ရှန်ဟိုင်းတွင် ကားအရောင်းပြခန်းပြိုကျသဖြင့် ၁၀ ဦးထိခိုက်ဒဏ်ရာရကာ အကျိုးအပဲ့များအောက် လူ ၂၀ ခန့် ပိတ်မိနေ

ရှန်ဟိုင်းတွင် ကားအရောင်းပြခန်းပြိုကျသဖြင့်  ၁၀ ဦးထိခိုက်ဒဏ်ရာရကာ အကျိုးအပဲ့များအောက် လူ ၂၀ ခန့် ပိတ်မိနေ

ရှန်ဟိုင်းမြို့လယ်မှာ တည်ရှိတဲ့ ကားအရောင်းပြခန်း ကြာသပတေးမနက်ပိုင်းက ပြိုကျခဲ့ရာမှာ လူကိုးဦးပျောက်ဆုံးနေတယ်လို့ ဒေသခံကယ်ဆယ်ရေးသမားတွေက ဆိုပါတယ်။

ဝီဘိုကွန်ရက်ကနေ ဖော်ပြတဲ့ ရှန်ဟိုင်းမီးသတ်အဖွဲ့ ထုတ်ပြန်ချက်မှာတော့ ကားအရောင်း ပြခန်း အတွင်းရှိ မာစီဒီးဘင့်ဇ် အဓိကအရောင်းခန်းမကို ပြန်လည်ပြုပြင်နေရာမှာ မျက်နှာကျက်ပြို ကျပြီး လူ၁၀ ဦးကို ပြိုကျပျက်စီးတဲ့ အကျိုးအပဲ့တွေကြားထဲကနေ ရှန်ဟိုင်း ဒေသစံတော်ချိန် ၁ နာရီခွဲ မှာ ဆွဲထုတ်ခဲ့ရ တယ်ဆိုပါတယ်။

တရုတ်အင်တာနက်ပေါ်တယ်မှာတော့ အကျိုးအပဲ့အပျက်အစီးတွေအောက်လူ ၂၀ ခန့်ပိတ်မိနေတယ်ဆိုပါတယ်။အဆိုပါပြိုကျတဲ့ ဧရိယာမှာ ခန့်မှန်းခြေ စတုရန် း မီတာ တစ်ထောင်ခ န့်ရှိပြီး ဒါဟာ အဆောက်အဦးတစ်ခုလုံးရဲ့ သုံးပုံတစ်ပုံရှိ တယ်လို့ဆိုပါတယ်။

ယခုချိန်ထိ အာဏာပိုင်တွေဘက်က ပြိုကျရတဲ့ အကြောင်းနဲ့ပက်သက်ပြီး ဖြစ်နိုင်တဲ့ အကြောင်းအရာကို တရားဝင်မထုတ်ပြန်သေးပါဘူး။ အဆိုပါမတော်တဆမှုဟာ ချန်းနင်ခရိုင် ရှန်ဟိုင်းမှာ မေ ၁၆ ရက် နံနက်ပိုင်းကဖြစ်ခဲ့တာပါ။

Linko
Ref: scmp.com
ရှန်ဟိုင်း၊မေ ၁၆

(   Zawgyi   )

 ရွန္ဟိုင္းၿမိဳ႕လယ္မွာ တည္ရွိတဲ့ ကားအေရာင္းျပခန္း ၾကာသပေတးမနက္ပိုင္းက ၿပိဳက်ခဲ့ရာမွာ လူကိုးဦးေပ်ာက္ဆုံးေနတယ္လို႔ ေဒသခံကယ္ဆယ္ေရးသမားေတြက ဆိုပါတယ္။

ဝီဘိုကြန္ရက္ကေန ေဖာ္ျပတဲ့ ရွန္ဟိုင္းမီးသတ္အဖြဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ကားအေရာင္း ျပခန္း အတြင္းရွိ မာစီဒီးဘင့္ဇ္ အဓိကအေရာင္းခန္းမကို ျပန္လည္ျပဳျပင္ေနရာမွာ မ်က္ႏွာက်က္ၿပိဳ က်ၿပီး လူ၁၀ ဦးကို ၿပိဳက်ပ်က္စီးတဲ့ အက်ိဳးအပဲ့ေတြၾကားထဲကေန ရွန္ဟိုင္း ေဒသစံေတာ္ခ်ိန္ ၁ နာရီခြဲ မွာ ဆြဲထုတ္ခဲ့ရ တယ္ဆိုပါတယ္။

တ႐ုတ္အင္တာနက္ေပၚတယ္မွာေတာ့ အက်ိဳးအပဲ့အပ်က္အစီးေတြေအာက္လူ ၂၀ ခန႔္ပိတ္မိေနတယ္ဆိုပါတယ္။အဆိုပါၿပိဳက်တဲ့ ဧရိယာမွာ ခန႔္မွန္းေျခ စတုရန္ း မီတာ တစ္ေထာင္ခ န႔္ရွိၿပီး ဒါဟာ အေဆာက္အဦးတစ္ခုလုံးရဲ႕ သုံးပုံတစ္ပုံရွိ တယ္လို႔ဆိုပါတယ္။

ယခုခ်ိန္ထိ အာဏာပိုင္ေတြဘက္က ၿပိဳက်ရတဲ့ အေၾကာင္းနဲ႔ပက္သက္ၿပီး ျဖစ္ႏိုင္တဲ့ အေၾကာင္းအရာကို တရားဝင္မထုတ္ျပန္ေသးပါဘူး။ အဆိုပါမေတာ္တဆမႈဟာ ခ်န္းနင္ခ႐ိုင္ ရွန္ဟိုင္းမွာ ေမ ၁၆ ရက္ နံနက္ပိုင္းကျဖစ္ခဲ့တာပါ။

Linko
Ref: scmp.com
ရွန္ဟိုင္း၊ေမ ၁၆