ငွေကြေးလုပ်ငန်းလိုင်စင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ငွေကြေးရင်းနှီးမြှုပ်နှံမှုခေါ်ယူခြင်း တရားမဝင် စတော့ရှယ်ယာများ ရောင်းချသူများကို တည်ဆဲဥပဒေများအရ အရေးယူထားဟု ဆို

ငွေကြေးလုပ်ငန်းလိုင်စင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ငွေကြေးရင်းနှီးမြှုပ်နှံမှုခေါ်ယူခြင်း တရားမဝင် စတော့ရှယ်ယာများ ရောင်းချသူများကို တည်ဆဲဥပဒေများအရ အရေးယူထားဟု ဆို

ငွေကြေးလုပ်ငန်းလိုင်စင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ငွေကြေးရင်းနှီးမြှုပ်နှံမှုခေါ်ယူခြင်း၊ တရားမဝင် စတော့ရှယ်ယာများ ရောင်းချခြင်း၊ ပြည်ပသို့ တရားမဝင် ငွေကြေးလွှဲပြောင်းခြင်း စသည့် စီးပွားရေးဆိုင်ရာ ငွေကြေးလိမ်လည်မှုများအား အင်တာနက်အွန်လိုင်း (သို့မဟုတ်) အခြားနည်းလမ်းများဖြင့် ကျူးလွန်သူများကို လက်ရှိပြဌာန်းထားတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်ထားရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဗိုလ်ချုပ်အောင်သူ က ပြောပါတယ်။

အဆိုပါပြောကြားမှုကို ဒီဇင်ဘာ ၁၂  ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် ဒဿမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင် မန်တုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး ရဲ့ မေးမြန်းမှုနှင့် စပ်လျဉ်း၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး က “၂၀၁၃ မှ ၂၀၁၈ အတွင်း အင်တာနက်အွန်လိုင်း (သို့မဟုတ်) အခြားနည်းလမ်းများဖြင့် ဖြစ်စေ၊ ငွေကြေးလုပ်ငန်းလိုင်စင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ငွေကြေးရင်းနှီးမြှုပ်နှံမှုများခေါ်ယူခြင်း၊ တရားမဝင် ငွေစတော့ရှယ်ယာများ ရောင်းချခြင်း၊ ပြည်ပသို့ တရားမဝင် ငွေကြေးများလွှဲပြောင်းခြင်း စသည့် စီးပွားရေးဆိုင်ရာ ငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်၍ တိုင်ကြားလာသည့် အမှုပေါင်း မည်မျှရှိသနည်း၊ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူထားသည့် အမှုပေါင်း မည်မျှရှိပါသနည်းနှင့် ငွေကြေးဆိုင်ရာ လိမ်လည်မှုများ လျော့နည်းပပျောက်အောင် မည်ကဲ့သို့ ကြိုတင်ကာကွယ် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ကို သိရှိလိုပါကြောင်း” မေးမြန်းခဲ့မှုအပေါ် ပြည်ထဲရေး၊ ဒုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့တာပါ။

ဒါ့အပြင် ငွေကြေးလုပ်ငန်းလိုင်စင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ငွေကြေးရင်းနှီးမြှုပ်နှံမှုခေါ်ယူခြင်း၊ တရားမဝင် စတော့ရှယ်ယာများ ရောင်းချခြင်း၊ ပြည်ပသို့ တရားမဝင် ငွေကြေးလွှဲပြောင်းခြင်း စသည့် စီးပွားရေးဆိုင်ရာ ငွေကြေးလိမ်လည်မှုများအား အင်တာနက်အွန်လိုင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် ကျူးလွန်သဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ၁၅၄ မှု တရားခံ ၁၇၂ ဦးအား တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး ပြည်သူလူထုသို့ အသိပညာပေးခြင်းနှင့် ပြစ်မှုကျူးလွန်သူအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဗိုလ်ချုပ်အောင်သူ က ပြောကြားခဲ့ပါတယ်။

ပြေသိမ်း
ဓါတ်ပုံ - Pyithu HLuttaw
နေပြည်တော်၊ ဒီဇင်ဘာ - ၁၃

( Zawgyi )

