【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း အလုပ်များလို့ စိတ်ကော လူကော တအားပင်ပန်းနေတဲ့အခါ ဖြစ်နေပါတယ်။အလုပ်ကထွက်ချင်တာတွေ စိတ်တိုင်းမကျစရာတွေလည်း ရှိနေတတ်ပါတယ်။ဘာမဆို စိတ်အလိုအတိုင်း မဆုံးဖြတ်ဖို့ လိုပါတယ်။နိုင်ငံခြားအဆက်အသွယ် အခွင့်အရေးကောင်းတွေ ပေါ်လာတတ်ပါတယ်။
ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္ဂနွေ၊ ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ဒီကာလအတွင်း ပရဟိတအလုပ်တွေ လုပ်ရကိန်းရှိသလို လူကြီးသူမတွေရဲ့ ဆောင်မကြည့်ရှုမယ့်ကိန်း ရှိပါတယ်။ငွေကြေးကံကတော့ အထူးကောင်းနေပါတယ်။ငွေရတိုင်း ဘုရားကို လှူပေးသင့်ပါတယ်။ဆန်၊ ဆီ၊ ဆေး စတဲ့အလုပ်တွေ၊ ရွှေအရောင်းအဝယ်အလုပ်တွေ ကောင်းပေမယ့် အိမ်ခြံမြေအလုပ်တွေတော့ သတိထားလုပ်ကိုင်ရမယ့်မယ့် အချိန်ကာလပါ။ပညာရေးကိစ္စမှာ ဒီရက်ပိုင်းမှာ ခက်ခဲနေတတ်သလို ကြိုးစားမှ တော်ကာကြမယ့် ကာလပါ။ကျန်းမာရေးကတော့ အထူးဂရုစိုက်ပါ။ခြေထောက်၊ နှလုံးနှင့် ပတ်သက်တဲ့ ရောဂါဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်တွေ ငယ်ရွယ်သူတွေ ခေတ္တခွဲခွာနေထိုင်ရကိန်း ရှိနေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား သစ်သီးဆွမ်းဆပ်ကပ်ကာ နံနက်တိုင်း မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ထီး၊ သင်္ကန်း၊ ဝတ္ထုငွေ အလှူခံလာသူ ရဟန်းသံဃာရှိပါက စိတ်မကွက်ဘဲ ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ တနင်္ဂနွေထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး အောင်သပြေပန်း ကပ်လှူကာ လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။ချစ်သူနှင့်တွေ့ရန် ဗုဒ္ဓဟူးနံ အသုံးအဆောင်များကို ဆောင်သွားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် ရေသပ္ပါယ်ပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရပ်ထဲရွာထဲ လေဖြတ်ထားသည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါးလှူပါ။

ထီကံကောင်းလိုသူများ ။     ။ သင့်လမ်းထိပ် ထီဆိုင်တွင် ၉/၄/၁ ဂဏန်းပါသည့် ထီကို ရှာထိုးလိုက်ပါ။

( Zawgyi )

ယခုရက္ပိုင္းအတြင္း အလုပ္မ်ားလို႔ စိတ္ေကာ လူေကာ တအားပင္ပန္းေနတဲ့အခါ ျဖစ္ေနပါတယ္။အလုပ္ကထြက္ခ်င္တာေတြ စိတ္တိုင္းမက်စရာေတြလည္း ရွိေနတတ္ပါတယ္။ဘာမဆို စိတ္အလိုအတိုင္း မဆုံးျဖတ္ဖို႔ လိုပါတယ္။ႏိုင္ငံျခားအဆက္အသြယ္ အခြင့္အေရးေကာင္းေတြ ေပၚလာတတ္ပါတယ္။
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနဂၤေႏြ၊ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ဒီကာလအတြင္း ပရဟိတအလုပ္ေတြ လုပ္ရကိန္းရွိသလို လူႀကီးသူမေတြရဲ႕ ေဆာင္မၾကည့္ရႈမယ့္ကိန္း ရွိပါတယ္။ေငြေၾကးကံကေတာ့ အထူးေကာင္းေနပါတယ္။ေငြရတိုင္း ဘုရားကို လႉေပးသင့္ပါတယ္။ဆန္၊ ဆီ၊ ေဆး စတဲ့အလုပ္ေတြ၊ ေ႐ႊအေရာင္းအဝယ္အလုပ္ေတြ ေကာင္းေပမယ့္ အိမ္ၿခံေျမအလုပ္ေတြေတာ့ သတိထားလုပ္ကိုင္ရမယ့္မယ့္ အခ်ိန္ကာလပါ။ပညာေရးကိစၥမွာ ဒီရက္ပိုင္းမွာ ခက္ခဲေနတတ္သလို ႀကိဳးစားမွ ေတာ္ကာၾကမယ့္ ကာလပါ။က်န္းမာေရးကေတာ့ အထူးဂ႐ုစိုက္ပါ။ေျခေထာက္၊ ႏွလုံးႏွင့္ ပတ္သက္တဲ့ ေရာဂါျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္ေတြ ငယ္႐ြယ္သူေတြ ေခတၱခြဲခြာေနထိုင္ရကိန္း ရွိေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား သစ္သီးဆြမ္းဆပ္ကပ္ကာ နံနက္တိုင္း ေမတၱာသုတ္ ႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ထီး၊ သကၤန္း၊ ဝတၳဳေငြ အလႉခံလာသူ ရဟန္းသံဃာရွိပါက စိတ္မကြက္ဘဲ ကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ တနဂၤေႏြေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန႔္ရွင္းေရးလုပ္ၿပီး ေအာင္သေျပပန္း ကပ္လႉကာ လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။ခ်စ္သူႏွင့္ေတြ႕ရန္ ဗုဒၶဟူးနံ အသုံးအေဆာင္မ်ားကို ေဆာင္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေရသပၸါယ္ပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ရပ္ထဲ႐ြာထဲ ေလျဖတ္ထားသည့္ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါးလႉပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ သင့္လမ္းထိပ္ ထီဆိုင္တြင္ ၉/၄/၁ ဂဏန္းပါသည့္ ထီကို ရွာထိုးလိုက္ပါ။