【 ဗေဒင် 】တနင်္လာသားသမီးများအတွက် ယခုတစ်ပတ်ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊စီးပွားရေး၊ပညာရေးစတဲ့ အောင်မြင်လိုသော ကိစ္စအဝဝအတွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက် တာ အကောင်းဆုံးပါ။ ယခုရက်ပိုင်း လုပ်ငန်းသစ် စတာတွေ၊ အလုပ် အကိုင်ပြောင်း တာတွေ လုပ်ဖို့ကောင်းတဲ့ အချိန်အခါကောင်းပါ။ ငွေဝင်ကောင်း သလို ငွေထွက်လည်း များနေလို့  အဖတ်မတင်ဖြစ်တတ်တဲ့ အချိန်အခါ ပါ။ ဆုံးရှုံးပြီလို့ထင်တဲ့ ပစ္စည်းတွေ၊ ငွေကြေးတွေ ပြန်ဝင်တတ်သလို ရှိနေတဲ့ အခက်အခဲတွေ ပြေလည်မယ့် အချိန်ကာလပါဘဲ။ ပြည်တွင်းပြည်ပ ခရီးတွေ သွားရတတ်သလို စီစဉ်ထားရင်လည်း အဆင်ပြေသွား တတ်ပါတယ်။ ဒီကာလမှာ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဗုဒ္ဓဟူးနံဖြစ်တဲ့ ရွှေ၊ရေ စတဲ့ လုပ်ငန်းလုပ်ကိုင်သူ စီပွားရေးလုပ်ငန်းတွေ အလုပ်ပြန်ဖြစ်မယ့်ကာလ ဖြစ်ပါတယ်။ ဒါပေမယ့် လူမျိုးခြားနဲ့ စပ်တူ လုပ်ရမယ့် အလုပ်တွေ၊ အစုရှယ်ယာအလုပ်တွေကို ခဏရှောင်ပါဦး။ ကျန်းမာရေးကတော့ ညံ့တတ်လို့ သွားတာ လာတာက အစ သတိထား သင့်ပါတယ်။ ပညာရေးကတော့ မထင်မှတ်ဘဲ လိုချင်နေတဲ့ ပညာသင်ရ တဲ့ အခွင့်အလမ်းရှိနေပါတယ်။ အိမ်ထောင်ရှင်များ ၊ ချစ်သူတွေကတော့ ဒီရက်ပိုင်းပူပန်ရတာတွေ၊ အထစ်အငေါ့တွေရှိပေမယ့် ပြန်ပြေလည် သွားပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ယခုတစ်ပတ်လုံး နံနက်စောစော ထ၍ ဘုရားရှင်အား သောက်တော်ရေချမ်းကပ်လှူကာ ရှင်သီဝလိ ဂါထာကို ၉ ခေါက်တိတိကို ရွတ်ဆိုအာရုံပြုပေးပါ။

ပြည်ပထွက်ခွာလိုသူများ။  ။ သွားလိုသောအရပ်ထောင့်ရှိ သက်ကြီး ရွယ် အို များ၊ဂုဏ်အားဖြင့် ကြီးမြတ်သူများကို နေရာထိုင်ခင်းတစ်ခုခုလှူဒါန်းပါ။
 
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ မိမိလျှောက်ထားသည့် အလုပ် နာမည် ကို ခေါင်းအုံးအောက်ထား အိပ်ကာ မေတ္တာပို့ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။   ။ အိမ်ရှိဘုရားစင် တွင် နှစ်ဦး၏နေ့သင့်နံသင့် ပန်းကို ပန်းအိုးတစ်အိုး ဖြင့် သက်သက် ထိုး ကာ ယခုတစ်ပတ်လုံး ဘုရားပူဇော်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။ဘုရားစေတီသို့ သွားကာ ရင်ပြင်ရှိပန်းခြောက် များ၊သစ်ရွက်ခြောက်များ၊ အမှိုက်များကောက်ကာ ရှင်းလင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ဘုန်းကြီးကျောင်းတွင်ကုဋီကိုရေလောင်းဆေးကြောရင်းမေတ္တာပို့ပါ။

ထီကံကောင်းလိုသူများ။    ။ တနလာၤနံထီဆိုင်တွင် ၃ ဂဏန်းများ များ ပါသောထီကိုထိုးပါ။

(  Zawgyi  )

