【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ဒီရက်ပိုင်း ကိုယ့်အတွက် လိုအပ်နေတဲ့ အိုးသစ်အိမ်သစ်တွေ၊ စက်ပစ္စည်းတွေ စတဲ့ မမျှော်လင့်ထားတာတွေ ဝင်လာတတ်ပါတယ်။အဝင်ရှိသလို အထွက်လည်းများတတ်ပြီး အိမ်သုံးပစ္စည်းတွေ စက်ပစ္စည်းတွေ ပျက်တတ်ပါတယ်။ဒီရက်ပိုင်း ခရီးတွေထွက်ဖို့ စီစဉ်ထားရင် မသေချာမရေရာတွေ ဖြစ်တတ်ပါတယ်။ကားအရောင်းအဝယ်တွေ၊ အလှကုန်လုပ်ငန်းသမားတွေ အကျိုးများနိုင်သလို အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေ၊ စပ်တူလုပ်ငန်းတွေ လူမျိုးခြားနဲ့လုပ်တဲ့ လုပ်ငန်းတွေလည်း အကျိုးဖြစ်တဲ့ အချိန်ကာလ ရောက်နေပါပြီ။ဒီကာလမှာ နိုင်ငံရပ်ခြား သွားရောက်လုပ်ကိုင်ဖို့ စီစဉ်ထားသူတွေ ထမြောက်အောင်မြင်နိုင်သလို မစီစဉ်ထားသူတွေ အခွင့်အလမ်းပေါ်တတ်ပါတယ်။ပညာရေးကံ ကောင်းပေမယ့် အပေါင်းအသင်းကြောင့် မျှော်မှန်းထားသလို မဖြစ်ဘဲနေတတ်ပါတယ်။ကျန်းမာရေးကတော့ နှလုံးအားနည်းတာတွေ၊ အကြောအဆစ်တွေ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်သည်တွေ စိတ်ဆိုးစိတ်ကောက်ကာ မခေါ်မပြောနိုင် ဖြစ်ရတတ်သလို ချစ်သူတွေကတော့ နားလည်မှုရှိပြီး သတင်းကောင်းတွေ ကြားရတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုရက်သတ္တပတ်အတွင်း ဘုရားအား ရွှေထမင်းနှင့် ကံကော်ပန်း ကပ်လှူပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစော ဆွမ်းဆန်ကြွသည့် သီလရှင်ငယ်များအား အစားအသောက် လှူဒါန်းပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံအရပ်ရှိ ဘုရားသို့သွားကာ အရဟံဂုဏ်တော်ကို သက်စေ့ပုတီးစိပ်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဆွမ်းခံကြွလာသည့် သံဃာတော်အား ကောက်ညှင်းပြန်ပေါင်း ကပ်လှူပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နေ့စဉ် မိုးလင်းသည်နှင့် မေတ္တာသုတ်ရွတ်ဆိုကာ မျက်နှာသစ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းထဲရှိ ခွေးများအား ညဘက် အစာကျွေးပါ။  

ထီကံကောင်းလိုသူများ ။     ။ သင့်ရှေ့ရောက်လာသည့် ထီကားမှ ၂/၄/၈ စုံဂဏန်းများပါသည့် ထီတစ်စောင်ကို ရှာထိုးလိုက်ပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ဒီရက္ပိုင္း ကိုယ့္အတြက္ လိုအပ္ေနတဲ့ အိုးသစ္အိမ္သစ္ေတြ၊ စက္ပစၥည္းေတြ စတဲ့ မေမွ်ာ္လင့္ထားတာေတြ ဝင္လာတတ္ပါတယ္။အဝင္ရွိသလို အထြက္လည္းမ်ားတတ္ၿပီး အိမ္သုံးပစၥည္းေတြ စက္ပစၥည္းေတြ ပ်က္တတ္ပါတယ္။ဒီရက္ပိုင္း ခရီးေတြထြက္ဖို႔ စီစဥ္ထားရင္ မေသခ်ာမေရရာေတြ ျဖစ္တတ္ပါတယ္။ကားအေရာင္းအဝယ္ေတြ၊ အလွကုန္လုပ္ငန္းသမားေတြ အက်ိဳးမ်ားႏိုင္သလို အိမ္ၿခံေျမ အက်ိဳးေဆာင္လုပ္ငန္းေတြ၊ စပ္တူလုပ္ငန္းေတြ လူမ်ိဳးျခားနဲ႔လုပ္တဲ့ လုပ္ငန္းေတြလည္း အက်ိဳးျဖစ္တဲ့ အခ်ိန္ကာလ ေရာက္ေနပါၿပီ။ဒီကာလမွာ ႏိုင္ငံရပ္ျခား သြားေရာက္လုပ္ကိုင္ဖို႔ စီစဥ္ထားသူေတြ ထေျမာက္ေအာင္ျမင္ႏိုင္သလို မစီစဥ္ထားသူေတြ အခြင့္အလမ္းေပၚတတ္ပါတယ္။ပညာေရးကံ ေကာင္းေပမယ့္ အေပါင္းအသင္းေၾကာင့္ ေမွ်ာ္မွန္းထားသလို မျဖစ္ဘဲေနတတ္ပါတယ္။က်န္းမာေရးကေတာ့ ႏွလုံးအားနည္းတာေတြ၊ အေၾကာအဆစ္ေတြ ေခါင္းကိုက္တာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္သည္ေတြ စိတ္ဆိုးစိတ္ေကာက္ကာ မေခၚမေျပာႏိုင္ ျဖစ္ရတတ္သလို ခ်စ္သူေတြကေတာ့ နားလည္မႈရွိၿပီး သတင္းေကာင္းေတြ ၾကားရတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုရက္သတၱပတ္အတြင္း ဘုရားအား ေ႐ႊထမင္းႏွင့္ ကံေကာ္ပန္း ကပ္လႉေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာ ဆြမ္းဆန္ႂကြသည့္ သီလရွင္ငယ္မ်ားအား အစားအေသာက္ လႉဒါန္းေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံအရပ္ရွိ ဘုရားသို႔သြားကာ အရဟံဂုဏ္ေတာ္ကို သက္ေစ့ပုတီးစိပ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဆြမ္းခံႂကြလာသည့္ သံဃာေတာ္အား ေကာက္ညႇင္းျပန္ေပါင္း ကပ္လႉေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေန႔စဥ္ မိုးလင္းသည္ႏွင့္ ေမတၱာသုတ္႐ြတ္ဆိုကာ မ်က္ႏွာသစ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းထဲရွိ ေခြးမ်ားအား ညဘက္ အစာေကြၽးပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ သင့္ေရွ႕ေရာက္လာသည့္ ထီကားမွ ၂/၄/၈ စုံဂဏန္းမ်ားပါသည့္ ထီတစ္ေစာင္ကို ရွာထိုးလိုက္ပါ။