ရွာငံအနီး ပေနှစ်ထောင်ခန့်ချောက်ထဲ ဘုရားဖူးယာဉ်ပြုတ်ကျ လူ ၁၉ ဦးသေဆုံးကြောင်း ကနဦးသတင်းသိရ

ရွာငံအနီး ပေနှစ်ထောင်ခန့်ချောက်ထဲ ဘုရားဖူးယာဉ်ပြုတ်ကျ လူ ၁၉ ဦးသေဆုံးကြောင်း ကနဦးသတင်းသိရ

ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ယုန်တောင်ကျေးရွာအနီးမှာ ယမန်နေ့ည ၁၁ နာရီအချိန်ခန့်က ဘုရားဖူးမော်တော်ယာဉ်တစ်စီး ပေနှစ်ထောင်အနက်ရှိတဲ့ချောက်ထဲထိုးကျသွားတာကြောင့် အနည်းဆုံးလူ ၁၅ ယောက်ထဲမနည်းသေဆုံးမှု ဖြစ်ခဲ့တယ်လို့ ကယ်ဆယ်ရေး သွားရောက်ဆောင်ရွက်နေတဲ့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(အထက်မြန်မာပြည်)ဆီကသိရပါတယ်။

"အခုမနက်အစောပိုင်း ကနဦးသတင်းအရတော့ သံဃာတော် ၁ ပါးနဲ့ လူ ၁၄ယောက် သေတယ်လို့သိရပါတယ်။ အဲဒီထဲက တစ်ယောက် ရဲ့အလောင်းကို ကျွန်တော်တို့လူတွေ သယ်ယူဖို့ကြိုးစားနေကြပါတယ်" လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့(မန္တလေးတိုင်းဒေသကြီး) ဥက္ကဌဦးလှိုင်မင်းဦးကပြောပါတယ်။

အဆိုပါဘုရားဖူးယာဉ်ဟာရွာငံနဲ့မြို့ကြီးကြားမိုင်တိုင်၂၈ မိုင် ၃ ဖာလုံ က ယုန်တောင်ကျေးရွာအနီး ပေနှစ်ထောင်ခန့်အနက်ရှိတဲ့ ချောက်ထဲ ကို ထိုးကျသွားတာလို့ ဒေသခံသတင်းတွေကဖော်ပြထားပြီး ဘုရားဖူးယာဉ်ဟာ စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့ နယ် ခွန်တောင်းကြီးရွာကဖြစ်တယ်လို့သိရပါတယ်။

"သတင်းရရချင်း ရွာငံဘက်ကအဖွဲ့တွေ ဆည်နားကအဖွဲ့တွေကကယ်ဆယ်ရေးလုပ်တယ် နောက်တော့အင်အားမလောက်လို့ ကျောက်ဆည် အဖွဲ့ပါထပ်လွှတ်ထားတယ် ဒီမနက်အထိရတဲ့သတင်းအရတော့ ၁၀ ယောက်တော့ အခင်းဖြစ်နေရာမှာ အသက်ရှင်လျက် အခြေအနေနဲ့တွေ့ရတယ်လို့သတင်းရပါတယ် ရွာငံဆေးရုံပို့တာလည်းရှိတယ်မန္တလေးဆေးရုံကိုလည်း ပို့တယ် လို့ကြားပါတယ်" လို့ ၎င်းကပြောပါတယ်။

ဖြစ်စဉ်မှာ ဘုရားဖူးယာဉ်ဟာ lighttruck အမျိုးအစားအဖြူရောင်ဖြစ်ပြီး ကနဦးသိရတဲ့သတင်းတွေအရတော့ သံဃာတော်တစ်ပါးနဲ့ လူ ၂၅ ယောက်တင်ဆောင်လာတာဖြစ်တယ်လို့သိရပါတယ်။ အခုနောက်ဆုံးရရှိတဲ့သတင်းအရ လူ ၁၉ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာ ရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ Myanmar Rescue Kyaukse ဆီကသိရပါတယ်။

KT
မန္တလေး အောက်တိုဘာ ၂၉
Photo မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီးကော်မတီ)

( Zawgyi )

