တတိယကမ္ဘာစစ်ကြီးဖြစ်တော့မလား

  တတိယကမ္ဘာစစ်ကြီးဖြစ်တော့မလား

အီရန်နဲ့ အမေရိကန်တို့အကြားမှာကိုက်ညီမှုမဖြစ်တဲ့ အမျိုးသား ရည်မှန်း ချက်တွေ ရှိနေပါတယ်။ ဘယ်ဖက်ကမှ အသာစီးလည်းရမသွားနိုင်ပါဘူး။ကံအကောင်းအကြောင်းမလှစွာမိမိတို့ ကြုံတွေ့နေရသည့် ပြဿနာများ သည် ထင်မှတ်ထားသည်ထက် ပြဿနာများရှိနေပြီး ဒုတိယကမ္ဘာစစ် ထက် ပိုမိုရှုပ်ထွေးပါတယ်။

အကောင်းဆုံးဥပမာတစ်ခုကတော့ အမေရိကရဲ့ အဓိကရန်သူဖြစ်တဲ့ အီရန် (ရုရှား၊ တရုတ်နှင့် ဥရောပသမဂ္ဂတို့ကထောက်ပ့ံထားပါတယ်) က လွန်ခဲ့တဲ့ နှစ် ၄၀ တုန်းက အမေရိကကို စစ်ကြေညာ ခဲ့ပြီး အမေရိက ကိုခြေမှုန်းဖို့ (အမေရိကန်ကျဆုံးရေ)၊ အစ္စရေးကိုခြေမှုန်းဖို့ (အစ္စရေး ကျဆုံးရေး) တို့ကိုဆက်တိုက် ဟောပြောလာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုတရားရုံးများကအီရန်ခေါင်းဆောင်များသည် ၉/၁၁ တိုက်ခိုက်မှုကိုလုပ်ဆောင်ရန် အယ်လ်ကိုင်ဒါများအား ပံ့ပိုးမှုပေးခဲ့ကြောင်း ဆုံးဖြတ်ခဲ့သလို ယင်းခေါင်းဆောင်များက အယ်လ်ကိုင်ဒါ များအားဒေါ်လာဘီလျံပေါင်းများစွာကိုပေးခဲ့ကြောင်းစီရင်ချက်ချခဲ့သည့်အပြင် အမေရိကန်နိုင်ငံအတွင်းရှိအီရန်နိုင်ငံသားများပိုင်ဆိုင်သည့် ပစ္စည်း များကိုသိမ်းယူရန် အမိန့်ချမှတ်မှုများရှိခဲ့ပါတယ်။

ခေါင်းငုံ့မခံသည့် အီရန်နိုင်ငံကလည်းအတော်အသင့် အောင်မြင်သည်ဟု ဆိုနိုင်သည့် ခေတ်သစ် တိုက်ခိုက်ရေး ပုံစံခြောက်မျိုးကို အသုံးပြုခဲ့ရာ မှာရုပ်ပိုင်း၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ဥပဒေရေးရာ၊ လူဦးရေနှင့် ဆိုက်ဘာ နည်းလမ်းတို့ ပါဝင်ခဲ့ပါတယ်။ ရုပ်ပိုင်းကဏ္ဍမှာတိုက်ခိုက်ရေးအဖြစ် အကြမ်းဖက်အဖွဲ့အစည်းသုံးဖွဲ့၊ မူးယစ်ဆေးဝါး အသုံးချ အကြမ်းဖက် လုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာအကြမ်းဖက်လုပ်ငန်းတို့ဖြစ်ပြီး နိုင်ငံပေါင်း ၃၀ ကျော်မှာလုပ်ဆောင်နေသူ ၄သိန်းခွဲခန့် ရှိနေပါတယ်။

