မူးယစ်ရာဇာကြီးတွေရဲ့သတင်းတွေကို တိတိကျကျတိုင်ကြားပေးကြပါဟု နိုင်ငံတော်သမ္မတ ပန်ကြား

မူးယစ်ရာဇာကြီးတွေရဲ့သတင်းတွေကို တိတိကျကျတိုင်ကြားပေးကြပါဟု နိုင်ငံတော်သမ္မတ ပန်ကြား

မူးယစ်ဆေးဝါးဥပဒေနှင့်မူးယစ်ဆေးဝါးထိန်ချုပ်ရေးမူဝါဒကိုအကောင်အထည်ဖော်မည့်အမျိုးသားမဟာဗျူဟာစီမံချက်တစ်ခုရေးဆွဲ၍တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး မူးယစ်ရာဇာကြီး တွေ ရဲ့ သတင်းတွေကို တိတိကျကျတိုင်ကြားပေးကြပါလို့  ယနေ့ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါး အလွဲသုံးမှု နှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က “မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းရာမှာ ဘက်ပေါင်းစုံနည်း လမ်းပေါင်း စုံပါဝင်တဲ့ ချဉ်းကပ်မှုတွေနဲ့ တစ်ချိန် တည်းတစ်ပြိုင်တည်းဟန်ချက်ညီညီအကောင်အထည်ဖော်ဆောင်ရွက်သွား ရမှာဖြစ်လို့မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ဥပဒေနဲ့မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒအသစ်ကို၂၀၁၈ခုနှစ်မှာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ မူဝါဒကိုအကောင်အထည်ဖော်မဲ့ အမျိုးသားမဟာဗျူဟာ စီမံချက် တစ်ခုရေးဆွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အရေးအကြီးဆုံးကအကောင်အထည်ဖော်မှု ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ပဲဖြစ်ပါတယ် “လို့ ပြောကြားခဲ့ပါတယ်။

ထို့ပြင် “ မူးယစ်ဆေးဝါးအန္တရာယ်ဟာကျွန်တော်တို့တိုင်းပြည်အနာဂတ် အတွက်ကြီးမား တဲ့ခြိမ်း ခြောက်မှု အန္တရာယ်ဖြစ်သည့် အတွက် မူးယစ် သတင်း၊ ရောင်းဝယ်ဖောက်ကားမှုသတင်းတွေသာမက ထုတ်လုပ် သူ တွေ၊ မူးယစ်ရာဇာကြီးတွေရဲ့သတင်းတွေကို တိတိကျကျ တိုင်ကြားပေးကြပါ၊ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးမှာ တာဝန်ရှောင်လွှဲသူ တွေ၊ အဂတိလိုက်စားသူတွေရှိခဲ့ရင်အရေးယူမှာဖြစ်သည့်အတွက် အမျိုးသားရေး တာဝန်အဖြစ် အချက်အလက်တွေပေးပို့ကြပါ။ တိုင်းဒေသကြီးပြည်နယ်အစိုးရများနဲ့အုပ်ချုပ်ရေးဌာန အဆင့် ဆင့်အနေနဲ့ မူးယစ်ဆေးဝါး ကိစ္စ၊ခြွင်းချက်လုံးဝမထားရဆိုတဲ့မူဝါဒကိုအလေးထားလိုက်နာဆောင်ရွက်ပေးကြပါ၊ မူးယစ်ကင်းစင်တဲ့ လူ့အဖွဲ့အစည်းဖြစ်ပေါ် လာစေရေးအတွက် ပြည်သူ့ ကျန်းမာရေးအမြင်နဲ့မျှတမှုရှိအောင်ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေး၊မီဒီယာနဲ့အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကအလေးအနက်ဆောင်ရွက်ပေးကြ ပါလို့တိုက်တွန်းပြောကြားလိုက်ပါတယ် “လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဆက်လက်ပြောကြားခဲ့ပါတယ်။
 

