တောင်ကိုရီးယားက ဟော့မုဇ်ရေလက်ကြားသို့ ရေတပ်စေလွှတ်မည့် သတင်းထွက်ပေါ်

တောင်ကိုရီးယားက ဟော့မုဇ်ရေလက်ကြားသို့ ရေတပ်စေလွှတ်မည့် သတင်းထွက်ပေါ်

တောင်ကိုရီးယားက အရှေ့အလယ်အပိုင်းဒေသရှိ အမေရိကန် ရေတပ်ဖွဲ့နှင့် ပူးပေါင်းမည့် ရေတပ်တစ်ဖွဲ့ကို စေလွှတ်ရန် စီစဉ်နေကြောင်း Maekyung သတင်းစာက ဇူလိုင် ၂၉ ရက်မှာ ရေးသားဖော်ပြလိုက်ပါတယ်။

အဆိုပါ ရေတပ်အုပ်စုတွင် ဖျက်သင်္ဘောတစ်စင်းလည်း ပါဝင်မည်ဖြစ်ကာ ဟော့မုဇ်ရေလက်ကြားသို့ ဖြတ်သန်းသည့် ရေနံတင်သင်္ဘောများကို စောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်။

အီရန်ကမ်းလွန်အနီး အဆိုပါရေလက်ကြားသို့ ဖြတ်သန်းသည့် ရေနံတင်သင်္ဘောများ ပြီးခဲ့သည့်လများအတွင်း တိုက်ခိုက်ခဲ့ရမှုကြောင့် ပင်လယ်ရေကြောင်းလုံခြုံရေး ပူးတွဲလုပ်ဆောင်ရန် အမေရိကန်က ၎င်းမဟာမိတ်များကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

အမည်မဖော်လိုသူ တောင်ကိုရီးယား အကြီးတန်းအရာရှိတစ်ဦးကို ကိုးကား၍ Maekyung သတင်းစာက ဖော်ပြရာတွင် လက်ရှိ ဆိုမာလီကမ်းရိုးတန်းအနီး ပင်လယ်ဓားပြ ကာကွယ်ရေးအတွက် အသုံးပြုနေသည့် Cheonghae ရေတပ်ဖွဲ့ကို ပင်လယ်ကွေ့သို့ စေလွှတ်သွားမှာဖြစ်ပြီး အဆိုပါရေတပ်အုပ်စုတွင် ရဟတ်ယာဉ်များလည်း ပါဝင်နိုင်ကြောင်း ရေးသားထားပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကတော့ အစိုးရအနေနဲ့ ပင်လယ်ကွေ့ဒေသတွင်း မိမိတို့သင်္ဘောများကို ကာကွယ်ဖို့ အစီအစဉ်တွေ လုပ်ဆောင်နေသော်လည်း ဆုံးဖြတ်ချက် မချရသေးကြောင်း ထုတ်ပြန်ထားပါတယ်။

“ဟော့မုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် ကျွန်တော်တို့နိုင်ငံက သင်္ဘောတွေကို ကာကွယ်ပေးရမှာပါ။ဒါကြောင့် ဖြစ်လာနိုင်မယ့် အခြေအနေအားလုံးကို စီစဉ်နေပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ ရိုဂျေးချောင် က ဇူလိုင် ၂၉ ရက်မှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

အဆိုပါ လုံခြုံရေးအစီအစဉ်တွင် ပါဝင်ရန် တောင်ကိုရီးယား၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ သြစတြေးလျနှင့် အခြားနိုင်ငံများကို ဖိတ်ခေါ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို က ပြောပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တွန် သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဆိုးလ်မြို့သို့ သွားရောက်ပြီး အဆိုပါကိစ္စရပ်အပေါ် ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် ဌာနအကြီးအကဲများနှင့် ဆွေးနွေးမှုများလုပ်ခဲ့သော်လည်း လုံခြုံရေးအစီအစဉ်နှင့် ပတ်သက်၍ အစည်းအဝေးအတွင်း တရားဝင်တောင်းဆိုမှု မရှိခဲ့ကြောင်း ရိုဂျေးချောင် က ပြောပါတယ်။

