အစိုးရတပ်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အိုင်ဒလစ်တွင် ၁၈ ဦးသေဆုံး

အစိုးရတပ်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အိုင်ဒလစ်တွင် ၁၈ ဦးသေဆုံး

သူပုန်တွေ ထိန်းချူပ်ထားတဲ့ ဆီရီယားနိုင်ငံ၏ အနောက်မြောက်ပိုင်းမှာရှိတဲ့ အိုင်ဒလစ်မြို့ကို ဆီးရီးယား အစိုးရတပ်တွေက လေကြောင်းကနေ တိုက်ခိုက်ရာမှာ ကလေးသူငယ်တွေ အပါအဝင် သေဆုံးသူ ၁၈ ဦးရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သူတွေက ထုတ်ပြန်ခဲ့ပါတယ်။

ဆီရီးယားနိုင်ငံ၏ အနောက်မြောက်ပိုင်းမှာ လက်ရှိသမ္မတ အာဆက် ကို တော်လှန်သူတွေအတွက် အဓိကနေရာဖြစ်ပြီး၊ ၎င်းတို့က  တစ်နိုင်ငံလုံးကို သူတို့လက်ထဲရသည်အထိ တိုက်ပွဲဝင်မယ်လို့ သစ္စာဆိုထားတဲ့သူတွေ ဖြစ်ပါတယ်။

ဒေသတွင်းသတင်းဌာန ဖော်ပြချက်မှာတော့ ပိုလ်းမီးရားဒေသမှာ  ဓာတ်မြေသြဇာတွေ တင်ဆောင်လာတဲ့ ရထားတစ်စင်းဟာ အမည်မသိအဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရထားလမ်းချော်ခဲ့ပြီး၊ ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ ထိုဒေသတွင်း ဘာသာရေး အစွန်းရောက်သမားတွေ လှုပ်ရှားနေသေးတဲ့ နေရာလည်း ဖြစ်ပါတယ်။ယခုလို သေဆုံးမှုတွေကို ဖြစ်ပေါ်စေတဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို လုပ်တဲ့သူတွေကတော့ ရုရှားဘက်ကလို့ စွပ်စွဲထားပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့ ထုတ်ပြန်ချက်အရ ဧပြီလနောက်ပိုင်းကစပြီး ဆီးရီးယားအစိုးရနဲ့ ရုရှားတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူပေါင်း ၆၈၂ ဦးရှိပြီလို့ ဖော်ပြထားပါတယ်။ထို့ပြင် သူပုန်တွေ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူပေါင်း ၅၃ ဦး ရှိပြီဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

Linko
Ref : middleeast monitor
ဒမတ်စကတ်၊ ဇူလိုင် - ၂၂

( Zawgyi )

သူပုန္ေတြ ထိန္းခ်ဴပ္ထားတဲ့ ဆီရီယားႏိုင္ငံ၏ အေနာက္ေျမာက္ပိုင္းမွာရွိတဲ့ အိုင္ဒလစ္ၿမိဳ႕ကို ဆီးရီးယား အစိုးရတပ္ေတြက ေလေၾကာင္းကေန တိုက္ခိုက္ရာမွာ ကေလးသူငယ္ေတြ အပါအဝင္ ေသဆုံးသူ ၁၈ ဦးရွိေၾကာင္း လူ႔အခြင့္အေရး ေစာင့္ၾကည့္သူေတြက ထုတ္ျပန္ခဲ့ပါတယ္။

ဆီရီးယားႏိုင္ငံ၏ အေနာက္ေျမာက္ပိုင္းမွာ လက္ရွိသမၼတ အာဆက္ ကို ေတာ္လွန္သူေတြအတြက္ အဓိကေနရာျဖစ္ၿပီး၊ ၎တို႔က  တစ္ႏိုင္ငံလုံးကို သူတို႔လက္ထဲရသည္အထိ တိုက္ပြဲဝင္မယ္လို႔ သစၥာဆိုထားတဲ့သူေတြ ျဖစ္ပါတယ္။

ေဒသတြင္းသတင္းဌာန ေဖာ္ျပခ်က္မွာေတာ့ ပိုလ္းမီးရားေဒသမွာ  ဓာတ္ေျမၾသဇာေတြ တင္ေဆာင္လာတဲ့ ရထားတစ္စင္းဟာ အမည္မသိအဖြဲ႕၏ မိုင္းခြဲတိုက္ခိုက္မႈေၾကာင့္ ရထားလမ္းေခ်ာ္ခဲ့ၿပီး၊ ဒဏ္ရာရရွိသူေတြ ရွိခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

လက္ရွိမွာ ထိုေဒသတြင္း ဘာသာေရး အစြန္းေရာက္သမားေတြ လႈပ္ရွားေနေသးတဲ့ ေနရာလည္း ျဖစ္ပါတယ္။ယခုလို ေသဆုံးမႈေတြကို ျဖစ္ေပၚေစတဲ့ ေလေၾကာင္းကေန တိုက္ခိုက္မႈေတြကို လုပ္တဲ့သူေတြကေတာ့ ႐ုရွားဘက္ကလို႔ စြပ္စြဲထားပါတယ္။

လူ႔အခြင့္အေရး ေစာင့္ၾကည့္တဲ့အဖြဲ႕ ထုတ္ျပန္ခ်က္အရ ဧၿပီလေနာက္ပိုင္းကစၿပီး ဆီးရီးယားအစိုးရနဲ႔ ႐ုရွားတို႔ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ေသဆုံးသူေပါင္း ၆၈၂ ဦးရွိၿပီလို႔ ေဖာ္ျပထားပါတယ္။ထို႔ျပင္ သူပုန္ေတြ၏ တိုက္ခိုက္မႈေၾကာင့္ ေသဆုံးသူေပါင္း ၅၃ ဦး ရွိၿပီျဖစ္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

Linko
Ref : middleeast monitor
ဒမတ္စကတ္၊ ဇူလိုင္ - ၂၂