မြန်မာနိုင်ငံအနေနှင့်၂၀၁၇ခုနှစ်တွင်ဘိန်းစိုက်ပျိုးမှုဟက်တာ(၄၁၀၀၀)ရှိပြီး၊ထုတ်လုပ်မှုမှာ(၅၅၀)မက်ထရစ်တန်ဖြစ်ပါကြောင်း၊၂၀၁၈ခုနှစ်တွင်ဟက်တာ (၃၇၃၀၀)စိုက်ပျုးမှုရှိကာထုတ်လုပ်မှု(၅၂၀)မက်ထရစ် တန် ရှိ တာကြောင့် ဘိန်းစိုက်ပျိုးမှုမှာ(၉.၁)ရာခိုင်နှုန်းနှင့်ထုတ်လုပ်မှုမှာ (၅.၄၅) ရာခိုင်နှုန်းလျော့နည်း ခဲ့သည်ကို တွေ့ရှိ ရကြောင်း၊၂၀၁၈ခုနှစ် အတွင်းမူးယစ်ဆေးဝါအမှုပေါင်း၁၃၀၃၇မှု၊တန်ဖိုးငွေကျပ်သန်းပေါင်း ၄၄၂,၆၄၅ ခန့်ဖော် ထုတ်အရေးယူနိုင်ခဲ့ပြီး၊ တန်ဖိုးငွေကျပ်၁,၉၂၂သန်းကျော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ခဲ့ ကြောင်း သိရှိရပါတယ်။

ယနေ့နံနက်ပိုင်း၊ နေပြည်တော်(MICC-2)တွင်ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှု နှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့်ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများနှင့် စစ်သံမှူးများ၊နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊မူးယစ်ဗဟိုအဖွဲ့ဝင်များလူမှုအဖွဲ့အစည်းများ၊တက်ရောက်ခဲ့ကြကြောင်းလည်းသိရှိရပါတယ်။

PTG
နေပြည်တော်၊ဇွန်-၂၆

(  Zawgyi  )

 မူးယစ္ေဆးဝါးဥပေဒႏွင့္မူးယစ္ေဆးဝါးထိန္ခ်ဳပ္ေရးမူဝါဒကိုအေကာင္အထည္ေဖာ္မည့္အမ်ိဳးသားမဟာဗ်ဴဟာစီမံခ်က္တစ္ခုေရးဆြဲ၍တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး မူးယစ္ရာဇာႀကီး ေတြ ရဲ႕ သတင္းေတြကို တိတိက်က်တိုင္ၾကားေပးၾကပါလို႔  ယေန႔ျပဳလုပ္တဲ့ အျပည္ျပည္ဆိုင္ရာမူးယစ္ ေဆးဝါး အလြဲသုံးမႈ ႏွင့္တရားမဝင္ေရာင္းဝယ္မႈတိုက္ဖ်က္ေရးေန႔အခမ္းအနားမွာ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္က “မူးယစ္ေဆးဝါးျပႆနာကိုေျဖရွင္းရာမွာ ဘက္ေပါင္းစုံနည္း လမ္းေပါင္း စုံပါဝင္တဲ့ ခ်ဥ္းကပ္မႈေတြနဲ႔ တစ္ခ်ိန္ တည္းတစ္ၿပိဳင္တည္းဟန္ခ်က္ညီညီအေကာင္အထည္ေဖာ္ေဆာင္႐ြက္သြား ရမွာျဖစ္လို႔ျမန္မာႏိုင္ငံရဲ႕ မူးယစ္ေဆးဝါး ဥပေဒနဲ႔မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးမူဝါဒအသစ္ကို၂၀၁၈ခုႏွစ္မွာ ထုတ္ျပန္ခဲ့ၿပီး ျဖစ္ပါတယ္။ မူဝါဒကိုအေကာင္အထည္ေဖာ္မဲ့ အမ်ိဳးသားမဟာဗ်ဴဟာ စီမံခ်က္ တစ္ခုေရးဆြဲၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။အေရးအႀကီးဆုံးကအေကာင္အထည္ေဖာ္မႈ ထိထိေရာက္ေရာက္ေဆာင္႐ြက္ႏိုင္ဖို႔ပဲျဖစ္ပါတယ္ “လို႔ ေျပာၾကားခဲ့ပါတယ္။