 ယခုတစ္ပတ္ လူမႈေရး၊စီးပြားေရး၊ပညာေရးစတဲ့ ေအာင္ျမင္လိုေသာ ကိစၥအဝဝအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ တာ အေကာင္းဆုံးပါ။ ယခုရက္ပိုင္း လုပ္ငန္းသစ္ စတာေတြ၊ အလုပ္ အကိုင္ေျပာင္း တာေတြ လုပ္ဖို႔ေကာင္းတဲ့ အခ်ိန္အခါေကာင္းပါ။ ေငြဝင္ေကာင္း သလို ေငြထြက္လည္း မ်ားေနလို႔  အဖတ္မတင္ျဖစ္တတ္တဲ့ အခ်ိန္အခါ ပါ။ ဆုံးရႈံးၿပီလို႔ထင္တဲ့ ပစၥည္းေတြ၊ ေငြေၾကးေတြ ျပန္ဝင္တတ္သလို ရွိေနတဲ့ အခက္အခဲေတြ ေျပလည္မယ့္ အခ်ိန္ကာလပါဘဲ။ ျပည္တြင္းျပည္ပ ခရီးေတြ သြားရတတ္သလို စီစဥ္ထားရင္လည္း အဆင္ေျပသြား တတ္ပါတယ္။ ဒီကာလမွာ ခရီးသြားလုပ္ငန္းလုပ္ကိုင္သူေတြနဲ႔ ဗုဒၶဟူးနံျဖစ္တဲ့ ေ႐ႊ၊ေရ စတဲ့ လုပ္ငန္းလုပ္ကိုင္သူ စီပြားေရးလုပ္ငန္းေတြ အလုပ္ျပန္ျဖစ္မယ့္ကာလ ျဖစ္ပါတယ္။ ဒါေပမယ့္ လူမ်ိဳးျခားနဲ႔ စပ္တူ လုပ္ရမယ့္ အလုပ္ေတြ၊ အစုရွယ္ယာအလုပ္ေတြကို ခဏေရွာင္ပါဦး။ က်န္းမာေရးကေတာ့ ညံ့တတ္လို႔ သြားတာ လာတာက အစ သတိထား သင့္ပါတယ္။ ပညာေရးကေတာ့ မထင္မွတ္ဘဲ လိုခ်င္ေနတဲ့ ပညာသင္ရ တဲ့ အခြင့္အလမ္းရွိေနပါတယ္။ အိမ္ေထာင္ရွင္မ်ား ၊ ခ်စ္သူေတြကေတာ့ ဒီရက္ပိုင္းပူပန္ရတာေတြ၊ အထစ္အေငါ့ေတြရွိေပမယ့္ ျပန္ေျပလည္ သြားပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ယခုတစ္ပတ္လုံး နံနက္ေစာေစာ ထ၍ ဘုရားရွင္အား ေသာက္ေတာ္ေရခ်မ္းကပ္လႉကာ ရွင္သီဝလိ ဂါထာကို ၉ ေခါက္တိတိကို ႐ြတ္ဆိုအာ႐ုံျပဳေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။  ။ သြားလိုေသာအရပ္ေထာင့္ရွိ သက္ႀကီး ႐ြယ္ အို မ်ား၊ဂုဏ္အားျဖင့္ ႀကီးျမတ္သူမ်ားကို ေနရာထိုင္ခင္းတစ္ခုခုလႉဒါန္းပါ။
 
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ မိမိေလွ်ာက္ထားသည့္ အလုပ္ နာမည္ ကို ေခါင္းအုံးေအာက္ထား အိပ္ကာ ေမတၱာပို႔ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။   ။ အိမ္ရွိဘုရားစင္ တြင္ ႏွစ္ဦး၏ေန႔သင့္နံသင့္ ပန္းကို ပန္းအိုးတစ္အိုး ျဖင့္ သက္သက္ ထိုး ကာ ယခုတစ္ပတ္လုံး ဘုရားပူေဇာ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ဘုရားေစတီသို႔ သြားကာ ရင္ျပင္ရွိပန္းေျခာက္ မ်ား၊သစ္႐ြက္ေျခာက္မ်ား၊ အမႈိက္မ်ားေကာက္ကာ ရွင္းလင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုန္းႀကီးေက်ာင္းတြင္ကုဋီကိုေရေလာင္းေဆးေၾကာရင္းေမတၱာပို႔ပါ။

ထီကံေကာင္းလိုသူမ်ား။    ။ တနလာနႍထီဆိုင္တြင္ ၃ ဂဏန္းမ်ား မ်ား ပါေသာထီကိုထိုးပါ။