SEAOP/SEAGP ကုမ္ပဏီ ထူးချွန်မြန်မာဝန်ထမ်းများ ဂုဏ်ပြုပွဲအခမ်းအနားနှင့် ထူးချွန်ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံ ဆွေးနွေးပွဲ

SEAOP/SEAGP ကုမ္ပဏီ ထူးချွန်မြန်မာဝန်ထမ်းများ ဂုဏ်ပြုပွဲအခမ်းအနားနှင့် ထူးချွန်ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံ ဆွေးနွေးပွဲ

အရှေ့တောင်အာရှရေနံစိမ်း/သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီရဲ့ ထူးချွန်မြန်မာဝန်ထမ်းများဂုဏ်ပြုပွဲအခမ်းအနားနဲ့ ၎င်းတို့ရဲ့ လုပ်ငန်း အတွေ့အကြုံများ ဆွေးနွေးတင်ပြခြင်းအစီအစဉ်ကို မန္တလေး တံတားဦးမြို့နယ် သရက်တန်းကျေးရွာက SEAOP/SEAGPမန္တလေး ရုံးချုပ် မှာ ယမန်နေ့မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ကကျင်းပခဲ့ပါတယ်။

ကုမ္ပဏီဖွံဖြိုးတိုးတက်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့ မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း အရှေ့တောင်အာရှ ရေနံစိမ်း/သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ သက်ဆိုင်ရာဌာနတွေက ဝန်ထမ်းတွကို မှတ်တမ်းတင်ဂုဏ်ပြုခဲ့တာပဲဖြစ်ပြီး ထူးချွန်မြန်မာ ဝန်ထမ်းတွေကို ရွေးထုတ်ရတဲ့အဓိကရည်မှန်းချက်ကတော့  ၎င်းတို့တွေဟာ ဦးဆောင်လမ်းပြသူတွေနဲ့ စည်းလုံးညီညွတ်မှု ရှိသူတွေဖြစ်ကြ တာရယ်  မြန်မာနိုင်ငံအတွက်  လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးနဲ့ လူမှုယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး အတွက်လည်း အရေးပါသူတွေဖြစ်ကြတာရယ် နောက်တစ်ခုက ပိုက်လိုင်းကုမ္ပဏီအားလည်း ကမ္ဘာ့အဆင့်မီ ပိုက်လိုင်း ကုမ္ပဏီ တစ်ခုဖြစ်မြောက်လာစေဖို့ပတွက် ကြိုးပမ်းအားထုတ်ကြမယ့်သူတွေဖြစ်ကြတာရယ်ကြောင့်ဖြစ်တယ်လို့သိရပါတယ်။

အခမ်းအနားကို ကုမ္ပဏီရဲ့သက်ဆိုင်ရာဌာနအလိုက်အကြီးအကဲတွေ၊ သက်ဆိုင်ရာ မြန်မာနိုင်ငံသားဝန်ထမ်းတွေနဲ့ တရုတ်နိုင်ငံသား ဝန်ထမ်းတွေ၊ အစုရှယ်ယာရှင်ကိုယ်စားလှယ်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။"ကုမ္ပဏီဝန်ထမ်းများအားလုံးဟာ ထူးချွန် ဝန်ထမ်းတွေကို အတုယူပြီး ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံစွာ လည်ပတ်နိုင်ရေး၊ မြန်မာနိုင်ငံလူမှုစီးပွားဖွံဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး တိုးမြှင့်ရေးတို့အတွက် စည်းစည်းလုံးလုံးနဲ့ လုပ်ကိုင်ဆောင်ရွက်ကြပါ” လို့ SEAOP ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာကျန်းချန်ကပြောပါတယ်။အဲဒီနောက်မှာတော့ ကုမ္ပဏီရဲ့ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် ထူးချွန်မြန်မာဝန်ထမ်း ၉ ယောက်က ၎င်းတို့ရဲ့ လုပ်ငန်းအတွေ့အကြုံတွေကို မျှဝေပြောပြခဲ့ပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့တာပါ။

မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းက မြန်မာနဲ့တရုတ် နှစ်နိုင်ငံတို့ရဲ့ စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပြီး မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ၂၀၁၀ ခုနှစ်ကစတင် လည်ပတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာ-တရုတ်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ စွမ်းအင်ကဏ္ဍ အခြေခံအဆောက်အအုံတစ်ခုလည်း ဖြစ်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေပြောပြချက်အရသိရပါတယ်။

