ရေနစ်သေဆုံးသည့် ဒုက္ခသည်သားအဖဓာတ်ပုံကြောင့် မက္ကဆီကို ရွှေ့ပြောင်းအခြေချပြဿနာနိုင်ငံတကာ အာရုံစိုက်လာ

ရေနစ်သေဆုံးသည့် ဒုက္ခသည်သားအဖဓာတ်ပုံကြောင့် မက္ကဆီကို ရွှေ့ပြောင်းအခြေချပြဿနာနိုင်ငံတကာ အာရုံစိုက်လာ

မက္ကဆီကိုနယ်စပ်မှတစ်ဆင့် အမေရိကန်နိုင်ငံအတွင်းသို့  ခိုးဝင်ရာမှ ရေနစ်သေဆုံးခဲ့သည့် ဖခင်နှင့် ၎င်း၏ လမ်းလျှောက်တတ်စအရွယ် ကလေးငယ်တို့၏ ဓာတ်ပုံထွက်ပေါ်လာခြင်းကြောင့် အန္တရာယ်များနှင့် ရင်ဆိုင်ရသည့် ရွှေ့ပြောင်းဒုက္ခသည်များ၏ ပြဿနာအပေါ် လူများပြန် လည် စိတ်ဝင်စားလာခဲ့ကြပါတယ်။

အမေရိကန်နှင့် မက္ကဆီကိုနယ်စပ်တစ်နေရာရှိရီယိုဂရန်ဒေးမြစ်ကမ်းတွင် မှောက်လျှက်သေဆုံးနေသည့် ဗဟိုအမေရိကနိုင်ငံအယ်လ်ဆဗားဒိုးမှ ဖခင်ဖြစ်သူနှင့် သမီးငယ်တို့၏ ပုံသည် လူမှု မီဒီယာများမှာပျံ့နှံ့ခဲ့ပါတယ်။ ယခုသားအဖသေဆုံးမှုဖြစ်ပွားပြီးနောက် မက္ကဆီကို သတင်းစာ များက အမေရိက၏ အိုင်လန်ကါဒီကာလဟုအမည်ပေးထားသည့် အဆိုပါ ဓာတ်ပုံကို ဇွန်၂၄ ရက်မှာဖော်ပြခဲ့ပါတယ်။

အဆိုပါ ဓာတ်ပုံနှင့် ပတ်သက်၍ မေးမြန်းမှုများအပေါ် မက္ကဆီကိုသမ္မတအန်ဒရက်စ်မန်နျူရယ် လိုပက်ဇ်အိုဘရာဒိုကအလွန်စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်လို့ ဇွန် ၂၅ ရက်ကပြောလိုက်ပါတယ်။သို့သော် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ဖြူတော်ကမှတ်ချက် တစ်စုံတစ်ရာမပေးခဲ့ပေ။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်းကလည်းနယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့သည့် ကလေးငယ် ၂ဦး၊ လမ်းလျှောက်တတ်စအရွယ် တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အလွန်ပူပြင်းသည့် အပူချိန်ကြောင့် သေဆုံးခဲ့ရပြီးဧပြီလအတွင်းကလည်းရီယိုဂရန်ဒေး ဖြစ်အတွင်းဖောင်နစ်မြုပ်မှုတွင် ဟွန်ဒူရပ်စ်နိုင်ငံမှ ကလေးငယ် ၃ ဦးနှင့် အရွယ်ရောက်သူတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။

အရီးဇိုးနားပြည်နယ်တွင် ယခုလအစောပိုင်းကအပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်အထက် ရောက်ခဲ့ပြီးအသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လည်းသေဆုံးခဲ့ပါတယ်။

Linko
Ref: indiatoday.in
မက္ကဆီကို၊ ဇွန် ၂၆

(  Zawgyi  )