 ရွမ္းျပည္ေတာင္ပိုင္း ႐ြာငံၿမိဳ႕နယ္ ယုန္ေတာင္ေက်း႐ြာအနီးမွာ ယမန္ေန႔ည ၁၁ နာရီအခ်ိန္ခန႔္က ဘုရားဖူးေမာ္ေတာ္ယာဥ္တစ္စီး ေပႏွစ္ေထာင္အနက္ရွိတဲ့ေခ်ာက္ထဲထိုးက်သြားတာေၾကာင့္ အနည္းဆုံးလူ ၁၅ ေယာက္ထဲမနည္းေသဆုံးမႈ ျဖစ္ခဲ့တယ္လို႔ ကယ္ဆယ္ေရး သြားေရာက္ေဆာင္႐ြက္ေနတဲ့ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(အထက္ျမန္မာျပည္)ဆီကသိရပါတယ္။

"အခုမနက္အေစာပိုင္း ကနဦးသတင္းအရေတာ့ သံဃာေတာ္ ၁ ပါးနဲ႔ လူ ၁၄ေယာက္ ေသတယ္လို႔သိရပါတယ္။ အဲဒီထဲက တစ္ေယာက္ ရဲ႕အေလာင္းကို ကြၽန္ေတာ္တို႔လူေတြ သယ္ယူဖို႔ႀကိဳးစားေနၾကပါတယ္" လို႔ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရး အဖြဲ႕(မႏၲေလးတိုင္းေဒသႀကီး) ဥကၠဌဦးလႈိင္မင္းဦးကေျပာပါတယ္။

အဆိုပါဘုရားဖူးယာဥ္ဟာ႐ြာငံနဲ႔ၿမိဳ႕ႀကီးၾကားမိုင္တိုင္၂၈ မိုင္ ၃ ဖာလုံ က ယုန္ေတာင္ေက်း႐ြာအနီး ေပႏွစ္ေထာင္ခန႔္အနက္ရွိတဲ့ ေခ်ာက္ထဲ ကို ထိုးက်သြားတာလို႔ ေဒသခံသတင္းေတြကေဖာ္ျပထားၿပီး ဘုရားဖူးယာဥ္ဟာ စစ္ကိုင္းတိုင္းေဒသႀကီးေ႐ႊဘိုၿမိဳ႕ နယ္ ခြန္ေတာင္းႀကီး႐ြာကျဖစ္တယ္လို႔သိရပါတယ္။

"သတင္းရရခ်င္း ႐ြာငံဘက္ကအဖြဲ႕ေတြ ဆည္နားကအဖြဲ႕ေတြကကယ္ဆယ္ေရးလုပ္တယ္ ေနာက္ေတာ့အင္အားမေလာက္လို႔ ေက်ာက္ဆည္ အဖြဲ႕ပါထပ္လႊတ္ထားတယ္ ဒီမနက္အထိရတဲ့သတင္းအရေတာ့ ၁၀ ေယာက္ေတာ့ အခင္းျဖစ္ေနရာမွာ အသက္ရွင္လ်က္ အေျခအေနနဲ႔ေတြ႕ရတယ္လို႔သတင္းရပါတယ္ ႐ြာငံေဆး႐ုံပို႔တာလည္းရွိတယ္မႏၲေလးေဆး႐ုံကိုလည္း ပို႔တယ္ လို႔ၾကားပါတယ္" လို႔ ၎ကေျပာပါတယ္။

ျဖစ္စဥ္မွာ ဘုရားဖူးယာဥ္ဟာ lighttruck အမ်ိဳးအစားအျဖဴေရာင္ျဖစ္ၿပီး ကနဦးသိရတဲ့သတင္းေတြအရေတာ့ သံဃာေတာ္တစ္ပါးနဲ႔ လူ ၂၅ ေယာက္တင္ေဆာင္လာတာျဖစ္တယ္လို႔သိရပါတယ္။ အခုေနာက္ဆုံးရရွိတဲ့သတင္းအရ လူ ၁၉ ေယာက္ေသဆုံးၿပီး ၇ ေယာက္ ဒဏ္ရာ ရတယ္လို႔ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ Myanmar Rescue Kyaukse ဆီကသိရပါတယ္။

KT
မႏၲေလး ေအာက္တိုဘာ ၂၉
Photo ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မႏၲေလးတိုင္းေဒသႀကီးေကာ္မတီ)