ေငြေၾကးလုပ္ငန္းလိုင္စင္ မွတ္ပုံတင္ထားျခင္းမရွိဘဲ ေငြေၾကးရင္းႏွီးျမႇဳပ္ႏွံမႈေခၚယူျခင္း၊ တရားမဝင္ စေတာ့ရွယ္ယာမ်ား ေရာင္းခ်ျခင္း၊ ျပည္ပသို႔ တရားမဝင္ ေငြေၾကးလႊဲေျပာင္းျခင္း စသည့္ စီးပြားေရးဆိုင္ရာ ေငြေၾကးလိမ္လည္မႈမ်ားအား အင္တာနက္အြန္လိုင္း (သို႔မဟုတ္) အျခားနည္းလမ္းမ်ားျဖင့္ က်ဴးလြန္သူမ်ားကို လက္ရွိျပဌာန္းထားတဲ့ ဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္ထားရွိတယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး  ဗိုလ္ခ်ဳပ္ေအာင္သူ က ေျပာပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီဇင္ဘာ ၁၂  ရက္ေန႔က က်င္းပခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္ ဒႆမပုံမွန္အစည္းအေဝး (၁၃) ရက္ေျမာက္ေန႔တြင္ မန္တုံ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚနန္းမိုး ရဲ႕ ေမးျမန္းမႈႏွင့္ စပ္လ်ဥ္း၍ ၎က အထက္ပါအတိုင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚနန္းမိုး က “၂၀၁၃ မွ ၂၀၁၈ အတြင္း အင္တာနက္အြန္လိုင္း (သို႔မဟုတ္) အျခားနည္းလမ္းမ်ားျဖင့္ ျဖစ္ေစ၊ ေငြေၾကးလုပ္ငန္းလိုင္စင္ မွတ္ပုံတင္ထားျခင္းမရွိဘဲ ေငြေၾကးရင္းႏွီးျမႇဳပ္ႏွံမႈမ်ားေခၚယူျခင္း၊ တရားမဝင္ ေငြစေတာ့ရွယ္ယာမ်ား ေရာင္းခ်ျခင္း၊ ျပည္ပသို႔ တရားမဝင္ ေငြေၾကးမ်ားလႊဲေျပာင္းျခင္း စသည့္ စီးပြားေရးဆိုင္ရာ ေငြေၾကးလိမ္လည္မႈမ်ားႏွင့္ ပတ္သက္၍ တိုင္ၾကားလာသည့္ အမႈေပါင္း မည္မွ်ရွိသနည္း၊ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူထားသည့္ အမႈေပါင္း မည္မွ်ရွိပါသနည္းႏွင့္ ေငြေၾကးဆိုင္ရာ လိမ္လည္မႈမ်ား ေလ်ာ့နည္းပေပ်ာက္ေအာင္ မည္ကဲ့သို႔ ႀကိဳတင္ကာကြယ္ ျပင္ဆင္မႈမ်ား လုပ္ေဆာင္ေနသည္ကို သိရွိလိုပါေၾကာင္း” ေမးျမန္းခဲ့မႈအေပၚ ျပည္ထဲေရး၊ ဒုဝန္ႀကီးက အထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့တာပါ။

ဒါ့အျပင္ ေငြေၾကးလုပ္ငန္းလိုင္စင္ မွတ္ပုံတင္ထားျခင္းမရွိဘဲ ေငြေၾကးရင္းႏွီးျမႇဳပ္ႏွံမႈေခၚယူျခင္း၊ တရားမဝင္ စေတာ့ရွယ္ယာမ်ား ေရာင္းခ်ျခင္း၊ ျပည္ပသို႔ တရားမဝင္ ေငြေၾကးလႊဲေျပာင္းျခင္း စသည့္ စီးပြားေရးဆိုင္ရာ ေငြေၾကးလိမ္လည္မႈမ်ားအား အင္တာနက္အြန္လိုင္း သို႔မဟုတ္ အျခားနည္းလမ္းမ်ားျဖင့္ က်ဴးလြန္သျဖင့္ ၂၀၁၃ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလအတြင္း ၁၅၄ မႈ တရားခံ ၁၇၂ ဦးအား တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ၿပီး ျပည္သူလူထုသို႔ အသိပညာေပးျခင္းႏွင့္ ျပစ္မႈက်ဴးလြန္သူအား ဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အေရးယူျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိတယ္လို႔လည္း ျပည္ထဲေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး  ဗိုလ္ခ်ဳပ္ေအာင္သူ က ေျပာၾကားခဲ့ပါတယ္။

ေျပသိမ္း
ဓါတ္ပုံ - Pyithu HLuttaw
ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၁၃