Yangon Water Bus သြင်္ကန်တွင်း ပြေးဆွဲမှုရပ်နားရန်စီစဉ်

Yangon Water Bus သြင်္ကန်တွင်း ပြေးဆွဲမှုရပ်နားရန်စီစဉ်

ရန်ကုန်မြို့တွင် ရေကြောင်းခရီးစဉ်ပြေးဆွဲနေတဲ့ Yangon Water Bus ခရီးစဉ်တွေကို လာမယ့် သြင်္ကန်ကာလ အတွင်း ရပ်နားဖို့ စီစဉ်နေ တယ်လို့ တင့်တင့်မြန်မာကုမ္ပဏီမှ သိရပါတယ်။

ယခုဧပြီလ အတွင်း စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ အပန်းဖြေနဲ့ ဘုရားဖူးခရီးစဉ်တွေကို ပြေးဆွဲနေပြီး ညနေပိုင်း ရန်ကုန်မြစ်တွင်း ရှုခင်းကြည့် တဲ့ခရီးစဉ်တွေကို စီးနင်းသူများပြားတဲ့ အခြေအနေတွေရှိတယ်လို့ သိရပါတယ်။ “သြင်္ကန်ကာလထဲမှာတော့ မန္တလေး-ပုဂံ ခရီးစဉ် လောက်ပဲ ရှိနိုင်ပါမယ်၊ ရန်ကုန်မှာ ပြေးဆွဲနေတဲ့ ခရီးစဉ်တွေတော့ လောလောဆယ်နားမှာပါ၊ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ အချိန်မီသတင်း ထုတ်ပြန် မှာပါ”လို့ ယင်းကုမ္ပဏီမှ ပြန်ကြားရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ ကိုလင်းနိုင်ဦးက ဆိုပါတယ်။

Yangon Water Bus ခရီးစဉ်များအနက် ဗိုလ်တထောင်-အင်းစိန် ခရီးစဉ်မှာ လက်ရှိကာလအထိ စီးနင်းတဲ့ ခရီးသည် နည်းပါး နေပြီး အစိုးရ ရုံးပိတ်ရက်တွေမှာ အပျော်လာစီးသူတွေသာရှိကြကြာင်း၊ တစ်ခါတစ်ရံ အင်းစိန်ဘက်သို့ ပြန်သော ခရီးစဉ်များတွင် ခရီးသည် ၁၀ ဦးလောက်သာ ပါသွားတဲ့ အခြေအနေမျိုးလည်း ကြုံနေရပြီး ဒလဘက်ကိုဆွဲတဲ့ခရီးစဉ်တွေမှာတော့ ရုံးတက်ရုံးဆင်းချိန်တွေမှာ ခရီးသည်စီးနင်းမှုများပြား လာတယ်လို့ သိရပါတယ်။

“ဒလဘက်ကတော့ ရုံးတက် ရုံးဆင်း ပုံမှန်ရှိပါတယ်၊ အင်းစိန်နဲ့ ဗိုလ်တထောင် ကြားကတော့ မနက် နှစ်ခေါက် ညနေနှစ်ခေါက်နဲ့ ပိတ်ရက်တွေ မှာ သုံးခေါက် ပုံမှန် ဆွဲနေတုန်းပါပဲ၊ စီးတဲ့သူ နည်းတာတော့ နည်းတယ်၊ အခုလို နွေကျောင်းပိတ်တော့ တစ်ချို့လည်း အပျော်လာစီးကြပါတယ်၊ စီးတဲ့ခရီးသည် နည်းလည်း သူ့ခေါက်ရေနဲ့သူတော့ ပုံမှန်ထွက်ခွာပေး နေပါတယ်”လို့ လက်မှတ်အရောင်းတာဝန်ခံတစ်ဦးကလည်း ပြောပြပါ တယ်။

 Yangon Water Bus ခရီးစဉ်တွေထဲက ဒလဘက်ကမ်းသို့ ပြေးဆွဲတဲ့ ဗိုလ်တထောင်-ပန်းဆိုးတန်း-အံ့ကြီးခရီးစဉ်တွေနဲ့ စဉ့်အိုးတန်း-ဆာပါချောင် ခရီးစဉ်တွေမှာ နေ့စဉ်ပုံမှန် ရုံးတက်ရုံးဆင်း ခရီးသည် စီးနင်းမှု များပြားလာသလို အခု ၂၀၁၉ ခုနှစ်မှ စတင်ကာ အဲယားကွန်း ဝန်ဆောင်မှုပါဝင်သော နှစ်ထပ်သင်္ဘော နှစ်စီးကို အသုံးပြုကာ ဝန်ဆောင်နေတယ်လို့ သိရပါတယ်။

ဆက်လက်ပြီးလည်း ညောင်တန်းမှ မြောက်ဥက္ကလာအဝိုင်းနားလောက်အထိ ငမိုးရိပ်ချောင်းအတိုင်း ခရီးစဉ် လမ်းကြောင်းပြေးဆွဲနိုင်ဖို့ ဆိပ်ကမ်းဆိုင်ရာပြင်ဆင်မှုတွေနဲ့ လမ်းကြောင်းအခြေအနေ လေ့လာအကဲခတ်မှု များကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 ဇွဲမာန်  
ရန်ကုန်၊ ဧပြီ ၉ 

( Zawgyi )