 မကၠဆီကိုနယ္စပ္မွတစ္ဆင့္ အေမရိကန္ႏိုင္ငံအတြင္းသို႔  ခိုးဝင္ရာမွ ေရနစ္ေသဆုံးခဲ့သည့္ ဖခင္ႏွင့္ ၎၏ လမ္းေလွ်ာက္တတ္စအ႐ြယ္ ကေလးငယ္တို႔၏ ဓာတ္ပုံထြက္ေပၚလာျခင္းေၾကာင့္ အႏၲရာယ္မ်ားႏွင့္ ရင္ဆိုင္ရသည့္ ေ႐ႊ႕ေျပာင္းဒုကၡသည္မ်ား၏ ျပႆနာအေပၚ လူမ်ားျပန္ လည္ စိတ္ဝင္စားလာခဲ့ၾကပါတယ္။

အေမရိကန္ႏွင့္ မကၠဆီကိုနယ္စပ္တစ္ေနရာရွိရီယိုဂရန္ေဒးျမစ္ကမ္းတြင္ ေမွာက္လွ်က္ေသဆုံးေနသည့္ ဗဟိုအေမရိကႏိုင္ငံအယ္လ္ဆဗားဒိုးမွ ဖခင္ျဖစ္သူႏွင့္ သမီးငယ္တို႔၏ ပုံသည္ လူမႈ မီဒီယာမ်ားမွာပ်ံ႕ႏွံ႔ခဲ့ပါတယ္။ ယခုသားအဖေသဆုံးမႈျဖစ္ပြားၿပီးေနာက္ မကၠဆီကို သတင္းစာ မ်ားက အေမရိက၏ အိုင္လန္ကါဒီကာလဟုအမည္ေပးထားသည့္ အဆိုပါ ဓာတ္ပုံကို ဇြန္၂၄ ရက္မွာေဖာ္ျပခဲ့ပါတယ္။

အဆိုပါ ဓာတ္ပုံႏွင့္ ပတ္သက္၍ ေမးျမန္းမႈမ်ားအေပၚ မကၠဆီကိုသမၼတအန္ဒရက္စ္မန္န်ဴရယ္ လိုပက္ဇ္အိုဘရာဒိုကအလြန္စိတ္မေကာင္းဖြယ္ရာ ျဖစ္ရပ္လို႔ ဇြန္ ၂၅ ရက္ကေျပာလိုက္ပါတယ္။သို႔ေသာ္ အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ အိမ္ျဖဴေတာ္ကမွတ္ခ်က္ တစ္စုံတစ္ရာမေပးခဲ့ေပ။
ၿပီးခဲ့သည့္ သီတင္းပတ္မ်ားအတြင္းကလည္းနယ္စပ္ျဖတ္ေက်ာ္ရန္ ႀကိဳးပမ္းခဲ့သည့္ ကေလးငယ္ ၂ဦး၊ လမ္းေလွ်ာက္တတ္စအ႐ြယ္ တစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔ အလြန္ပူျပင္းသည့္ အပူခ်ိန္ေၾကာင့္ ေသဆုံးခဲ့ရၿပီးဧၿပီလအတြင္းကလည္းရီယိုဂရန္ေဒး ျဖစ္အတြင္းေဖာင္နစ္ျမဳပ္မႈတြင္ ဟြန္ဒူရပ္စ္ႏိုင္ငံမွ ကေလးငယ္ ၃ ဦးႏွင့္ အ႐ြယ္ေရာက္သူတစ္ဦးတို႔ ေသဆုံးခဲ့ပါတယ္။

အရီးဇိုးနားျပည္နယ္တြင္ ယခုလအေစာပိုင္းကအပူခ်ိန္ ၁၀၀ ဒီဂရီဖာရင္ဟိုက္အထက္ ေရာက္ခဲ့ၿပီးအသက္ ၆ ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦး လည္းေသဆုံးခဲ့ပါတယ္။

Linko
Ref: indiatoday.in
မကၠဆီကို၊ ဇြန္ ၂၆