လက်ရှိအချိန်အထိ မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ၆ နှစ်တိုင်အောင်လည်ပတ်ခဲ့ပြီးဖြစ်ကာ တရုတ်နိုင်ငံဆီ သဘာဝဓာတ်ငွေ့  ၂၂၁ ဘီလျံကုဗမီတာ ပို့လွှတ်ထားပြီး မြန်မာနိုင်ငံအတွက် ၃၅ ဘီလျံကုဗမီတာ ပို့လွှတ်ခဲ့ပြီးဖြစ်တယ်လ်ု့လည်းသိရပါတယ်။SEAOP/ SEAGP ကုမ္ပဏီဟာ မြန်မာနိုင်ငံသားဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည် တိုးမြှင့်စေရေးအတွက် လေ့ကျင့်ရေးသင့်တန်းများကိုလည်း ပို့ချပေးခဲ့ပြီး ဝန်ထမ်းတွေ ဖွံဖြိုးတိုးတက်ဖို့အတွက် အခွင့်အရေးတွေကိုလည်း ဖန်တီးပေးထားကြောင်း၊ ထူးချွန်တတ်ကျွမ်းပြီး နိုင်ငံတကာအဆင့်မီ ပရော်ဖက်ရှင်နယ် ဝန်ထမ်းတွေ မွေးထုတ်ပေးခြင်းကိုလည်း အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။

KT
မန္တလေး ၊ ဇူလိုင် ၅

(  Zawgyi  )

 အေရွ႕ေတာင္အာရွေရနံစိမ္း/သဘာဝဓာတ္ေငြ႕ပိုက္လိုင္းကုမၸဏီရဲ႕ ထူးခြၽန္ျမန္မာဝန္ထမ္းမ်ားဂုဏ္ျပဳပြဲအခမ္းအနားနဲ႔ ၎တို႔ရဲ႕ လုပ္ငန္း အေတြ႕အႀကဳံမ်ား ေဆြးေႏြးတင္ျပျခင္းအစီအစဥ္ကို မႏၲေလး တံတားဦးၿမိဳ႕နယ္ သရက္တန္းေက်း႐ြာက SEAOP/SEAGPမႏၲေလး ႐ုံးခ်ဳပ္ မွာ ယမန္ေန႔မြန္းလြဲ ၂ နာရီ ၃၀ မိနစ္ကက်င္းပခဲ့ပါတယ္။

ကုမၸဏီဖြံၿဖိဳးတိုးတက္ဖို႔အတြက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိတဲ့ ျမန္မာ-တ႐ုတ္ေရနံႏွင့္သဘာဝဓာတ္ေငြ႕ပိုက္လိုင္းစီမံကိန္း အေရွ႕ေတာင္အာရွ ေရနံစိမ္း/သဘာဝဓာတ္ေငြ႕ပိုက္လိုင္းကုမၸဏီ သက္ဆိုင္ရာဌာနေတြက ဝန္ထမ္းတြကို မွတ္တမ္းတင္ဂုဏ္ျပဳခဲ့တာပဲျဖစ္ၿပီး ထူးခြၽန္ျမန္မာ ဝန္ထမ္းေတြကို ေ႐ြးထုတ္ရတဲ့အဓိကရည္မွန္းခ်က္ကေတာ့  ၎တို႔ေတြဟာ ဦးေဆာင္လမ္းျပသူေတြနဲ႔ စည္းလုံးညီၫြတ္မႈ ရွိသူေတြျဖစ္ၾက တာရယ္  ျမန္မာႏိုင္ငံအတြက္  လူ႔စြမ္းအားအရင္းအျမစ္ျပဳစုပ်ိဳးေထာင္ေရးလုပ္ငန္းမ်ား ဖြံၿဖိဳးတိုးတက္ေရးနဲ႔ လူမႈယဥ္ေက်းမႈ ပူးေပါင္း
ေဆာင္႐ြက္ေရး အတြက္လည္း အေရးပါသူေတြျဖစ္ၾကတာရယ္ ေနာက္တစ္ခုက ပိုက္လိုင္းကုမၸဏီအားလည္း ကမာၻ႔အဆင့္မီ ပိုက္လိုင္း ကုမၸဏီ တစ္ခုျဖစ္ေျမာက္လာေစဖို႔ပတြက္ ႀကိဳးပမ္းအားထုတ္ၾကမယ့္သူေတြျဖစ္ၾကတာရယ္ေၾကာင့္ျဖစ္တယ္လို႔သိရပါတယ္။

