ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံးအဖြစ်ဖော်ပြခံလိုက်ရတဲ့ The Rock

ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံးအဖြစ်ဖော်ပြခံလိုက်ရတဲ့ The Rock

The Rock ဟာယခုနှစ်ရဲ့ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံးဖြစ်ကြောင်း Forbes မဂ္ဂဇင်း မှာဖော်ပြခြင်းခံခဲ့ရပါတယ်။သူဟာ မနှစ်က ဇွန်လ ၁ ရက်နေ့ ၂၀၁၈ ခုနှစ် က နေ ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်အတွင်း ဝင်ငွေ ဟာအမေရိကန်ဒေါ်လာ ၈၉.၄ သန်းတိုးမြင့်ခဲ့ပါတယ်။ မနစ်ကတော့ သူဟာ ဒုတိယနေရာမှာသာရှိပါတယ်။ဒီလိုအနုပညာကြေးအမြင့်ဆုံးဖြစ်သွားတာဟာ သူရဲ့လစာတွေရိုက်ကူးတဲ့ ဇာတ်လမ်းများမှ အကျိုးအမြတ်တွေကြောင့် လည်းပါပါတယ်။သူဟာ HBO ရဲ့ Ballers ဇာတ်လမ်းတွဲမှာ အပိုင်း ၁  ပိုင်းကို အမေရိကန်ဒေါ်လာ ၇ သိန်းရရှိခဲ့ပါတယ်။

သူ့နောက်မှာတော့ Avengers:Endgame မှ ခရစ်ဟန်းဝေါ့ က တစ်နစ်အတွင်းဝင်ငွေ ၇၆.၄ သန်းဖြင့် ဒုတိယနေရာ နှင့် ရောဘတ်ဒေါနီဂျူနီယာ တစ်နှစ်အတွင်းဝင်ငွေ ၆၆ သန်းဖြင့် တတိယ နေရာတွင်ရပ်တည်နေပါတယ်။ဖရက်လီကူပါ၊ ဂျက်ကီချန်း ၊ခရစ်အယ်ဗန် ၊ ပေါရပ် ၊ တို့ဟာလည်း ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံးအနုပညာရှင် ၁၀ ဦးစာရင်းမှာအသီးသီးရပ်တည်နေပါတယ်။

 

(  Zawgyi  )

