နတ်ပြည်တက်တော့မယ်ဆိုတဲ့ အဆိုတော် ဘဝ

နတ်ပြည်တက်တော့မယ်ဆိုတဲ့ အဆိုတော် ဘဝ

မြန်မာနိုင်ငံမှာ ထင်ရှားသော တေးသီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ The Voice Myanmar ပြိုင်ပွဲကနေ ဂီတလမ်းကြောင်းပေါ် ရောက်ရှိလာသော တေးသံရှင် ဘ၀ ဟာ "နတ်ပြည်တက်မယ်" လို့ နာမည်ရသော သူ့ရဲ့ ပထမဆုံးတေးသီချင်းခွေကို ဇူလိုင်လ (၁၈) ရက်က စာနယ်ဇင်းတွေနဲ့ မိတ်ဆက်ခဲ့ပါတယ်။

"ကျွန်တော်ကိုယ်တိုင် ရေးထားတဲ့ တေးသီချင်းလည်း ပါပါတယ်၊ ကျွန်တော် ဆယ်တန်းကျောင်းသား ဘဝကတည်းက စိတ်ကူးနဲ့ပုံဖော်ခဲ့ဖူးတဲ့ တေးသီချင်းတွေကို အခုဖော်ထုတ်နိုင်ခဲ့တာပါ၊ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက အဆိုတော်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ၊ ကျွန်တော့် အခွေကိုလည်း အားပေးနားဆင်ကြပါဦး" လို့ တေးသံရှင် ဘ၀ က ပြောပါတယ်။

သူဟာ ပြင်ဦးလွင်မှာ နေထိုင်သူတစ်ဦးလည်းဖြစ်သလို သူ့ရဲ့ ပထမဆုံး တေးသီချင်းခွေအတွက် စာနယ်ဇင်း မိတ်ဆက်အပ်နှံပွဲ ကျင်းပဖို့ ရန်ကုန်မြို့ကို ဇူလိုင်လ ၁၈ ရက် မနက်ပိုင်းမှာ ရောက်ရှိလာခဲ့ပြီး မွန်းလွဲပိုင်းမှာ အခမ်းအနားကို Orchid ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော့်အနေနဲ့ အဆိုတော်တော်တော်များများရဲ့ တေးသီချင်းတွေကို တီးခတ်ခဲ့ဖူးပါတယ်၊ အခု သူ့သီချင်းတွေဟာ တော်တော်လေးလည်း ကောင်းတယ်လို့ မြင်မိပါတယ်၊ သူဟာ သတိထားစောင့်ကြည့်ရမယ့် အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်" လို့ တီးခတ်သူ ကိုသားကြီး က ပြောပါတယ်။

တေးသီချင်း ပြိုင်ပွဲမှာတုန်းက ဖိုးပြည့် ရဲ့ ကိုယ်စောင့်နတ် သီချင်းကို ရပ်ဂေးလ်ဖြင့် ပြောင်းလဲသီဆိုခဲ့တာကြောင့် ဝေဖန်ခံရတာတွေဖြစ်ခဲ့သလို ယခုတေးစီးရီးခွေမှာတော့ သူကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းတွေ အပါအဝင် ကိုယ်ပိုင်သံစဉ် တေးသီချင်းတွေလည်း ဖြစ်ပါတယ်။သူ့ရဲ့အခွေထဲမှာ ဒဏ်ရာများကြောင့်၊ မန္တလေးသူ၊ နတ်ပြည်တက်မယ် အစရှိတဲ့ တေးသီချင်းတွေ အပါအဝင် တေးသီချင်း ၁၀ ပုဒ် ထည့်သွင်းထားပြီး ထုံကြီး၊ လေလှိုင်း၊ ငြိမ်ချမ်းအောင်၊ အဲယ်လင်း၊ ကူကူး နဲ့ သူကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းတွေ ပါဝင်ပါတယ်။တေးစီးရီးခွေထဲမှာ ဂီတအမျိုးအစားအစုံ ထည့်သွင်းထားပြီး The Sun Music Production ကနေ ဖြန့်ချီမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုအခွေသစ် ထွက်ရှိတဲ့ အထိမ်းအမှတ်အနေနဲ့ တေးသံရှင် ဘ၀ က ဇူလိုင် ၂၁ ရက် မှာလည်း ဖျော်ဖြေပွဲတစ်ရပ်ကို မန္တလေးမြို့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် - ၁၉

( Zawgyi )

ျမန္မာႏိုင္ငံမွာ ထင္ရွားေသာ ေတးသီခ်င္းဆိုၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ The Voice Myanmar ၿပိဳင္ပြဲကေန ဂီတလမ္းေၾကာင္းေပၚ ေရာက္ရွိလာေသာ ေတးသံရွင္ ဘ၀ ဟာ "နတ္ျပည္တက္မယ္" လို႔ နာမည္ရေသာ သူ႔ရဲ႕ ပထမဆုံးေတးသီခ်င္းေခြကို ဇူလိုင္လ (၁၈) ရက္က စာနယ္ဇင္းေတြနဲ႔ မိတ္ဆက္ခဲ့ပါတယ္။

