Seven July အောက်မေ့ဖွယ် အခမ်းအနား ၅၇ နှစ်မြောက် အဖြစ်ကျင်းပ

Seven July အောက်မေ့ဖွယ် အခမ်းအနား ၅၇ နှစ်မြောက် အဖြစ်ကျင်းပ

ကျောင်းသားသမဂ္ဂအဆောက်အအုံ ဖြိုခွင်းဖျက်ဆီးခံရတဲ့ ဆဲဗင်းဇူလိုင် အရေးအခင်းကို အောက်မေ့ သတိရတဲ့ အနေနဲ့ (၅၇)နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်ကို ယနေ့ (ဇူလိုင် ၇ ရက်) က ရန်ကုန်တက္ကသိုလ်က သမဂ္ဂအဆောက်အအုံ နေရာဟောင်း မှာ ကျင်းပခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ကာ လုပ်ဆောင် ခဲ့ကြပြီး ကျောင်းသားသမဂ္ဂအဖွဲ့အစည်းအသီးသီးက တက်ရောက်ခဲ့ကြပြီး ဖမ်းဆီးထား တဲ့ ကျောင်းသားတွေနဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့အတွက် မျိုးဆက်သစ်အဖွဲ့အစည်း အသီးသီး က ထုတ်ပြန်ချက်တွေဖတ်ကြားကာ တောင်းဆိုခဲ့ကြပါတယ်။

ထိုအောက်မေ့ဖွယ်အခမ်းအနားမှာ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ၊ အခြေခံပညာကျောင်းသား များ သမဂ္ဂ၊ မြန်မာနိုင်ငံကျောင်းသား လူငယ်များကွန်ဂရက်၊ ၁၉၇၄ ခုနှစ်၊ ၇၅ ခုနှစ်၊ ၇၆ ခုနှစ် ကျောင်းသား မျိုးဆက်များ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တို့က သဝဏ်လွှာ ပေးပို့ဖတ်ကြား တာတွေ၊ ကဗျာရွတ်ဆိုတာတွေ ကိုလည်း ကျင်းပခဲ့ကြပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် ၇

(  Zawgyi  )

 ေက်ာင္းသားသမဂၢအေဆာက္အအုံ ၿဖိဳခြင္းဖ်က္ဆီးခံရတဲ့ ဆဲဗင္းဇူလိုင္ အေရးအခင္းကို ေအာက္ေမ့ သတိရတဲ့ အေနနဲ႔ (၅၇)ႏွစ္ေျမာက္ ေအာက္ေမ့ဖြယ္ အခမ္းအနားတစ္ရပ္ကို ယေန႔ (ဇူလိုင္ ၇ ရက္) က ရန္ကုန္တကၠသိုလ္က သမဂၢအေဆာက္အအုံ ေနရာေဟာင္း မွာ က်င္းပခဲ့ၾကပါတယ္။

အဆိုပါအခမ္းအနားကို ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က ဦးေဆာင္ကာ လုပ္ေဆာင္ ခဲ့ၾကၿပီး ေက်ာင္းသားသမဂၢအဖြဲ႕အစည္းအသီးသီးက တက္ေရာက္ခဲ့ၾကၿပီး ဖမ္းဆီးထား တဲ့ ေက်ာင္းသားေတြနဲ႔ ျပည္သူေတြကို ျပန္လႊတ္ေပးဖို႔အတြက္ မ်ိဳးဆက္သစ္အဖြဲ႕အစည္း အသီးသီး က ထုတ္ျပန္ခ်က္ေတြဖတ္ၾကားကာ ေတာင္းဆိုခဲ့ၾကပါတယ္။

ထိုေအာက္ေမ့ဖြယ္အခမ္းအနားမွာ ရန္ကုန္ခ႐ိုင္ ေက်ာင္းသားမ်ားသမဂၢ၊ အေျခခံပညာေက်ာင္းသား မ်ား သမဂၢ၊ ျမန္မာႏိုင္ငံေက်ာင္းသား လူငယ္မ်ားကြန္ဂရက္၊ ၁၉၇၄ ခုႏွစ္၊ ၇၅ ခုႏွစ္၊ ၇၆ ခုႏွစ္ ေက်ာင္းသား မ်ိဳးဆက္မ်ား၊ လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီ တို႔က သဝဏ္လႊာ ေပးပို႔ဖတ္ၾကား တာေတြ၊ ကဗ်ာ႐ြတ္ဆိုတာေတြ ကိုလည္း က်င္းပခဲ့ၾကပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ ၇