ပဲခူးတိုင်း အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို လိုင်းကား စမ်းသပ်ပြေးဆွဲနိုင်ရန် တိုင်းအစိုးရ စီစဉ်နေ

ပဲခူးတိုင်း အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို လိုင်းကား စမ်းသပ်ပြေးဆွဲနိုင်ရန် တိုင်းအစိုးရ စီစဉ်နေ

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိ မြို့များသို့ ဒေဝူး (မြန်မာ) ထုတ် ကားသစ်ကြီးများဖြင့် စတင် စမ်းသပ်ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းရှိ မြို့များဖြစ်သည့် ရန်ကုန်-ပဲခူး၊ ပဲခူး-ညောင်လေးပင်၊ ညောင်လေးပင်-ရေတာရှည်၊ ရေတာရှည်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် စသည့် ခရီးစဉ်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ မြို့များဖြစ်သည့် ရန်ကုန်-တိုက်ကြီး၊ တိုက်ကြီး-မင်းလှ၊ မင်းလှ-ပေါင်းတည်၊ ပေါင်းတည်-ပြည်၊ ပြည်-ရန်ကုန် စသည့် ခရီးစဉ်များကိုလည်းကောင်း Daewoo Bus Myanmar မှ ထုတ်လုပ်သည့် ကားသစ်ကြီးများဖြင့် စတင် စမ်းသပ်ပြေးဆွဲရန် စီစဉ်ဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ သြဂုတ် ၁၄ ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ဦးဆောင်သော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပဲခူးတိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (BRTA) အဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြောက်ရပ်ကွက်၊ အမှတ် (၉)၊ ရန်ကုန်-ပြည်လမ်းရှိ Daewoo Bus Myanmar Co,Ltd သို့ သွားရောက်ခဲ့ပြီး ယာဉ်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်နှင့် စက်ရုံတည်ဆောက်ထားပုံတို့ကို ကြည့်ရှုလေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

ထို့သို့လေ့လာစဉ် ပဲခူးတိုင်းဝန်ကြီးချုပ်က ပြောင်းလဲလာသည့် ခေတ်ကာလအခြေအနေအရ သယ်ယူပို့ဆောင်ရေးကဏ္ဍသည် အလွန်အရေးကြီးလာကြောင်း၊ တချို့လုပ်ငန်းတွေကို အစိုးရမှ ထိန်းချုပ်မှုလျှော့ချပြီး ပြည်သူများကိုယ်တိုင် လုပ်ကိုင်နိုင်သည့် အဖွဲ့အစည်းများ ဖွဲ့စည်းပေးခြင်း၊ လုပ်ငန်းဆောင်ရွက်စေခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ မိမိတို့ အစိုးရလက်ထက်တွင် ပဲခူးတိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (BRTA) ကို ဖွဲ့စည်းပေးခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် အများပိုင်အဖွဲ့တစ်ခုအဖြစ် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

အဆိုပါ Daewoo Bus Myanmar Co,Ltd သည် ကိုရီးယားနိုင်ငံ အခြေစိုက်ဖြစ်ပြီး မော်တော်ယာဉ်များအား ၁၉၅၅ ခုနှစ်မှ စတင်ပြီး ထုတ်လုပ်ခဲ့ကာ ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်၊ ကာဇက်စတန်၊ ပါကစ္စတန်၊ ထိုင်ဝမ်၊ မြန်မာ စသည့်နိုင်ငံများတွင် မော်တော်ကားထုတ်လုပ်သည့် စက်ရုံများ တည်ဆောက်ထားပြီး မှာယူသည့် ပြည်ပနိုင်ငံ (၅၁) နိုင်ငံသို့ တင်ပို့ရောင်းချခြင်းဖြစ်သလို မြန်မာနိုင်ငံမှာလည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်အရ Daewoo Bus များကို ပြည်တွင်း၌ ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ရာ ယခုအခါ Pilot Project အဖြစ် Lestar Mini Bus (၅) စီးနှင့် BS 106 City Bus (၅) စီးတို့ကို ၂၀၁၉ ခုနှစ် မတ်လမှ စတင်၍ ထုတ်လုပ်နေပြီ ဖြစ်တယ်လို့လည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြေသိမ်း
ပဲခူး၊ သြဂုတ် - ၁၄
ဓါတ်ပုံ - ပဲခူးတိုင်းအစိုးရအဖွဲ့၊ ဒေဝူး (မြန်မာ)

( Zawgyi )

ပဲခူးတိုင္းေဒသႀကီး အေရွ႕ျခမ္းႏွင့္ အေနာက္ျခမ္းရွိ ၿမိဳ႕မ်ားသို႔ ေဒဝူး (ျမန္မာ) ထုတ္ ကားသစ္ႀကီးမ်ားျဖင့္ စတင္ စမ္းသပ္ေျပးဆြဲႏိုင္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိတယ္လို႔ ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