ခုခံတားဆီးမှု လုပ်ဆောင်တဲ့အနေနဲ့ အမေရိကန်ကအခြေခံအားဖြင့် စီးပွားရေးစစ်ပွဲ၊ ဆိုက်ဘာစစ်ပွဲနည်းလမ်းနဲ့၊ များစွာကန့်သတ်ထားတဲ့ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကိုမသိမသာလုပ်ဆောင်နေပါတယ်။ အမေရိကန်အနေနဲ့ အီရန်နိုင်ငံအပေါ် ယဉ်ကျေးမှု၊ ဥပဒေရေးရာနဲ့ လူဦးရေအင်အားစတဲ့ နည်းလမ်းတွေနဲ့ အီရန်ကိုအသုံးမချသေးပါဘူး။
ဒီနေရာမှာဘာတွေ ဖြစ်နေသလဲ၊ ကျွန်တော်တို့နဲ့ သူတို့အကြားမှာ မဟာဗျူဟာပိုင်းဆိုင်ရာ အံမဝင်မှုတွေ ဘာကြောင့် ဖြစ်နေသလဲ။

အီရန်ကတစ်မိန့်တစ်သံတည်းနဲ့ ပြောဆိုလုပ်ဆောင်နေတဲ့ အာဏာရှင်နိုင်ငံဖြစ်နေ တာအဓိကအချက်ပါ။ တစ်ဖက်မှာလည်းအမေရိကန် ကလေသံ အမျိုးမျိုးနဲ့ ပြောဆိုလုပ်ဆောင်နေတဲ့ ဒီမိုကရေစီ  နိုင်ငံ ဖြစ်နေတာကြောင့် ကြီးမားစွာကွာဟတဲ့ လုပ်ဆောင်ချက်တွေ ရှိနေပါ တယ်။

အီရန်ရဲ့ ရည်မှန်းချက်ကကမ္ဘာကြီးကို ချုပ်ကိုင်ဖို့၊ လူတိုင်းကို အစ္စလာမ် ဘာသာအဖြစ် အထူးသဖြင့် သူတို့ရဲ့ ရှီးအိုက်ဝါဒီဖြစ်လာဖို့ စစ်ဆင်ရေး ပုံစံအမျိုးမျိုးကိုအသုံးပြုနေခြင်း ဖြစ်ပါတယ်။ တစ်ဖက်မှာ အမေရိကန်ရဲ့ ရည်မှန်းချက်ကတော့ ငြိမ်းချမ်းကြွယ်ဝစွာ နေထိုင်ဖို့ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်ရာမှာဒီမိုကရေစီနိုင်ငံများ (ကမ္ဘာ့ လူဦးရေ၏ ၅၀ ရာခိုင်နှုန်း) နဲ့ အာဏာရှင်နိုင်ငံများ (ကျန် ၅၀ ရာခိုင်နှုန်း) တို့ကိုတိုက်တွန်းသွားရေးပဲ ဖြစ်ပါတယ်။

အီရန်နဲ့ အမေရိကန်တို့အကြားမှာကိုက်ညီမှုမဖြစ်တဲ့ အမျိုးသား ရည်မှန်း ချက်တွေ ရှိနေပါတယ်။ ဘယ်ဖက်ကမှ အသာစီးလည်းရမသွားနိုင်ပါဘူး။ဒါ့ကြောင့်မိမိတို့ဟာမလွှဲမရှောင်သာတတိယကမ္ဘာစစ်ထဲကိုရောက်နေပြီးဘာတွေဖြစ်လာမလဲဆိုတာမတွေးရဲလောက်အောင်ပါပဲ။ အခု ကတော့ အောင်မြင်ဖို့ မဟာဗျူဟာတစ်ခုကိုဖန်တီးဖို့ပါပဲ။

(ဆောင်းပါးရေးသူ အေဘရာမိုဝစ်ဇ်သည် Citizen for National Security အဖွဲ့၏ ဥက္ကဌ ဖြစ်ပါတယ်)

Linko
Ref: JNS

(  Zawgyi  )

 အီရန္နဲ႔ အေမရိကန္တို႔အၾကားမွာကိုက္ညီမႈမျဖစ္တဲ့ အမ်ိဳးသား ရည္မွန္း ခ်က္ေတြ ရွိေနပါတယ္။ ဘယ္ဖက္ကမွ အသာစီးလည္းရမသြားနိုင္ပါဘူး။ကံအေကာင္းအေၾကာင္းမလွစြာမိမိတို႔ ၾကဳံေတြ႕ေနရသည့္ ျပႆနာမ်ား သည္ ထင္မွတ္ထားသည္ထက္ ျပႆနာမ်ားရွိေနၿပီး ဒုတိယကမၻာစစ္ ထက္ ပိုမိုရႈပ္ေထြးပါတယ္။

