ကိုယ်ပိုင်စီးပွားရေးဘက်ကို လုပ်ဖြစ်နေတယ်ဆိုတဲ့ သရုပ်ဆောင် မြတ်ကေသီအောင်

ကိုယ်ပိုင်စီးပွားရေးဘက်ကို လုပ်ဖြစ်နေတယ်ဆိုတဲ့ သရုပ်ဆောင် မြတ်ကေသီအောင်

အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးဘက်ကို ပိုပြီးလုပ်ကိုင်ဖြစ်နေတယ်လို့ သရုပ်ဆောင် မြတ်ကေသီအောင် က ပြောပါတယ်။

သူမဟာ လက်ရှိမှာ စားသောက်ဆိုင်တစ်ဆိုင်၊ Coffee Lu Gallery ဆိုင်တို့ကို ဖွင့်ထားပြီး ကိုယ်ပိုင်စီးပွားရေးကိုပဲ အဓိကထားလုပ်ဆောင်နေသလို ရံဖန်ရံခါလောက်သာ ရုပ်ရှင်ဇာတ်ကားတွေထဲ ပါဝင်ရိုက်ကူးလေ့ရှိတယ်လို့ သိရပါတယ်။

“အစ်မ လုံးဝရုပ်ရှင်မရိုက်တာတော့ မဟုတ်ပါဘူး၊ အရင်လိုတော့ အများကြီးမလုပ်ဖြစ်တော့တာ၊ စီးပွားရေးကလည်း ရှိနေတဲ့အခါကျတော့ အဲ့ဒီဘက်ကိုပဲလုပ်ဖြစ်တာ၊ စာလည်းရေးတယ်ဆိုပေမယ့် အစ်မရေးလိုက်တိုင်း တခြားသူတွေက သူတို့အကြောင်းကို ရေးတယ်လို့ထင်ကြတယ်၊ အစ်မရဲ့ အနုပညာလှုပ်ရှားမှုတွေကိုတော့ ပရိသတ်တွေအနေနဲ့ မြင်ရမှာပါ၊ အရင်လိုမများတာတော့ ရှိမယ်လေ” လို့လည်း သရုပ်ဆောင် မြတ်ကေသီအောင် က ရုပ်ရှင်အထူးပွဲတစ်ခုမှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

ယခုဆိုရင် သူမဟာ မြင်နေကျပုံစံတွေလို မဟုတ်ဘဲ အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုပြီး ဆွဲဆောင်မှုရှိအောင် လှပနေသူလည်း ဖြစ်ပါတယ်။ယခုနောက်ပိုင်း ဇာတ်ကားကောင်းတွေ နည်းသွားရတာကလည်း စာဖတ်အားနည်းလာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“အစ်မတို့ကိုယ်တိုင်လည်း ဒီလိုပဲ လူမှုကွန်ရက်တွေနဲ့ အချိန်ကုန်တတ်ကြတယ်၊ စာလည်းသိပ်မဖတ်ဖြစ်တော့ဘူး၊ သရုပ်ဆောင်အလုပ်ဆိုတာက စာဖတ်ဖို့လည်းလိုတယ်၊ ဇာတ်လမ်းတည်ဆောက်ပုံတွေ၊ ဇာတ်ကောင်ရဲ့ အနေအထားတွေဟာ စာများများဖတ်ရင် စိတ်ထဲမှာပေါ်လာပြီး ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ဖို့ကို အထောက်အကူဖြစ်စေပါတယ်၊ နောက်တစ်ခုက သိပ်ကောင်းတဲ့ ဇာတ်လမ်းမျိုးဆိုရင်လည်း ဒါရိုက်တာတွေကို ပြောပြလို့ရတာပေါ့၊ ဒါကလည်း ဇာတ်ကားကောင်းတစ်ကားထွက်ဖို့ အထောက်အကူပြုစေတာပေါ့၊ ဒီလိုမှမဟုတ်ရင် ဈေးကွက်အကြိုက် ဟာသကားတွေနဲ့ပဲ လည်ပတ်နေမယ်ဆိုတော့ မကောင်းပါဘူး၊ အစ်မတို့လည်း အများကြီးကြိုးစားဖို့လိုတာပေါ့” လို့လည်း သူမက ရှင်းပြပါတယ်။

လတ်တလောမှာတော့ ဒရမ်မာဇာတ်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာတာတွေ ရှိနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် - ၁၇

( Zawgyi )