ထို႔ျပင္ “ မူးယစ္ေဆးဝါးအႏၲရာယ္ဟာကြၽန္ေတာ္တို႔တိုင္းျပည္အနာဂတ္ အတြက္ႀကီးမား တဲ့ၿခိမ္း ေျခာက္မႈ အႏၲရာယ္ျဖစ္သည့္ အတြက္ မူးယစ္ သတင္း၊ ေရာင္းဝယ္ေဖာက္ကားမႈသတင္းေတြသာမက ထုတ္လုပ္ သူ ေတြ၊ မူးယစ္ရာဇာႀကီးေတြရဲ႕သတင္းေတြကို တိတိက်က် တိုင္ၾကားေပးၾကပါ၊ မူးယစ္ေဆးဝါး တိုက္ဖ်က္ ေရးမွာ တာဝန္ေရွာင္လႊဲသူ ေတြ၊ အဂတိလိုက္စားသူေတြရွိခဲ့ရင္အေရးယူမွာျဖစ္သည့္အတြက္ အမ်ိဳးသားေရး တာဝန္အျဖစ္ အခ်က္အလက္ေတြေပးပို႔ၾကပါ။ တိုင္းေဒသႀကီးျပည္နယ္အစိုးရမ်ားနဲ႔အုပ္ခ်ဳပ္ေရးဌာန အဆင့္ ဆင့္အေနနဲ႔ မူးယစ္ေဆးဝါး ကိစၥ၊ႁခြင္းခ်က္လုံးဝမထားရဆိုတဲ့မူဝါဒကိုအေလးထားလိုက္နာေဆာင္႐ြက္ေပးၾကပါ၊ မူးယစ္ကင္းစင္တဲ့ လူ႔အဖြဲ႕အစည္းျဖစ္ေပၚ လာေစေရးအတြက္ ျပည္သူ႔ က်န္းမာေရးအျမင္နဲ႔မွ်တမႈရွိေအာင္ဥပေဒျပဳေရး၊အုပ္ခ်ဳပ္ေရး၊တရားစီရင္ေရး၊မီဒီယာနဲ႔အရပ္ဖက္လူမႈအဖြဲ႕အစည္းေတြကအေလးအနက္ေဆာင္႐ြက္ေပးၾက ပါလို႔တိုက္တြန္းေျပာၾကားလိုက္ပါတယ္ “လို႔ ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္က ဆက္လက္ေျပာၾကားခဲ့ပါတယ္။
 
ျမန္မာႏိုင္ငံအေနႏွင့္၂၀၁၇ခုႏွစ္တြင္ဘိန္းစိုက္ပ်ိဳးမႈဟက္တာ(၄၁၀၀၀)ရွိၿပီး၊ထုတ္လုပ္မႈမွာ(၅၅၀)မက္ထရစ္တန္ျဖစ္ပါေၾကာင္း၊၂၀၁၈ခုႏွစ္တြင္ဟက္တာ (၃၇၃၀၀)စိုက္ပ်ဳးမႈရွိကာထုတ္လုပ္မႈ(၅၂၀)မက္ထရစ္ တန္ ရွိ တာေၾကာင့္ ဘိန္းစိုက္ပ်ိဳးမႈမွာ(၉.၁)ရာခိုင္ႏႈန္းႏွင့္ထုတ္လုပ္မႈမွာ (၅.၄၅) ရာခိုင္ႏႈန္းေလ်ာ့နည္း ခဲ့သည္ကို ေတြ႕ရွိ ရေၾကာင္း၊၂၀၁၈ခုႏွစ္ အတြင္းမူးယစ္ေဆးဝါအမႈေပါင္း၁၃၀၃၇မႈ၊တန္ဖိုးေငြက်ပ္သန္းေပါင္း ၄၄၂,၆၄၅ ခန႔္ေဖာ္ ထုတ္အေရးယူႏိုင္ခဲ့ၿပီး၊ တန္ဖိုးေငြက်ပ္၁,၉၂၂သန္းေက်ာ္ဘ႑ာေငြအျဖစ္ သိမ္းဆည္းႏိုင္ခဲ့ ေၾကာင္း သိရွိရပါတယ္။

ယေန႔နံနက္ပိုင္း၊ ေနျပည္ေတာ္(MICC-2)တြင္က်င္းပျပဳလုပ္သည့္ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါး အလြဲသုံးမႈ ႏွင့္တရားမဝင္ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ အခမ္းအနားသို႔ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ဒုတိယ သမၼတ ဦးျမင့္ေဆြႏွင့္ျပည္ေထာင္စု ဝန္ႀကီးမ်ား၊ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္၊ေနျပည္ေတာ္ေကာင္စီ ဥကၠ႒၊ ဒုတိယ ဝန္ႀကီးမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ သံအမတ္ႀကီးမ်ားႏွင့္ စစ္သံမႉးမ်ား၊ႏိုင္ငံတကာ အစိုးရမဟုတ္ေသာအဖြဲ႕အစည္းမ်ားမွကိုယ္စားလွယ္မ်ား၊မူးယစ္ဗဟိုအဖြဲ႕ဝင္မ်ားလူမႈအဖြဲ႕အစည္းမ်ား၊တက္ေရာက္ခဲ့ၾကေၾကာင္းလည္းသိရွိရပါတယ္။

PTG
ေနျပည္ေတာ္၊ဇြန္-၂၆