ကမ္ဘာအေးဘုရားလမ်း ရိပ်သာမှတ်တိုင်အနီး ရေလွှဲမြောင်းထဲ ပြိုင်ကားထိုးကျကာ ယာဉ်မောင်းသေဆုံး

ကမ္ဘာအေးဘုရားလမ်း ရိပ်သာမှတ်တိုင်အနီး ရေလွှဲမြောင်းထဲ ပြိုင်ကားထိုးကျကာ ယာဉ်မောင်းသေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ ကမ္ဘာအေးဘုရားလမ်းပေါ်က ရိပ်သာမှတ်တိုင်အနီး ရေလွှဲမြောင်းထဲကို ဒီကနေ့(ဒီဇင်ဘာ ၁၆ ရက်) မနက် ၁ နာရီခွဲခန့်က ပြိုင်ကားတစ်စီးအရှိန်လွန်ကာ ထိုးကျမှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းသေဆုံးသွားတဲ့ ဖြစ်စဉ်တစ်ခု ကြုံတွေ့ခဲ့ကြောင်း မိုးစေတနာ ပရဟိတအသင်းမှ သိရပါတယ်။

ထိုဖြစ်ပွားရာကို တောင်ဥက္ကလာပ မီးသတ်စခန်းမှ ကယ်ဆယ်ရေးယာဉ်တစ်စီးထွက်ခွာကာ မိုးစေတနာ ပရဟိတ အသင်းတို့မှလည်း လိုအပ်တဲ့ ကူညီကယ်ဆယ်မှုလုပ်ငန်းတွေကို လုပ်ဆောင်ရန် သွားရောက် ခဲ့ကြကြောင်း၊ ရေလွှဲမြောင်း အတွင်း ထိုးကျသွားတဲ့ အနီရောင် ပြိုင်ကားယာဉ်ကို ကရိန်းတွေနဲ့ ဆွဲထုတ်ခဲ့တဲ့အခါ ယာဉ်ထဲမှာ ယာဉ်မောင်းဖြစ်သူဟာ သေဆုံးနေတဲ့ အနေအထားမျိုးကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

“ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားတယ်လို့ သတင်းရလို့ သွားရောက်ကူညီကယ်ဆယ်ကြတာ ဖြစ်ပါတယ်၊ ယာဉ်ကိုဆွဲတင်အပြီးမှာတော့ အထဲမှာ ပိတ်မိနေတဲ့သူကို ကယ်ထုတ်တဲ့အခါ သေဆုံးနေတဲ့ အခြေအနေကို တွေ့ရပါတယ်”လို့လည်း မိုးစေတနာ ပရဟိတအသင်း(ရန်ကုန်)မှ ယာဉ်တာဝန်ခံဖြစ်သူ ဦးစောလင်းယုန်က ပြောပြပါတယ်။

ထိုသေဆုံးသော ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့ဆောင်တဲ့အခါ ဆေးရုံကနေ ပီအာရ်-၇၂ ဖြင့် လက်ခံထားပြီး သေဆုံးသူဟာလည်း ဘယ်သူဘယ်ဝါဖြစ်တာကို စုံစမ်းမှုများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ထဲမှာ အခုနောက်ပိုင်း ညပိုင်းအချိန်တွေဆိုရင် ပြိုင်ကားတွေနဲ့ ပြိုင်ဆိုင် မောင်းနှင် ဆော့ကစားလာတဲ့ ဖြစ်ရပ်တွေဟာ တွင်ကျယ်လာခဲ့ပြီး ကမ္ဘာအေးဘုရားလမ်း ကဲ့သို့သော လမ်းမကျယ်များ သာမကဘဲ လမ်းသွယ် လမ်းကျဉ်းများ အတွင်းသို့လည်း ဝင်ရောက်မောင်းနှင်မှုများ ရှိလာခဲ့တာကြောင့် ပတ်ဝန်းကျင်နဲ့ အများပြည်သူ တို့အတွက် မလိုလားအပ်သော ထိခိုက်မှု တစ်စုံတရာ မဖြစ်ပေါ်စေရေးအတွက် ထိရောက်တဲ့ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ပေးရန်လည်း  လိုအပ်လာကြောင်း သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ 

( Zawgyi )

 ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္(၇)ရပ္ကြက္ရွိ ကမာၻေအးဘုရားလမ္းေပၚက ရိပ္သာမွတ္တိုင္အနီး ေရလႊဲေျမာင္းထဲကို ဒီကေန႔(ဒီဇင္ဘာ ၁၆ ရက္) မနက္ ၁ နာရီခြဲခန႔္က ၿပိဳင္ကားတစ္စီးအရွိန္လြန္ကာ ထိုးက်မႈျဖစ္ပြားခဲ့ၿပီး ယာဥ္ေမာင္းေသဆုံးသြားတဲ့ ျဖစ္စဥ္တစ္ခု ႀကဳံေတြ႕ခဲ့ေၾကာင္း မိုးေစတနာ ပရဟိတအသင္းမွ သိရပါတယ္။

ထိုျဖစ္ပြားရာကို ေတာင္ဥကၠလာပ မီးသတ္စခန္းမွ ကယ္ဆယ္ေရးယာဥ္တစ္စီးထြက္ခြာကာ မိုးေစတနာ ပရဟိတ အသင္းတို႔မွလည္း လိုအပ္တဲ့ ကူညီကယ္ဆယ္မႈလုပ္ငန္းေတြကို လုပ္ေဆာင္ရန္ သြားေရာက္ ခဲ့ၾကေၾကာင္း၊ ေရလႊဲေျမာင္း အတြင္း ထိုးက်သြားတဲ့ အနီေရာင္ ၿပိဳင္ကားယာဥ္ကို ကရိန္းေတြနဲ႔ ဆြဲထုတ္ခဲ့တဲ့အခါ ယာဥ္ထဲမွာ ယာဥ္ေမာင္းျဖစ္သူဟာ ေသဆုံးေနတဲ့ အေနအထားမ်ိဳးကို ေတြ႕ရွိခဲ့ရတယ္လို႔ သိရပါတယ္။

“ယာဥ္တိမ္းေမွာက္မႈ ျဖစ္ပြားတယ္လို႔ သတင္းရလို႔ သြားေရာက္ကူညီကယ္ဆယ္ၾကတာ ျဖစ္ပါတယ္၊ ယာဥ္ကိုဆြဲတင္အၿပီးမွာေတာ့ အထဲမွာ ပိတ္မိေနတဲ့သူကို ကယ္ထုတ္တဲ့အခါ ေသဆုံးေနတဲ့ အေျခအေနကို ေတြ႕ရပါတယ္”လို႔လည္း မိုးေစတနာ ပရဟိတအသင္း(ရန္ကုန္)မွ ယာဥ္တာဝန္ခံျဖစ္သူ ဦးေစာလင္းယုန္က ေျပာျပပါတယ္။

ထိုေသဆုံးေသာ ႐ုပ္အေလာင္းကို သဃၤန္းကြၽန္းစံျပေဆး႐ုံႀကီးသို႔ ပို႔ေဆာင္တဲ့အခါ ေဆး႐ုံကေန ပီအာရ္-၇၂ ျဖင့္ လက္ခံထားၿပီး ေသဆုံးသူဟာလည္း ဘယ္သူဘယ္ဝါျဖစ္တာကို စုံစမ္းမႈမ်ား လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ရန္ကုန္ၿမိဳ႕ထဲမွာ အခုေနာက္ပိုင္း ညပိုင္းအခ်ိန္ေတြဆိုရင္ ၿပိဳင္ကားေတြနဲ႔ ၿပိဳင္ဆိုင္ ေမာင္းႏွင္ ေဆာ့ကစားလာတဲ့ ျဖစ္ရပ္ေတြဟာ တြင္က်ယ္လာခဲ့ၿပီး ကမာၻေအးဘုရားလမ္း ကဲ့သို႔ေသာ လမ္းမက်ယ္မ်ား သာမကဘဲ လမ္းသြယ္ လမ္းက်ဥ္းမ်ား အတြင္းသို႔လည္း ဝင္ေရာက္ေမာင္းႏွင္မႈမ်ား ရွိလာခဲ့တာေၾကာင့္ ပတ္ဝန္းက်င္နဲ႔ အမ်ားျပည္သူ တို႔အတြက္ မလိုလားအပ္ေသာ ထိခိုက္မႈ တစ္စုံတရာ မျဖစ္ေပၚေစေရးအတြက္ ထိေရာက္တဲ့ ဖမ္းဆီးအေရးယူမႈမ်ား ျပဳလုပ္ေပးရန္လည္း  လိုအပ္လာေၾကာင္း သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ ၁၆