 ရန္ကုန္ၿမိဳ႕တြင္ ေရေၾကာင္းခရီးစဥ္ေျပးဆြဲေနတဲ့ Yangon Water Bus ခရီးစဥ္ေတြကို လာမယ့္ ၾသကၤန္ကာလ အတြင္း ရပ္နားဖို႔ စီစဥ္ေန တယ္လို႔ တင့္တင့္ျမန္မာကုမၸဏီမွ သိရပါတယ္။

ယခုဧၿပီလ အတြင္း စေန၊ တနဂၤေႏြပိတ္ရက္ေတြမွာ အပန္းေျဖနဲ႔ ဘုရားဖူးခရီးစဥ္ေတြကို ေျပးဆြဲေနၿပီး ညေနပိုင္း ရန္ကုန္ျမစ္တြင္း ရႈခင္းၾကည့္ တဲ့ခရီးစဥ္ေတြကို စီးနင္းသူမ်ားျပားတဲ့ အေျခအေနေတြရွိတယ္လို႔ သိရပါတယ္။ “ၾသကၤန္ကာလထဲမွာေတာ့ မႏၲေလး-ပုဂံ ခရီးစဥ္ ေလာက္ပဲ ရွိႏိုင္ပါမယ္၊ ရန္ကုန္မွာ ေျပးဆြဲေနတဲ့ ခရီးစဥ္ေတြေတာ့ ေလာေလာဆယ္နားမွာပါ၊ ဒါနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္တို႔ အခ်ိန္မီသတင္း ထုတ္ျပန္ မွာပါ”လို႔ ယင္းကုမၸဏီမွ ျပန္ၾကားေရးပိုင္းဆိုင္ရာ တာဝန္ရွိသူ ကိုလင္းႏိုင္ဦးက ဆိုပါတယ္။

Yangon Water Bus ခရီးစဥ္မ်ားအနက္ ဗိုလ္တေထာင္-အင္းစိန္ ခရီးစဥ္မွာ လက္ရွိကာလအထိ စီးနင္းတဲ့ ခရီးသည္ နည္းပါး ေနၿပီး အစိုးရ ႐ုံးပိတ္ရက္ေတြမွာ အေပ်ာ္လာစီးသူေတြသာရွိၾကၾကာင္း၊ တစ္ခါတစ္ရံ အင္းစိန္ဘက္သို႔ ျပန္ေသာ ခရီးစဥ္မ်ားတြင္ ခရီးသည္ ၁၀ ဦးေလာက္သာ ပါသြားတဲ့ အေျခအေနမ်ိဳးလည္း ႀကဳံေနရၿပီး ဒလဘက္ကိုဆြဲတဲ့ခရီးစဥ္ေတြမွာေတာ့ ႐ုံးတက္႐ုံးဆင္းခ်ိန္ေတြမွာ ခရီးသည္စီးနင္းမႈမ်ားျပား လာတယ္လို႔ သိရပါတယ္။

“ဒလဘက္ကေတာ့ ႐ုံးတက္ ႐ုံးဆင္း ပုံမွန္ရွိပါတယ္၊ အင္းစိန္နဲ႔ ဗိုလ္တေထာင္ ၾကားကေတာ့ မနက္ ႏွစ္ေခါက္ ညေနႏွစ္ေခါက္နဲ႔ ပိတ္ရက္ေတြ မွာ သုံးေခါက္ ပုံမွန္ ဆြဲေနတုန္းပါပဲ၊ စီးတဲ့သူ နည္းတာေတာ့ နည္းတယ္၊ အခုလို ေႏြေက်ာင္းပိတ္ေတာ့ တစ္ခ်ိဳ႕လည္း အေပ်ာ္လာစီးၾကပါတယ္၊ စီးတဲ့ခရီးသည္ နည္းလည္း သူ႔ေခါက္ေရနဲ႔သူေတာ့ ပုံမွန္ထြက္ခြာေပး ေနပါတယ္”လို႔ လက္မွတ္အေရာင္းတာဝန္ခံတစ္ဦးကလည္း ေျပာျပပါ တယ္။

 Yangon Water Bus ခရီးစဥ္ေတြထဲက ဒလဘက္ကမ္းသို႔ ေျပးဆြဲတဲ့ ဗိုလ္တေထာင္-ပန္းဆိုးတန္း-အံ့ႀကီးခရီးစဥ္ေတြနဲ႔ စဥ့္အိုးတန္း-ဆာပါေခ်ာင္ ခရီးစဥ္ေတြမွာ ေန႔စဥ္ပုံမွန္ ႐ုံးတက္႐ုံးဆင္း ခရီးသည္ စီးနင္းမႈ မ်ားျပားလာသလို အခု ၂၀၁၉ ခုႏွစ္မွ စတင္ကာ အဲယားကြန္း ဝန္ေဆာင္မႈပါဝင္ေသာ ႏွစ္ထပ္သေဘၤာ ႏွစ္စီးကို အသုံးျပဳကာ ဝန္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ဆက္လက္ၿပီးလည္း ေညာင္တန္းမွ ေျမာက္ဥကၠလာအဝိုင္းနားေလာက္အထိ ငမိုးရိပ္ေခ်ာင္းအတိုင္း ခရီးစဥ္ လမ္းေၾကာင္းေျပးဆြဲႏိုင္ဖို႔ ဆိပ္ကမ္းဆိုင္ရာျပင္ဆင္မႈေတြနဲ႔ လမ္းေၾကာင္းအေျခအေန ေလ့လာအကဲခတ္မႈ မ်ားကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

 ဇြဲမာန္  
ရန္ကုန္၊ ဧၿပီ ၉