YRTA ကျောင်းကားကို စီးသော ကျောင်းသား၊ ကျောင်းသူများအတွက် သြဂုတ်လကုန်ပိုင်းတွင် စမတ်ကတ်များ ထုတ်ပေးမည်

YRTA ကျောင်းကားကို စီးသော ကျောင်းသား၊ ကျောင်းသူများအတွက် သြဂုတ်လကုန်ပိုင်းတွင် စမတ်ကတ်များ ထုတ်ပေးမည်

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ဝန်ဆောင်ပြေးဆွဲနေတဲ့ ကျောင်းကားကို စီးနင်းနေသော ကျောင်းသား၊ ကျောင်းသူတွေအတွက် စမတ်ကတ်တွေကို ထုတ်ပေးသွားဖို့ စီစဉ်ထားပြီး လာမယ့် သြဂုတ်လကုန်ပိုင်းမှာ ထုတ်ပေးနိုင်ဖို့ မှန်းထားတယ်လို့ YRTA ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော် က ပြောပါတယ်။

“စမတ်ကတ်လုပ်ဖို့ လောလောဆယ် Data ဖြည့်သွင်းရမှာ ဖြစ်တဲ့အတွက် ကျောင်းသား ကျောင်းသူတွေကို ကိုယ်ရေးအချက်အလက်တွေ ဖြည့်သွင်းနိုင်မယ့် လျှောက်လွှာတွေကို မနေ့က (ဇူလိုင် ၂၃ရက်) စပြီးထုတ်ပေးနေပါတယ်၊ ကျောင်းသား၊ ကျောင်းသူတွေဘက်က အချက်အလက်တွေကို ဖြည့်သွင်းပြီးတဲ့အခါ ဒီ Data တွေကို ထည့်လိုက်တဲ့အခါ စမတ်ကတ်က အသုံးပြုလို့ရမှာ ဖြစ်ပါတယ်၊ အဲ့ဒီလို အချက်အလက်တွေကို ထိန်းသိမ်းပေးသွားမှာ ဖြစ်ပါတယ်၊ ကျောင်းကားပေါ် အတက်အဆင်းလုပ်တဲ့အခါ စမတ်ကတ်နဲ့ Scan ဖတ်ပြီး လုပ်တာဖြစ်လို့ သူတို့ရဲ့ မိဘတွေက အိမ်ကနေ Application နဲ့ ကြည့်ပြီး ကိုယ့်ကလေးရဲ့ အခြေအနေကို သိနိုင်မှာဖြစ်ပါတယ်၊ ဒီစနစ်ကို သြဂုတ်လကုန်ပိုင်းမှာ သုံးနိုင်အောင်တော့ မှန်းထားတယ်” လို့ ဦးအောင်ညီညီမော် က ရှင်းပြပါတယ်။

စမတ်ကတ်တွေကိုလည်း ကျောင်းသား၊ ကျောင်းသူတွေ နှစ်သက်စေမယ့် ကာတွန်းအရုပ်ပုံတွေနဲ့ ဒီဇိုင်းရေးဆွဲမှာဖြစ်ပြီး လည်ဆွဲကြိုးနဲ့ လုပ်ဆောင်နိုင်ဖို့ စီစဉ်ထားကြောင်း၊ ထိုကျောင်းကားတွေမှာ စီးနင်းကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ မွေးနေ့တွေရောက်တဲ့အခါ Birthday ကတ်များကိုလည်း အမှတ်တရအဖြစ် ပေးနိုင်ဖို့ စီစဉ်ထားကြောင်း၊ ယာဉ်မယ်တွေအနေနဲ့လည်း ကျောင်းသား၊ ကျောင်းသူတွေနဲ့ တရင်းတနှီးဖြစ်အောင် ကဗျာများရွတ်ဆိုပေးတာတွေနဲ့ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် ကျောင်းသွားနိုင်ဖို့အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။

ထိုကျောင်းကားတွေနဲ့ ပတ်သက်ပြီး စုံစမ်းလိုပါက လည်းကောင်း၊ ဝေဖန်အကြံပြုတာတွေ၊ တိုင်ကြားတာတွေ လုပ်ဆောင်လိုပါက ဆက်သွယ်နိုင်ရန်အတွက် ဖုန်း ၀၉ ၄၄၄၅၉၉၉၈၇ ကို Hotline ဖုန်းအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် - ၂၄