အႏုပညာအလုပ္ေတြထက္ ကိုယ္ပိုင္စီးပြားေရးဘက္ကို ပိုၿပီးလုပ္ကိုင္ျဖစ္ေနတယ္လို႔ သ႐ုပ္ေဆာင္ ျမတ္ေကသီေအာင္ က ေျပာပါတယ္။

သူမဟာ လက္ရွိမွာ စားေသာက္ဆိုင္တစ္ဆိုင္၊ Coffee Lu Gallery ဆိုင္တို႔ကို ဖြင့္ထားၿပီး ကိုယ္ပိုင္စီးပြားေရးကိုပဲ အဓိကထားလုပ္ေဆာင္ေနသလို ရံဖန္ရံခါေလာက္သာ ႐ုပ္ရွင္ဇာတ္ကားေတြထဲ ပါဝင္႐ိုက္ကူးေလ့ရွိတယ္လို႔ သိရပါတယ္။

“အစ္မ လုံးဝ႐ုပ္ရွင္မ႐ိုက္တာေတာ့ မဟုတ္ပါဘူး၊ အရင္လိုေတာ့ အမ်ားႀကီးမလုပ္ျဖစ္ေတာ့တာ၊ စီးပြားေရးကလည္း ရွိေနတဲ့အခါက်ေတာ့ အဲ့ဒီဘက္ကိုပဲလုပ္ျဖစ္တာ၊ စာလည္းေရးတယ္ဆိုေပမယ့္ အစ္မေရးလိုက္တိုင္း တျခားသူေတြက သူတို႔အေၾကာင္းကို ေရးတယ္လို႔ထင္ၾကတယ္၊ အစ္မရဲ႕ အႏုပညာလႈပ္ရွားမႈေတြကိုေတာ့ ပရိသတ္ေတြအေနနဲ႔ ျမင္ရမွာပါ၊ အရင္လိုမမ်ားတာေတာ့ ရွိမယ္ေလ” လို႔လည္း သ႐ုပ္ေဆာင္ ျမတ္ေကသီေအာင္ က ႐ုပ္ရွင္အထူးပြဲတစ္ခုမွာ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ပါတယ္။

ယခုဆိုရင္ သူမဟာ ျမင္ေနက်ပုံစံေတြလို မဟုတ္ဘဲ အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ ႏုပ်ိဳၿပီး ဆြဲေဆာင္မႈရွိေအာင္ လွပေနသူလည္း ျဖစ္ပါတယ္။ယခုေနာက္ပိုင္း ဇာတ္ကားေကာင္းေတြ နည္းသြားရတာကလည္း စာဖတ္အားနည္းလာတာေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။

“အစ္မတို႔ကိုယ္တိုင္လည္း ဒီလိုပဲ လူမႈကြန္ရက္ေတြနဲ႔ အခ်ိန္ကုန္တတ္ၾကတယ္၊ စာလည္းသိပ္မဖတ္ျဖစ္ေတာ့ဘူး၊ သ႐ုပ္ေဆာင္အလုပ္ဆိုတာက စာဖတ္ဖို႔လည္းလိုတယ္၊ ဇာတ္လမ္းတည္ေဆာက္ပုံေတြ၊ ဇာတ္ေကာင္ရဲ႕ အေနအထားေတြဟာ စာမ်ားမ်ားဖတ္ရင္ စိတ္ထဲမွာေပၚလာၿပီး ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္ဖို႔ကို အေထာက္အကူျဖစ္ေစပါတယ္၊ ေနာက္တစ္ခုက သိပ္ေကာင္းတဲ့ ဇာတ္လမ္းမ်ိဳးဆိုရင္လည္း ဒါ႐ိုက္တာေတြကို ေျပာျပလို႔ရတာေပါ့၊ ဒါကလည္း ဇာတ္ကားေကာင္းတစ္ကားထြက္ဖို႔ အေထာက္အကူျပဳေစတာေပါ့၊ ဒီလိုမွမဟုတ္ရင္ ေဈးကြက္အႀကိဳက္ ဟာသကားေတြနဲ႔ပဲ လည္ပတ္ေနမယ္ဆိုေတာ့ မေကာင္းပါဘူး၊ အစ္မတို႔လည္း အမ်ားႀကီးႀကိဳးစားဖို႔လိုတာေပါ့” လို႔လည္း သူမက ရွင္းျပပါတယ္။

လတ္တေလာမွာေတာ့ ဒရမ္မာဇာတ္ကားတစ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းလာတာေတြ ရွိေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ - ၁၇