္းလို႔ရေပမယ့္ႏွစ္ႏိုင္ငံဆိုတာကေတာ့ေျပာင္းလို႔မရဘူး၊ျဖစ္ေအာင္ေနရတာပဲလို႔ေျပာခဲ့တာရွိပါတယ္။အဲ့ဒီစကားေလးကိုသိပ္သေဘာက်ပါတယ္။ဒီလိုပဲေပါ့က်ေနာ္တို႔အခုပထဝီႏိုင္ငံေရး အရပဲျဖစ္ျဖစ္စဥ္းစား စဥ္းစား စီးပြားေရး ႏိုင္ငံေရး အရပဲျဖစ္ျဖစ္စဥ္းစား စဥ္းစားတကယ္တမ္း လက္ေတြ႕ ပူးေပါင္း လုပ္ေဆာင္ေနရတာ တ႐ုတ္နဲ႔ထိစပ္ေနရတာေလ။အိႏၵိယဆိုတာက ဒီေလာက္ႀကီးမရွိဘူဗ်ာ့။အခုမွပဲ အိႏၵိယကနည္းနည္းပါးပါး လာခ်င္ျပဳ ခ်င္ လုပ္ခ်င္ၾကတာေနာ္။အဲ့ေတာ့တ႐ုတ္နဲ႔ အဓိကထားၿပီး ဆက္ဆံရတဲ့အခါမွာ တ႐ုတ္ကိုေၾကာက္႐ြံ႕မႈဆိုတာထက္ေပါ့ေလ။က်ေနာ္တို႔ႏိုင္ငံရဲ႕ ပထဝီႏိုင္ငံေရးကို အဓိကထားၿပီးစဥ္းစားရမယ္။ေစာနကက်ေနာ္ေျပာၿပီးၿပီ တ႐ုတ္နဲ႔စီးပြားေရးအရဘယ္လိုမွမဆက္စပ္လို႔မရဘူး၊ ကင္းလို႔မရ ဘူးေလ။”လို႔ Opinion Leaders Media ရဲ႕ ေမးျမန္းမႈေတြအေပၚ ျပန္လည္ေျဖၾကားေပးခဲ့တာပါ။

ေျပသိမ္း
ရန္ကုန္၊ဇူလိုင္ ၁၇