( Zawgyi )

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) က ဝန္ေဆာင္ေျပးဆြဲေနတဲ့ ေက်ာင္းကားကို စီးနင္းေနေသာ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ စမတ္ကတ္ေတြကို ထုတ္ေပးသြားဖို႔ စီစဥ္ထားၿပီး လာမယ့္ ၾသဂုတ္လကုန္ပိုင္းမွာ ထုတ္ေပးႏိုင္ဖို႔ မွန္းထားတယ္လို႔ YRTA ရဲ႕ မန္ေနးဂ်င္းဒါ႐ိုက္တာ ဦးေအာင္ညီညီေမာ္ က ေျပာပါတယ္။

“စမတ္ကတ္လုပ္ဖို႔ ေလာေလာဆယ္ Data ျဖည့္သြင္းရမွာ ျဖစ္တဲ့အတြက္ ေက်ာင္းသား ေက်ာင္းသူေတြကို ကိုယ္ေရးအခ်က္အလက္ေတြ ျဖည့္သြင္းႏိုင္မယ့္ ေလွ်ာက္လႊာေတြကို မေန႔က (ဇူလိုင္ ၂၃ရက္) စၿပီးထုတ္ေပးေနပါတယ္၊ ေက်ာင္းသား၊ ေက်ာင္းသူေတြဘက္က အခ်က္အလက္ေတြကို ျဖည့္သြင္းၿပီးတဲ့အခါ ဒီ Data ေတြကို ထည့္လိုက္တဲ့အခါ စမတ္ကတ္က အသုံးျပဳလို႔ရမွာ ျဖစ္ပါတယ္၊ အဲ့ဒီလို အခ်က္အလက္ေတြကို ထိန္းသိမ္းေပးသြားမွာ ျဖစ္ပါတယ္၊ ေက်ာင္းကားေပၚ အတက္အဆင္းလုပ္တဲ့အခါ စမတ္ကတ္နဲ႔ Scan ဖတ္ၿပီး လုပ္တာျဖစ္လို႔ သူတို႔ရဲ႕ မိဘေတြက အိမ္ကေန Application နဲ႔ ၾကည့္ၿပီး ကိုယ့္ကေလးရဲ႕ အေျခအေနကို သိႏိုင္မွာျဖစ္ပါတယ္၊ ဒီစနစ္ကို ၾသဂုတ္လကုန္ပိုင္းမွာ သုံးႏိုင္ေအာင္ေတာ့ မွန္းထားတယ္” လို႔ ဦးေအာင္ညီညီေမာ္ က ရွင္းျပပါတယ္။

စမတ္ကတ္ေတြကိုလည္း ေက်ာင္းသား၊ ေက်ာင္းသူေတြ ႏွစ္သက္ေစမယ့္ ကာတြန္းအ႐ုပ္ပုံေတြနဲ႔ ဒီဇိုင္းေရးဆြဲမွာျဖစ္ၿပီး လည္ဆြဲႀကိဳးနဲ႔ လုပ္ေဆာင္ႏိုင္ဖို႔ စီစဥ္ထားေၾကာင္း၊ ထိုေက်ာင္းကားေတြမွာ စီးနင္းၾကတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ ေမြးေန႔ေတြေရာက္တဲ့အခါ Birthday ကတ္မ်ားကိုလည္း အမွတ္တရအျဖစ္ ေပးႏိုင္ဖို႔ စီစဥ္ထားေၾကာင္း၊ ယာဥ္မယ္ေတြအေနနဲ႔လည္း ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ တရင္းတႏွီးျဖစ္ေအာင္ ကဗ်ာမ်ား႐ြတ္ဆိုေပးတာေတြနဲ႔ လုပ္ေဆာင္သြားဖို႔ ျပင္ဆင္ေနၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖင့္ ေက်ာင္းသြားႏိုင္ဖို႔အတြက္ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ထိုေက်ာင္းကားေတြနဲ႔ ပတ္သက္ၿပီး စုံစမ္းလိုပါက လည္းေကာင္း၊ ေဝဖန္အႀကံျပဳတာေတြ၊ တိုင္ၾကားတာေတြ လုပ္ေဆာင္လိုပါက ဆက္သြယ္ႏိုင္ရန္အတြက္ ဖုန္း ၀၉ ၄၄၄၅၉၉၉၈၇ ကို Hotline ဖုန္းအျဖစ္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ - ၂၄