အေကာင္းဆုံးဥပမာတစ္ခုကေတာ့ အေမရိကရဲ့ အဓိကရန္သူျဖစ္တဲ့ အီရန္ (႐ုရွား၊ တ႐ုတ္ႏွင့္ ဥေရာပသမဂၢတို႔ကေထာက္ပ့ံထားပါတယ္) က လြန္ခဲ့တဲ့ ႏွစ္ ၄၀ တုန္းက အေမရိကကို စစ္ေၾကညာ ခဲ့ၿပီး အေမရိက ကိုေျခမႈန္းဖို႔ (အေမရိကန္က်ဆုံးေရ)၊ အစၥေရးကိုေျခမႈန္းဖို႔ (အစၥေရး က်ဆုံးေရး) တို႔ကိုဆက္တိုက္ ေဟာေျပာလာခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုတရား႐ုံးမ်ားကအီရန္ေခါင္းေဆာင္မ်ားသည္ ၉/၁၁ တိုက္ခိုက္မႈကိုလုပ္ေဆာင္ရန္ အယ္လ္ကိုင္ဒါမ်ားအား ပံ့ပိုးမႈေပးခဲ့ေၾကာင္း ဆုံးျဖတ္ခဲ့သလို ယင္းေခါင္းေဆာင္မ်ားက အယ္လ္ကိုင္ဒါ မ်ားအားေဒၚလာဘီလ်ံေပါင္းမ်ားစြာကိုေပးခဲ့ေၾကာင္းစီရင္ခ်က္ခ်ခဲ့သည့္အျပင္ အေမရိကန္နိုင္ငံအတြင္းရွိအီရန္နိုင္ငံသားမ်ားပိုင္ဆိုင္သည့္ ပစၥည္း မ်ားကိုသိမ္းယူရန္ အမိန႔္ခ်မွတ္မႈမ်ားရွိခဲ့ပါတယ္။

ေခါင္းငုံ႔မခံသည့္ အီရန္နိုင္ငံကလည္းအေတာ္အသင့္ ေအာင္ျမင္သည္ဟု ဆိုနိုင္သည့္ ေခတ္သစ္ တိုက္ခိုက္ေရး ပုံစံေျခာက္မ်ိဳးကို အသုံးျပဳခဲ့ရာ မွာ႐ုပ္ပိုင္း၊ ယဥ္ေက်းမႈ၊ စီးပြားေရး၊ ဥပေဒေရးရာ၊ လူဦးေရႏွင့္ ဆိုက္ဘာ နည္းလမ္းတို႔ ပါဝင္ခဲ့ပါတယ္။ ႐ုပ္ပိုင္းက႑မွာတိုက္ခိုက္ေရးအျဖစ္ အၾကမ္းဖက္အဖြဲ႕အစည္းသုံးဖြဲ႕၊ မူးယစ္ေဆးဝါး အသုံးခ် အၾကမ္းဖက္ လုပ္ငန္းႏွင့္ ယဥ္ေက်းမႈဆိုင္ရာအၾကမ္းဖက္လုပ္ငန္းတို႔ျဖစ္ၿပီး နိုင္ငံေပါင္း ၃၀ ေက်ာ္မွာလုပ္ေဆာင္ေနသူ ၄သိန္းခြဲခန႔္ ရွိေနပါတယ္။