အခမ္းအနားကို ကုမၸဏီရဲ႕သက္ဆိုင္ရာဌာနအလိုက္အႀကီးအကဲေတြ၊ သက္ဆိုင္ရာ ျမန္မာႏိုင္ငံသားဝန္ထမ္းေတြနဲ႔ တ႐ုတ္ႏိုင္ငံသား ဝန္ထမ္းေတြ၊ အစုရွယ္ယာရွင္ကိုယ္စားလွယ္ေတြနဲ႔ ဖိတ္ၾကားထားသူေတြ တက္ေရာက္ခဲ့ၾကပါတယ္။"ကုမၸဏီဝန္ထမ္းမ်ားအားလုံးဟာ ထူးခြၽန္ ဝန္ထမ္းေတြကို အတုယူၿပီး ေရနံစိမ္းနဲ႔ သဘာဝဓာတ္ေငြ႕ပိုက္လိုင္း လုံၿခဳံစြာ လည္ပတ္ႏိုင္ေရး၊ ျမန္မာႏိုင္ငံလူမႈစီးပြားဖြံၿဖိဳးတိုးတက္ေရး၊ ႏွစ္ႏိုင္ငံ စြမ္းအင္က႑ ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ေရး၊ ျမန္မာ-တ႐ုတ္ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ေရး တိုးျမႇင့္ေရးတို႔အတြက္ စည္းစည္းလုံးလုံးနဲ႔ လုပ္ကိုင္ေဆာင္႐ြက္ၾကပါ” လို႔ SEAOP ကုမၸဏီ ဥကၠ႒ မစၥတာက်န္းခ်န္ကေျပာပါတယ္။အဲဒီေနာက္မွာေတာ့ ကုမၸဏီရဲ႕ ၂၀၁၇ ခုႏွစ္နဲ႔ ၂၀၁၈ ခုႏွစ္ ထူးခြၽန္ျမန္မာဝန္ထမ္း ၉ ေယာက္က ၎တို႔ရဲ႕ လုပ္ငန္းအေတြ႕အႀကဳံေတြကို မွ်ေဝေျပာျပခဲ့ၿပီး အခမ္းအနားကို႐ုတ္သိမ္းခဲ့တာပါ။

ျမန္မာ-တ႐ုတ္ေရနံႏွင့္သဘာဝဓာတ္ေငြ႕ပိုက္လိုင္းစီမံကိန္းက ျမန္မာနဲ႔တ႐ုတ္ ႏွစ္ႏိုင္ငံတို႔ရဲ႕ စြမ္းအင္က႑ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈတစ္ခု ျဖစ္ၿပီး ျမန္မာ-တ႐ုတ္ေရနံႏွင့္သဘာဝဓာတ္ေငြ႕ပိုက္လိုင္းဟာ ၂၀၁၀ ခုႏွစ္ကစတင္ လည္ပတ္ခဲ့တာျဖစ္ပါတယ္။ ျမန္မာ-တ႐ုတ္ေရနံႏွင့္ သဘာဝ ဓာတ္ေငြ႕ပိုက္လိုင္းစီမံကိန္းဟာ ျမန္မာႏိုင္ငံရဲ႕ အေရးႀကီးတဲ့ စြမ္းအင္က႑ အေျခခံအေဆာက္အအုံတစ္ခုလည္း ျဖစ္တယ္လို႔ ကုမၸဏီတာဝန္ရွိသူေတြေျပာျပခ်က္အရသိရပါတယ္။

လက္ရွိအခ်ိန္အထိ ျမန္မာ-တ႐ုတ္သဘာဝဓာတ္ေငြ႕ပိုက္လိုင္းဟာ ၆ ႏွစ္တိုင္ေအာင္လည္ပတ္ခဲ့ၿပီးျဖစ္ကာ တ႐ုတ္ႏိုင္ငံဆီ သဘာဝဓာတ္ေငြ႕  ၂၂၁ ဘီလ်ံကုဗမီတာ ပို႔လႊတ္ထားၿပီး ျမန္မာႏိုင္ငံအတြက္ ၃၅ ဘီလ်ံကုဗမီတာ ပို႔လႊတ္ခဲ့ၿပီးျဖစ္တယ္လ္ု႔လည္းသိရပါတယ္။SEAOP/ SEAGP ကုမၸဏီဟာ ျမန္မာႏိုင္ငံသားဝန္ထမ္းေတြရဲ႕စြမ္းေဆာင္ရည္ တိုးျမႇင့္ေစေရးအတြက္ ေလ့က်င့္ေရးသင့္တန္းမ်ားကိုလည္း ပို႔ခ်ေပးခဲ့ၿပီး ဝန္ထမ္းေတြ ဖြံၿဖိဳးတိုးတက္ဖို႔အတြက္ အခြင့္အေရးေတြကိုလည္း ဖန္တီးေပးထားေၾကာင္း၊ ထူးခြၽန္တတ္ကြၽမ္းၿပီး ႏိုင္ငံတကာအဆင့္မီ ပေရာ္ဖက္ရွင္နယ္ ဝန္ထမ္းေတြ ေမြးထုတ္ေပးျခင္းကိုလည္း အထူးအေလးေပး ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရပါတယ္။

KT
မႏၲေလး ၊ ဇူလိုင္ ၅