video conferencing စနစ်သုံးပြီး နေပြည်တော်Wisdom Hill ကျောင်းမှ ကျူးလွန်ခံရသူ ကလေးငယ်အား စစ်ဆေးမည်''

  video conferencing စနစ်သုံးပြီး နေပြည်တော်Wisdom Hill ကျောင်းမှ ကျူးလွန်ခံရသူ ကလေးငယ်အား စစ်ဆေးမည်''

နေပြည်တော်Wisdom Hill ကျောင်းမှ Victoria လေး အမှုတွင် ကျူးလွန်ခံရသူ ကလေး ငယ် အား video conferencing စနစ်သုံးပြီး စစ်ဆေးသွား မည်ဖြစ်ကြောင်းယင်းအမှုတွင်ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင် ခံရသူကျောင်းကြီးကြပ်ရေးမှူး၏ယာဉ်မောင်းအောင်ကျော်မျိုး(ခ) အောင်ကြီးဘက်မှရှေ့နေဦးခင်မောင်ဇော်က ပြောကြားခဲ့ပါတယ်။

နေပြည်တော် Victoria အမှုတွင်video conferencing စနစ်အသုံးပြုကာစစ်ဆေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ တွင် အမှုစစ်ဆေးရာ၌ ယခုကဲ့သို့ video conferencing စနစ်အသုံးပြုကာစစ်ဆေးသည့် အမှုမှာ မရှိသလောက် နည်းပါးပြီး နေပြည်တော် ကောင်စီနယ်မြေ အတွက်လည်း ပထမဦးဆုံး အမှုစစ် စနစ်ဖြစ် ကြောင်း video conferencing စနစ်မှာကလေးသူငယ်က လူတွေနဲ့တိုက်ရိုက်မထိတွေ့သည့်အခါ ကလေး အတွက်လွတ်လပ်မှု၊ စိတ်ပေါ့ပါးမှုရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်ကလေးအားတရားရုံးနှင့် မစိမ်း အောင်ရုံးချိန်း မတိုင်ခင် ကလေး အားရုံးသို့ခေါ်ပြီး ရုံးနဲ့မိတ်ဆက်ခြင်းအလုပ်များလည်းလုပ်သွားမည်ဖြစ်ကြောင်း ရှေ့နေဦးခင်မောင်ဇော်မှပြောကြားခဲ့ပါတယ်။

ယနေ့နံနက်ပိုင်းတွင်ဒက္ခိဏခရိုင်တရားရုံးတွင်နေပြည်တော် Wisdom Hill မူကြိုကျောင်းတွင်ဖြစ်ပွား ခဲ့သည့် Victoria အမှုအားပထမဦးဆုံး အကြိမ်ရုံးထုတ်ခြင်းစတင်ဆောင်ရွက်ခဲ့ပြီး နှစ်ဖက်ရှေ့နေများ ကိုယ် စားလှယ်စာတင်သွင်းခဲ့ကြပြီး၊ အမှုအားလာ မည် ဇူလိုင်၂၄ရက်နေ့ အား ထပ်မံချိန်းဆိုထားကြောင်းသိရှိရပါတယ်။

PTG
နေပြည်တော် ၊ ဇူလိုင် ၁၅

(  Zawgyi  )

 ေနျပည္ေတာ္Wisdom Hill ေက်ာင္းမွ Victoria ေလး အမႈတြင္ က်ဴးလြန္ခံရသူ ကေလး ငယ္ အား video conferencing စနစ္သုံးၿပီး စစ္ေဆးသြား မည္ျဖစ္ေၾကာင္းယင္းအမႈတြင္ပုဒ္မ ၃၇၆ ျဖင့္ တရားစြဲတင္ ခံရသူေက်ာင္းႀကီးၾကပ္ေရးမႉး၏ယာဥ္ေမာင္းေအာင္ေက်ာ္မ်ိဳး(ခ) ေအာင္ႀကီးဘက္မွေရွ႕ေနဦးခင္ေမာင္ေဇာ္က ေျပာၾကားခဲ့ပါတယ္။

ေနျပည္ေတာ္ Victoria အမႈတြင္video conferencing စနစ္အသုံးျပဳကာစစ္ေဆးသြားမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံ တြင္ အမႈစစ္ေဆးရာ၌ ယခုကဲ့သို႔ video conferencing စနစ္အသုံးျပဳကာစစ္ေဆးသည့္ အမႈမွာ မရွိသေလာက္ နည္းပါးၿပီး ေနျပည္ေတာ္ ေကာင္စီနယ္ေျမ အတြက္လည္း ပထမဦးဆုံး အမႈစစ္ စနစ္ျဖစ္ ေၾကာင္း video conferencing စနစ္မွာကေလးသူငယ္က လူေတြနဲ႔တိုက္႐ိုက္မထိေတြ႕သည့္အခါ ကေလး အတြက္လြတ္လပ္မႈ၊ စိတ္ေပါ့ပါးမႈရွိပါေၾကာင္း၊ ယင္းသို႔ေဆာင္႐ြက္ရာတြင္ကေလးအားတရား႐ုံးႏွင့္ မစိမ္း ေအာင္႐ုံးခ်ိန္း မတိုင္ခင္ ကေလး အား႐ုံးသို႔ေခၚၿပီး ႐ုံးနဲ႔မိတ္ဆက္ျခင္းအလုပ္မ်ားလည္းလုပ္သြားမည္ျဖစ္ေၾကာင္း ေရွ႕ေနဦးခင္ေမာင္ေဇာ္မွေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္းတြင္ဒကၡိဏခ႐ိုင္တရား႐ုံးတြင္ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္းတြင္ျဖစ္ပြား ခဲ့သည့္ Victoria အမႈအားပထမဦးဆုံး အႀကိမ္႐ုံးထုတ္ျခင္းစတင္ေဆာင္႐ြက္ခဲ့ၿပီး ႏွစ္ဖက္ေရွ႕ေနမ်ား ကိုယ္ စားလွယ္စာတင္သြင္းခဲ့ၾကၿပီး၊ အမႈအားလာ မည္ ဇူလိုင္၂၄ရက္ေန႔ အား ထပ္မံခ်ိန္းဆိုထားေၾကာင္းသိရွိရပါတယ္။

PTG
ေနျပည္ေတာ္ ၊ ဇူလိုင္ ၁၅