【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

အဖက်ဖက်က ကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ကံတရားက အကျိုးပေးတဲ့ဘက် ရောက်နေတဲ့အတွက် လုပ်ငန်းသစ်၊ နေရာသစ် စတာတွေ အစပြုလုပ်တာ ကောင်းပါတယ်။ရစရာရှိတဲ့ ကြွေးဆုံးတွေ ပြန်ရတတ်သလို သိဟောင်းကျွမ်းဟောင်းတွေနဲ့လည်း ပြန်ဆုံရကိန်းရှိပါတယ်။ဒီကာလမှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ကြာသပတေး သားသမီးတွေနဲ့ တိုင်ပင်ဆောင်ရွက်တာ အကောင်းဆုံးပါဘဲ။စက်ပစ္စည်းအသစ်တွေ ဝင်တတ်သလို အင်္ဂါနံလုပ်ငန်းတွေဖြစ်တဲ့ စက်ပစ္စည်း၊ စာအုပ်၊ ဆေးဝါး၊ ဆောက်လုပ်ရေး စတဲ့ လုပ်ငန်းသမားတွေ အခြေအနေကောင်းပါတယ်။နိုင်ငံရပ်ခြားကိစ္စ၊ လူမျိုးခြား ဘာသာခြားတွေနှင့် ဆက်သွယ်လုပ်ကိုင်ရသော ကိစ္စတွေမှာ အထူးအကျိုးဖြစ်တဲ့ အချိန်ပါ။ဒီကာလမှာ ငွေအပါအဝင် တခြားဘာကိုမှ အခြားသူအား အာမခံပေးခြင်းရှောင်ပါ။ကျန်းမာရေးကတော့ အစားအသောက်ကြောင့် ဖြစ်တတ်တာပဲရှိပါတယ်။ပညာရေးကတော့ တစ်ပြိုင်နက်ဘာမှ မစီစဉ်ပါနဲ့။တစ်ခုပြီးမှ တစ်ခုသာ လုပ်သင့်ပါတယ်။အိမ်ထောင်ရှင်များ အကျီစားသန်လို့ စကားများတတ်ပေမယ့် ချစ်သူတွေအတွက်ကတော့ အသစ်တွေ့ကိန်းရှိလို့ သတိထားဆင်ခြင်ပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး ကြာသပတေးနံ မာလကာ၊ ပန်းသီးတို့ဖြင့် သစ်သီးဆွမ်း ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားလိုသည့် အရပ်ထောင့်ရှိ ခွေးများအား မနက်ဖက်တွင် အစာကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီရှိ  ကြာသပတေးထောင့်တွင်  ပန်းပေါင်းစုံကပ်လှူကာ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ မိမိနေအိမ်အတွင်း အင်္ဂါနံ ပစ္စည်းအဟောင်း အပျက်များရှိပါက အိမ်ဝင်းပြင်ပရောက်အောင် လွှင့်ပစ်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများသို့သွားကာ မိမိဂြိုလ်နံဘုရားကို ရေသက်စေ့ သပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားကျောင်း စေတီဝင်းအတွင်းရှိ ဗောဓိညောင်အား  ညောင်ထောက်ပေးပါ။လမ်းများတွင် တံတားထိုးပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၃/ ၆ ဂဏန်းများများပါသည့် ထီထိုးလိုက်ပါ။

( Zawgyi )

အဖက္ဖက္က ကံဇာတာပြင့္လန္းေနပါလိမ့္မယ္။ကံတရားက အက်ိဳးေပးတဲ့ဘက္ ေရာက္ေနတဲ့အတြက္ လုပ္ငန္းသစ္၊ ေနရာသစ္ စတာေတြ အစျပဳလုပ္တာ ေကာင္းပါတယ္။ရစရာရွိတဲ့ ေႂကြးဆုံးေတြ ျပန္ရတတ္သလို သိေဟာင္းကြၽမ္းေဟာင္းေတြနဲ႔လည္း ျပန္ဆုံရကိန္းရွိပါတယ္။ဒီကာလမွာ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ၾကာသပေတး သားသမီးေတြနဲ႔ တိုင္ပင္ေဆာင္႐ြက္တာ အေကာင္းဆုံးပါဘဲ။စက္ပစၥည္းအသစ္ေတြ ဝင္တတ္သလို အဂၤါနံလုပ္ငန္းေတြျဖစ္တဲ့ စက္ပစၥည္း၊ စာအုပ္၊ ေဆးဝါး၊ ေဆာက္လုပ္ေရး စတဲ့ လုပ္ငန္းသမားေတြ အေျခအေနေကာင္းပါတယ္။ႏိုင္ငံရပ္ျခားကိစၥ၊ လူမ်ိဳးျခား ဘာသာျခားေတြႏွင့္ ဆက္သြယ္လုပ္ကိုင္ရေသာ ကိစၥေတြမွာ အထူးအက်ိဳးျဖစ္တဲ့ အခ်ိန္ပါ။ဒီကာလမွာ ေငြအပါအဝင္ တျခားဘာကိုမွ အျခားသူအား အာမခံေပးျခင္းေရွာင္ပါ။က်န္းမာေရးကေတာ့ အစားအေသာက္ေၾကာင့္ ျဖစ္တတ္တာပဲရွိပါတယ္။ပညာေရးကေတာ့ တစ္ၿပိဳင္နက္ဘာမွ မစီစဥ္ပါနဲ႔။တစ္ခုၿပီးမွ တစ္ခုသာ လုပ္သင့္ပါတယ္။အိမ္ေထာင္ရွင္မ်ား အက်ီစားသန္လို႔ စကားမ်ားတတ္ေပမယ့္ ခ်စ္သူေတြအတြက္ကေတာ့ အသစ္ေတြ႕ကိန္းရွိလို႔ သတိထားဆင္ျခင္ပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး ၾကာသပေတးနံ မာလကာ၊ ပန္းသီးတို႔ျဖင့္ သစ္သီးဆြမ္း ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မိမိသြားလိုသည့္ အရပ္ေထာင့္ရွိ ေခြးမ်ားအား မနက္ဖက္တြင္ အစာေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီရွိ  ၾကာသပေတးေထာင့္တြင္  ပန္းေပါင္းစုံကပ္လႉကာ ဓမၼစၾကာ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ မိမိေနအိမ္အတြင္း အဂၤါနံ ပစၥည္းအေဟာင္း အပ်က္မ်ားရွိပါက အိမ္ဝင္းျပင္ပေရာက္ေအာင္ လႊင့္ပစ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားသို႔သြားကာ မိမိၿဂိဳလ္နံဘုရားကို ေရသက္ေစ့ သပၸါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားေက်ာင္း ေစတီဝင္းအတြင္းရွိ ေဗာဓိေညာင္အား  ေညာင္ေထာက္ေပးပါ။လမ္းမ်ားတြင္ တံတားထိုးေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ၾကာသပေတးနာမည္ပါ ထီဆိုင္တြင္ ၃/ ၆ ဂဏန္းမ်ားမ်ားပါသည့္ ထီထိုးလိုက္ပါ။