YBS ယာဉ်စီးနင်းသူများအသုံးပြုမည့် ကတ်စနစ်အတွက် Service Level လက်မှတ်ထိုးရန် ရှေ့နေချုပ်ရုံးသို့ တင်ပြထား

YBS ယာဉ်စီးနင်းသူများအသုံးပြုမည့် ကတ်စနစ်အတွက် Service Level လက်မှတ်ထိုးရန် ရှေ့နေချုပ်ရုံးသို့ တင်ပြထား

YBS ယာဉ်တွေမှာ ယာဉ်စီးခကို ကတ်စနစ်နဲ့ ပေးချေတဲ့စနစ်ကို ဖော်ဆောင်နေလျက်ရှိရာမှာ  လက်ရှိအခြေအနေတွင် Service Level အတွက် လက်မှတ်ထိုးဖို့ အချက်အလက်တွေကို ရှေ့နေချုပ်ရုံးထံ တင်ပြထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

 “ဒီကတ်စနစ်အတွက် Asia Starmar ကုမ္ပဏီက တင်ဒါအောင်ပြီးတော့ လုပ်ကိုင်ခွင့်ရခဲ့တယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ကိုယ်စားပြုတဲ့ YPS လို့ခေါ်တဲ့ ကုမ္ပဏီနဲ့ လက်မှတ်ထိုးပြီးသွားပြီ၊ ဆက်လက်ပြီး ကုမ္ပဏီအပါ အဝင် YPS နဲ့ YRTA တို့ Service Level လက်မှတ်ထိုးဖို့ ကျန်သေးတယ်၊ လက်မှတ်ထိုးမယ့် အချက်အလက် တွေနဲ့ ပတ်သက်ပြီးတော့ ရှေ့နေချုပ်ရုံးကို တင်ပြထားတယ်၊ ပြီးရင် ယာဉ်လိုင်း ကုမ္ပဏီတွေ ကို ချပြပြီးတော့ စက်ပစ္စည်းတွေ တပ်ဆင်တာတွေနဲ့ လုပ်သွားမှာဖြစ်ပါတယ်၊ ကုမ္ပဏီဘက်ကလည်း တစ်ချို့သော စက်ပစ္စည်းအပိုင်းကိုတော့ သူ့အနေနဲ့ အခုကတည်းက စီစဉ်နေတာတွေ ရှိပါတယ်”လို့ ဦးလှအောင်က ရှင်းပြပါတယ်။

ထိုကတ်စနစ်ကို YBS ယာဉ်အစီးရေ ၂၀၀၀ ခန့်မှာကနဦးအနေနဲ့ တပ်ဆင်သွားဖို့ရှိပြီး ဇွန်လထဲ စတင်မယ်လို့ ကုမ္ပဏီဘက်က YBS နှစ်ပတ် လည်အခမ်းအနားမှာထုတ်ဖော်ပြောကြားပေမယ့် ယခုဇူလိုင်လကုန်ပိုင်းအထိ တပ်ဆင်နိုင်တဲ့အခြေအနေမရှိသေးတာကြောင့် ဝေဖန်သူတွေ လည်း ရှိနေပါတယ်။

 “တပ်ဆင်မယ့်ဟာက ကုမ္ပဏီဘက်က ပြောထားတဲ့အတိုင်း အစီး ၂၀၀၀ လောက်က စဖြစ်မှာပါ၊ အခု ရှေ့နေချုပ်ရုံးကို တင်ပြထားတာ လည်း ရှိတော့ ပြန်ကျလာဖို့တွေ ဘာတွေနဲ့ဆိုတော့အချိန်ကာလကိုတော့ အတိအကျ မပြောနိုင် သေးပါဘူး၊ အကြမ်းဖျဉ်းမှန်းကြည့်ရင်တော့ သြဂုတ် လကုန် စက်တင်ဘာလဆန်း လောက်ဖြစ်မယ်လို့ ယူဆရတယ်၊ ဒါက ယူဆရုံပါ၊ တပ်မယ့်ယာဉ်တွေက အများပိုင်ကုမ္ပဏီတွေမှာ အစိုးရက ထည့်ဝင်ထားတဲ့ ယာဉ်တွေမှာ အရင်တပ်ဆင်မှာ ဖြစ်ပါတယ်”လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