ယခုစေလွှတ်မည်ဟု သတင်းထွက်ပေါ်နေသည့် Cheonghae ရေတပ်ဖွဲ့သည် အေဒင်ပင်လယ်ကွေ့တွင် ၂၀၀၉ ခုနှစ်မှ စတင်တပ်စွဲထားပြီး အာဖရိကနိုင်ငံများ၊ အမေရိကန်၊ ဥရောပနိုင်ငံများနှင့်အတူ ပင်လယ်ပြင် လုယက်တိုက်ခိုက်မှုများကို ဟန့်တားစောင့်ရှောက်မှုများ လုပ်ဆောင်နေပါတယ်။

တပ်ဖွဲ့ဝင် ၃၀၂ ဦးရှိသည့် အဆိုပါရေတပ်တွင် တန်ချိန် ၄၅၀၀ ရှိ ဖျက်သင်္ဘောတစ်စင်း၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး Lynx ရဟတ်ယာဉ်တစ်စင်းနှင့် စပိဘုတ်သုံးစင်းတို့ ပါဝင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် White Paper တွင် ဖော်ပြထားပါတယ်။

Linko
Ref : Reuters
ဆိုးလ်၊ ဇူလိုင် - ၂၉

( Zawgyi )

ေတာင္ကိုရီးယားက အေရွ႕အလယ္အပိုင္းေဒသရွိ အေမရိကန္ ေရတပ္ဖြဲ႕ႏွင့္ ပူးေပါင္းမည့္ ေရတပ္တစ္ဖြဲ႕ကို ေစလႊတ္ရန္ စီစဥ္ေနေၾကာင္း Maekyung သတင္းစာက ဇူလိုင္ ၂၉ ရက္မွာ ေရးသားေဖာ္ျပလိုက္ပါတယ္။

အဆိုပါ ေရတပ္အုပ္စုတြင္ ဖ်က္သေဘၤာတစ္စင္းလည္း ပါဝင္မည္ျဖစ္ကာ ေဟာ့မုဇ္ေရလက္ၾကားသို႔ ျဖတ္သန္းသည့္ ေရနံတင္သေဘၤာမ်ားကို ေစာင့္ေရွာက္ေပးသြားမွာ ျဖစ္ပါတယ္။

အီရန္ကမ္းလြန္အနီး အဆိုပါေရလက္ၾကားသို႔ ျဖတ္သန္းသည့္ ေရနံတင္သေဘၤာမ်ား ၿပီးခဲ့သည့္လမ်ားအတြင္း တိုက္ခိုက္ခဲ့ရမႈေၾကာင့္ ပင္လယ္ေရေၾကာင္းလုံၿခဳံေရး ပူးတြဲလုပ္ေဆာင္ရန္ အေမရိကန္က ၎မဟာမိတ္မ်ားကို ဖိတ္ေခၚခဲ့ျခင္း ျဖစ္ပါတယ္။

အမည္မေဖာ္လိုသူ ေတာင္ကိုရီးယား အႀကီးတန္းအရာရွိတစ္ဦးကို ကိုးကား၍ Maekyung သတင္းစာက ေဖာ္ျပရာတြင္ လက္ရွိ ဆိုမာလီကမ္း႐ိုးတန္းအနီး ပင္လယ္ဓားျပ ကာကြယ္ေရးအတြက္ အသုံးျပဳေနသည့္ Cheonghae ေရတပ္ဖြဲ႕ကို ပင္လယ္ေကြ႕သို႔ ေစလႊတ္သြားမွာျဖစ္ၿပီး အဆိုပါေရတပ္အုပ္စုတြင္ ရဟတ္ယာဥ္မ်ားလည္း ပါဝင္ႏိုင္ေၾကာင္း ေရးသားထားပါတယ္။

ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ အစိုးရအေနနဲ႔ ပင္လယ္ေကြ႕ေဒသတြင္း မိမိတို႔သေဘၤာမ်ားကို ကာကြယ္ဖို႔ အစီအစဥ္ေတြ လုပ္ေဆာင္ေနေသာ္လည္း ဆုံးျဖတ္ခ်က္ မခ်ရေသးေၾကာင္း ထုတ္ျပန္ထားပါတယ္။

“ေဟာ့မုဇ္ေရလက္ၾကားကို ျဖတ္သန္းမယ့္ ကြၽန္ေတာ္တို႔ႏိုင္ငံက သေဘၤာေတြကို ကာကြယ္ေပးရမွာပါ။ဒါေၾကာင့္ ျဖစ္လာႏိုင္မယ့္ အေျခအေနအားလုံးကို စီစဥ္ေနပါတယ္” ဟု ကာကြယ္ေရးဝန္ႀကီးဌာန ဒုတိယေျပာေရးဆိုခြင့္ရွိသူ ႐ိုေဂ်းေခ်ာင္ က ဇူလိုင္ ၂၉ ရက္မွာ က်င္းပတဲ့ ပုံမွန္သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ေျပာၾကားလိုက္ပါတယ္။

အဆိုပါ လုံၿခဳံေရးအစီအစဥ္တြင္ ပါဝင္ရန္ ေတာင္ကိုရီးယား၊ ဂ်ပန္၊ ျပင္သစ္၊ ဂ်ာမနီ၊ ၾသစေၾတးလ်ႏွင့္ အျခားႏိုင္ငံမ်ားကို ဖိတ္ေခၚထားေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပီယို က ေျပာပါတယ္။

အေမရိကန္ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး ဂြၽန္ေဘာ္လ္တြန္ သည္ ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းက ဆိုးလ္ၿမိဳ႕သို႔ သြားေရာက္ၿပီး အဆိုပါကိစၥရပ္အေပၚ ကာကြယ္ေရးဝန္ႀကီးဌာန အပါအဝင္ ဌာနအႀကီးအကဲမ်ားႏွင့္ ေဆြးေႏြးမႈမ်ားလုပ္ခဲ့ေသာ္လည္း လုံၿခဳံေရးအစီအစဥ္ႏွင့္ ပတ္သက္၍ အစည္းအေဝးအတြင္း တရားဝင္ေတာင္းဆိုမႈ မရွိခဲ့ေၾကာင္း ႐ိုေဂ်းေခ်ာင္ က ေျပာပါတယ္။

ယခုေစလႊတ္မည္ဟု သတင္းထြက္ေပၚေနသည့္ Cheonghae ေရတပ္ဖြဲ႕သည္ ေအဒင္ပင္လယ္ေကြ႕တြင္ ၂၀၀၉ ခုႏွစ္မွ စတင္တပ္စြဲထားၿပီး အာဖရိကႏိုင္ငံမ်ား၊ အေမရိကန္၊ ဥေရာပႏိုင္ငံမ်ားႏွင့္အတူ ပင္လယ္ျပင္ လုယက္တိုက္ခိုက္မႈမ်ားကို ဟန႔္တားေစာင့္ေရွာက္မႈမ်ား လုပ္ေဆာင္ေနပါတယ္။

တပ္ဖြဲ႕ဝင္ ၃၀၂ ဦးရွိသည့္ အဆိုပါေရတပ္တြင္ တန္ခ်ိန္ ၄၅၀၀ ရွိ ဖ်က္သေဘၤာတစ္စင္း၊ ေရငုပ္သေဘၤာတိုက္ဖ်က္ေရး Lynx ရဟတ္ယာဥ္တစ္စင္းႏွင့္ စပိဘုတ္သုံးစင္းတို႔ ပါဝင္ေၾကာင္း ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာန၏ ၂၀၁၈ ခုႏွစ္ White Paper တြင္ ေဖာ္ျပထားပါတယ္။

Linko
Ref : Reuters
ဆိုးလ္၊ ဇူလိုင္ - ၂၉