ခုခံတားဆီးမႈ လုပ္ေဆာင္တဲ့အေနနဲ႔ အေမရိကန္ကအေျခခံအားျဖင့္ စီးပြားေရးစစ္ပြဲ၊ ဆိုက္ဘာစစ္ပြဲနည္းလမ္းနဲ႔၊ မ်ားစြာကန႔္သတ္ထားတဲ့ ႐ုပ္ပိုင္းဆိုင္ရာတိုက္ခိုက္မႈေတြကိုမသိမသာလုပ္ေဆာင္ေနပါတယ္။ အေမရိကန္အေနနဲ႔ အီရန္နိုင္ငံအေပၚ ယဥ္ေက်းမႈ၊ ဥပေဒေရးရာနဲ႔ လူဦးေရအင္အားစတဲ့ နည္းလမ္းေတြနဲ႔ အီရန္ကိုအသုံးမခ်ေသးပါဘူး။
ဒီေနရာမွာဘာေတြ ျဖစ္ေနသလဲ၊ ကၽြန္ေတာ္တို႔နဲ႔ သူတို႔အၾကားမွာ မဟာဗ်ဴဟာပိုင္းဆိုင္ရာ အံမဝင္မႈေတြ ဘာေၾကာင့္ ျဖစ္ေနသလဲ။

အီရန္ကတစ္မိန႔္တစ္သံတည္းနဲ႔ ေျပာဆိုလုပ္ေဆာင္ေနတဲ့ အာဏာရွင္နိုင္ငံျဖစ္ေန တာအဓိကအခ်က္ပါ။ တစ္ဖက္မွာလည္းအေမရိကန္ ကေလသံ အမ်ိဳးမ်ိဳးနဲ႔ ေျပာဆိုလုပ္ေဆာင္ေနတဲ့ ဒီမိုကေရစီ  နိုင္ငံ ျဖစ္ေနတာေၾကာင့္ ႀကီးမားစြာကြာဟတဲ့ လုပ္ေဆာင္ခ်က္ေတြ ရွိေနပါ တယ္။

အီရန္ရဲ့ ရည္မွန္းခ်က္ကကမၻာႀကီးကို ခ်ဳပ္ကိုင္ဖို႔၊ လူတိုင္းကို အစၥလာမ္ ဘာသာအျဖစ္ အထူးသျဖင့္ သူတို႔ရဲ့ ရွီးအိုက္ဝါဒီျဖစ္လာဖို႔ စစ္ဆင္ေရး ပုံစံအမ်ိဳးမ်ိဳးကိုအသုံးျပဳေနျခင္း ျဖစ္ပါတယ္။ တစ္ဖက္မွာ အေမရိကန္ရဲ့ ရည္မွန္းခ်က္ကေတာ့ ၿငိမ္းခ်မ္းႂကြယ္ဝစြာ ေနထိုင္ဖို႔ ကမၻာ့စီးပြားေရး ဖြံ့ၿဖိဳးတိုးတက္ ေအာင္ လုပ္ေဆာင္ရာမွာဒီမိုကေရစီနိုင္ငံမ်ား (ကမၻာ့ လူဦးေရ၏ ၅၀ ရာခိုင္ႏႈန္း) နဲ႔ အာဏာရွင္နိုင္ငံမ်ား (က်န္ ၅၀ ရာခိုင္ႏႈန္း) တို႔ကိုတိုက္တြန္းသြားေရးပဲ ျဖစ္ပါတယ္။

အီရန္နဲ႔ အေမရိကန္တို႔အၾကားမွာကိုက္ညီမႈမျဖစ္တဲ့ အမ်ိဳးသား ရည္မွန္း ခ်က္ေတြ ရွိေနပါတယ္။ ဘယ္ဖက္ကမွ အသာစီးလည္းရမသြားနိုင္ပါဘူး။ဒါ့ေၾကာင့္မိမိတို႔ဟာမလႊဲမေရွာင္သာတတိယကမၻာစစ္ထဲကိုေရာက္ေနၿပီးဘာေတြျဖစ္လာမလဲဆိုတာမေတြးရဲေလာက္ေအာင္ပါပဲ။ အခု ကေတာ့ ေအာင္ျမင္ဖို႔ မဟာဗ်ဴဟာတစ္ခုကိုဖန္တီးဖို႔ပါပဲ။

(ေဆာင္းပါးေရးသူ ေအဘရာမိုဝစ္ဇ္သည္ Citizen for National Security အဖြဲ႕၏ ဥကၠဌ ျဖစ္ပါတယ္)

Linko
Ref: JNS