"ကြၽန္ေတာ္ကိုယ္တိုင္ ေရးထားတဲ့ ေတးသီခ်င္းလည္း ပါပါတယ္၊ ကြၽန္ေတာ္ ဆယ္တန္းေက်ာင္းသား ဘဝကတည္းက စိတ္ကူးနဲ႔ပုံေဖာ္ခဲ့ဖူးတဲ့ ေတးသီခ်င္းေတြကို အခုေဖာ္ထုတ္ႏိုင္ခဲ့တာပါ၊ ကြၽန္ေတာ္ဟာ ငယ္ငယ္ကတည္းက အဆိုေတာ္တစ္ေယာက္ ျဖစ္ခ်င္ခဲ့တာပါ၊ ကြၽန္ေတာ့္ အေခြကိုလည္း အားေပးနားဆင္ၾကပါဦး" လို႔ ေတးသံရွင္ ဘ၀ က ေျပာပါတယ္။

သူဟာ ျပင္ဦးလြင္မွာ ေနထိုင္သူတစ္ဦးလည္းျဖစ္သလို သူ႔ရဲ႕ ပထမဆုံး ေတးသီခ်င္းေခြအတြက္ စာနယ္ဇင္း မိတ္ဆက္အပ္ႏွံပြဲ က်င္းပဖို႔ ရန္ကုန္ၿမိဳ႕ကို ဇူလိုင္လ ၁၈ ရက္ မနက္ပိုင္းမွာ ေရာက္ရွိလာခဲ့ၿပီး မြန္းလြဲပိုင္းမွာ အခမ္းအနားကို Orchid ဟိုတယ္မွာ က်င္းပခဲ့တာ ျဖစ္ပါတယ္။

"ကြၽန္ေတာ့္အေနနဲ႔ အဆိုေတာ္ေတာ္ေတာ္မ်ားမ်ားရဲ႕ ေတးသီခ်င္းေတြကို တီးခတ္ခဲ့ဖူးပါတယ္၊ အခု သူ႔သီခ်င္းေတြဟာ ေတာ္ေတာ္ေလးလည္း ေကာင္းတယ္လို႔ ျမင္မိပါတယ္၊ သူဟာ သတိထားေစာင့္ၾကည့္ရမယ့္ အဆိုေတာ္တစ္ဦးလည္း ျဖစ္ပါတယ္" လို႔ တီးခတ္သူ ကိုသားႀကီး က ေျပာပါတယ္။

ေတးသီခ်င္း ၿပိဳင္ပြဲမွာတုန္းက ဖိုးျပည့္ ရဲ႕ ကိုယ္ေစာင့္နတ္ သီခ်င္းကို ရပ္ေဂးလ္ျဖင့္ ေျပာင္းလဲသီဆိုခဲ့တာေၾကာင့္ ေဝဖန္ခံရတာေတြျဖစ္ခဲ့သလို ယခုေတးစီးရီးေခြမွာေတာ့ သူကိုယ္တိုင္ ေရးစပ္ထားတဲ့ သီခ်င္းေတြ အပါအဝင္ ကိုယ္ပိုင္သံစဥ္ ေတးသီခ်င္းေတြလည္း ျဖစ္ပါတယ္။သူ႔ရဲ႕အေခြထဲမွာ ဒဏ္ရာမ်ားေၾကာင့္၊ မႏၲေလးသူ၊ နတ္ျပည္တက္မယ္ အစရွိတဲ့ ေတးသီခ်င္းေတြ အပါအဝင္ ေတးသီခ်င္း ၁၀ ပုဒ္ ထည့္သြင္းထားၿပီး ထုံႀကီး၊ ေလလႈိင္း၊ ၿငိမ္ခ်မ္းေအာင္၊ အဲယ္လင္း၊ ကူကူး နဲ႔ သူကိုယ္တိုင္ ေရးစပ္ထားတဲ့ သီခ်င္းေတြ ပါဝင္ပါတယ္။ေတးစီးရီးေခြထဲမွာ ဂီတအမ်ိဳးအစားအစုံ ထည့္သြင္းထားၿပီး The Sun Music Production ကေန ျဖန႔္ခ်ီမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ထိုအေခြသစ္ ထြက္ရွိတဲ့ အထိမ္းအမွတ္အေနနဲ႔ ေတးသံရွင္ ဘ၀ က ဇူလိုင္ ၂၁ ရက္ မွာလည္း ေဖ်ာ္ေျဖပြဲတစ္ရပ္ကို မႏၲေလးၿမိဳ႕မွာ က်င္းပဖို႔ စီစဥ္ထားပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ - ၁၉