 ဇွဲမာန်  
ရန်ကုန်၊ ဇူလိုင် ၂၅

(  Zawgyi  )

 YBS ယာဥ္ေတြမွာ ယာဥ္စီးခကို ကတ္စနစ္နဲ႔ ေပးေခ်တဲ့စနစ္ကို ေဖာ္ေဆာင္ေနလ်က္ရွိရာမွာ  လက္ရွိအေျခအေနတြင္ Service Level အတြက္ လက္မွတ္ထိုးဖို႔ အခ်က္အလက္ေတြကို ေရွ႕ေနခ်ဳပ္႐ုံးထံ တင္ျပထားတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာပါတယ္။

 “ဒီကတ္စနစ္အတြက္ Asia Starmar ကုမၸဏီက တင္ဒါေအာင္ၿပီးေတာ့ လုပ္ကိုင္ခြင့္ရခဲ့တယ္၊ တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ကိုယ္စားျပဳတဲ့ YPS လို႔ေခၚတဲ့ ကုမၸဏီနဲ႔ လက္မွတ္ထိုးၿပီးသြားၿပီ၊ ဆက္လက္ၿပီး ကုမၸဏီအပါ အဝင္ YPS နဲ႔ YRTA တို႔ Service Level လက္မွတ္ထိုးဖို႔ က်န္ေသးတယ္၊ လက္မွတ္ထိုးမယ့္ အခ်က္အလက္ ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေရွ႕ေနခ်ဳပ္႐ုံးကို တင္ျပထားတယ္၊ ၿပီးရင္ ယာဥ္လိုင္း ကုမၸဏီေတြ ကို ခ်ျပၿပီးေတာ့ စက္ပစၥည္းေတြ တပ္ဆင္တာေတြနဲ႔ လုပ္သြားမွာျဖစ္ပါတယ္၊ ကုမၸဏီဘက္ကလည္း တစ္ခ်ိဳ႕ေသာ စက္ပစၥည္းအပိုင္းကိုေတာ့ သူ႔အေနနဲ႔ အခုကတည္းက စီစဥ္ေနတာေတြ ရွိပါတယ္”လို႔ ဦးလွေအာင္က ရွင္းျပပါတယ္။

ထိုကတ္စနစ္ကို YBS ယာဥ္အစီးေရ ၂၀၀၀ ခန႔္မွာကနဦးအေနနဲ႔ တပ္ဆင္သြားဖို႔ရွိၿပီး ဇြန္လထဲ စတင္မယ္လို႔ ကုမၸဏီဘက္က YBS ႏွစ္ပတ္ လည္အခမ္းအနားမွာထုတ္ေဖာ္ေျပာၾကားေပမယ့္ ယခုဇူလိုင္လကုန္ပိုင္းအထိ တပ္ဆင္ႏိုင္တဲ့အေျခအေနမရွိေသးတာေၾကာင့္ ေဝဖန္သူေတြ လည္း ရွိေနပါတယ္။

 “တပ္ဆင္မယ့္ဟာက ကုမၸဏီဘက္က ေျပာထားတဲ့အတိုင္း အစီး ၂၀၀၀ ေလာက္က စျဖစ္မွာပါ၊ အခု ေရွ႕ေနခ်ဳပ္႐ုံးကို တင္ျပထားတာ လည္း ရွိေတာ့ ျပန္က်လာဖို႔ေတြ ဘာေတြနဲ႔ဆိုေတာ့အခ်ိန္ကာလကိုေတာ့ အတိအက် မေျပာႏိုင္ ေသးပါဘူး၊ အၾကမ္းဖ်ဥ္းမွန္းၾကည့္ရင္ေတာ့ ၾသဂုတ္ လကုန္ စက္တင္ဘာလဆန္း ေလာက္ျဖစ္မယ္လို႔ ယူဆရတယ္၊ ဒါက ယူဆ႐ုံပါ၊ တပ္မယ့္ယာဥ္ေတြက အမ်ားပိုင္ကုမၸဏီေတြမွာ အစိုးရက ထည့္ဝင္ထားတဲ့ ယာဥ္ေတြမွာ အရင္တပ္ဆင္မွာ ျဖစ္ပါတယ္”လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

 ဇြဲမာန္  
ရန္ကုန္၊ ဇူလိုင္ ၂၅