အဆိုပါ ပဲခူးတိုင္းေဒသႀကီး အေရွ႕ျခမ္းရွိ ၿမိဳ႕မ်ားျဖစ္သည့္ ရန္ကုန္-ပဲခူး၊ ပဲခူး-ေညာင္ေလးပင္၊ ေညာင္ေလးပင္-ေရတာရွည္၊ ေရတာရွည္-ေနျပည္ေတာ္၊ ေနျပည္ေတာ္-ရန္ကုန္ စသည့္ ခရီးစဥ္မ်ားကိုလည္းေကာင္း၊ ပဲခူးတိုင္းေဒသႀကီး အေနာက္ျခမ္းရွိ ၿမိဳ႕မ်ားျဖစ္သည့္ ရန္ကုန္-တိုက္ႀကီး၊ တိုက္ႀကီး-မင္းလွ၊ မင္းလွ-ေပါင္းတည္၊ ေပါင္းတည္-ျပည္၊ ျပည္-ရန္ကုန္ စသည့္ ခရီးစဥ္မ်ားကိုလည္းေကာင္း Daewoo Bus Myanmar မွ ထုတ္လုပ္သည့္ ကားသစ္ႀကီးမ်ားျဖင့္ စတင္ စမ္းသပ္ေျပးဆြဲရန္ စီစဥ္ေဆာင္႐ြက္ေနတာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ဒီကေန႔ ၾသဂုတ္ ၁၄ ရက္ေန႔မွာ ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္း ဦးေဆာင္ေသာ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္မ်ား၊ ပဲခူးတိုင္း သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (BRTA) အဖြဲ႕ဝင္မ်ားက ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန႔္ေျမာက္ရပ္ကြက္၊ အမွတ္ (၉)၊ ရန္ကုန္-ျပည္လမ္းရွိ Daewoo Bus Myanmar Co,Ltd သို႔ သြားေရာက္ခဲ့ၿပီး ယာဥ္ထုတ္လုပ္မႈ လုပ္ငန္းအဆင့္ဆင့္ႏွင့္ စက္႐ုံတည္ေဆာက္ထားပုံတို႔ကို ၾကည့္ရႈေလ့လာခဲ့ၾကတာ ျဖစ္ပါတယ္။

ထို႔သို႔ေလ့လာစဥ္ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္က ေျပာင္းလဲလာသည့္ ေခတ္ကာလအေျခအေနအရ သယ္ယူပို႔ေဆာင္ေရးက႑သည္ အလြန္အေရးႀကီးလာေၾကာင္း၊ တခ်ိဳ႕လုပ္ငန္းေတြကို အစိုးရမွ ထိန္းခ်ဳပ္မႈေလွ်ာ့ခ်ၿပီး ျပည္သူမ်ားကိုယ္တိုင္ လုပ္ကိုင္ႏိုင္သည့္ အဖြဲ႕အစည္းမ်ား ဖြဲ႕စည္းေပးျခင္း၊ လုပ္ငန္းေဆာင္႐ြက္ေစျခင္းမ်ား ျပဳလုပ္ေပးလ်က္ရွိေၾကာင္း၊ ပဲခူးတိုင္းေဒသႀကီးအတြင္းမွာလည္း သယ္ယူပို႔ေဆာင္ေရးႏွင့္ ပတ္သက္၍ မိမိတို႔ အစိုးရလက္ထက္တြင္ ပဲခူးတိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (BRTA) ကို ဖြဲ႕စည္းေပးခဲ့ေၾကာင္းႏွင့္ ေနာက္ပိုင္းတြင္ အမ်ားပိုင္အဖြဲ႕တစ္ခုအျဖစ္ ေဆာင္႐ြက္သြားရန္ ရည္႐ြယ္ထားေၾကာင္းကိုလည္း ေျပာၾကားခဲ့ပါတယ္။

အဆိုပါ Daewoo Bus Myanmar Co,Ltd သည္ ကိုရီးယားႏိုင္ငံ အေျခစိုက္ျဖစ္ၿပီး ေမာ္ေတာ္ယာဥ္မ်ားအား ၁၉၅၅ ခုႏွစ္မွ စတင္ၿပီး ထုတ္လုပ္ခဲ့ကာ ကိုရီးယား၊ တ႐ုတ္၊ ဗီယက္နမ္၊ ကာဇက္စတန္၊ ပါကစၥတန္၊ ထိုင္ဝမ္၊ ျမန္မာ စသည့္ႏိုင္ငံမ်ားတြင္ ေမာ္ေတာ္ကားထုတ္လုပ္သည့္ စက္႐ုံမ်ား တည္ေဆာက္ထားၿပီး မွာယူသည့္ ျပည္ပႏိုင္ငံ (၅၁) ႏိုင္ငံသို႔ တင္ပို႔ေရာင္းခ်ျခင္းျဖစ္သလို ျမန္မာႏိုင္ငံမွာလည္း ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ ခြင့္ျပဳခ်က္အရ Daewoo Bus မ်ားကို ျပည္တြင္း၌ ထုတ္လုပ္ရန္ စီစဥ္ေဆာင္႐ြက္ခဲ့ရာ ယခုအခါ Pilot Project အျဖစ္ Lestar Mini Bus (၅) စီးႏွင့္ BS 106 City Bus (၅) စီးတို႔ကို ၂၀၁၉ ခုႏွစ္ မတ္လမွ စတင္၍ ထုတ္လုပ္ေနၿပီ ျဖစ္တယ္လို႔လည္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေျပသိမ္း
ပဲခူး၊ ၾသဂုတ္ - ၁၄
ဓါတ္ပုံ - ပဲခူးတိုင္းအစိုးရအဖြဲ႕၊ ေဒဝူး (ျမန္မာ)