တရားမဝင်ရှော့တိုက်ငါးဖမ်းသူများက ပြန်လည်ခုခံရန်စီစဉ်ထားသော ပစ္စည်းအချို့ ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ကင်းလှည့်ခရီးဆောင်ရွက် စဉ်သိမ်းဆည်းရမိဟုဆို

  တရားမဝင်ရှော့တိုက်ငါးဖမ်းသူများက ပြန်လည်ခုခံရန်စီစဉ်ထားသော ပစ္စည်းအချို့ ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ကင်းလှည့်ခရီးဆောင်ရွက် စဉ်သိမ်းဆည်းရမိဟုဆို

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအတွက် ပုံမှန်ကင်းလှည့်ခရီးစဉ်တွေကိုလုပ်ဆောင်ခဲ့ရာ တရားမဝင်ရှော့တိုက် ငါးဖမ်းသူများက ပြန်လည် ခုခံရန်စီစဉ်ထားတဲ့ ပစ္စည်းတစ်ချို့ကိုထားကာ ထွက်ပြေးခဲ့ကြတာကြောင့် သက်သေခံပစ္စည်းအဖြစ်နဲ့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) WCS မှ သိရပါတယ်။

အဆိုပါ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးကို ထိန်းသိမ်းရေးဧရိယာ(၂)ဖြစ်တဲ့ ဧရာဝတီမြစ်အတွင်း ထီးချိုင့်-ကသာ-ရွှေကူ စတဲ့ အပိုင်းမှာ ငါးလုပ်ငန်းဦးစီးဌာန၊ ကသာမြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်၊ သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ရာ ပြန်လည်ခုခံဖို့ ကိုင်ဆောင်ထားတဲ့ လုပ်သေနတ် တစ်လက်နဲ့ တရားမဝင်ငါးဖမ်းကိရိယာတွေကို ထားကာ ထွက်ပြေးသွားတာကြောင့် ယင်းပစ္စည်းတွေအပြင် ဘက်ထရီ ရှော့တိုက်ငါးဖမ်းလှေ သုံးစီး၊ ဝါယာရှော့တံနဲ့ ခပ်ခွက် သုံးစုံ၊ ဗို့အားမြှင့်စက် သုံးလုံး၊ ဘက်ထရီအိုး နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ထိုကင်းလှည့်လုပ်ဆောင်တဲ့ခရီးစဉ်မှာ ဧရာဝတီလင်းပိုင်များ ကျက်စားတဲ့နေရာတွေကို မှတ်တမ်းတင်နိုင်ခြင်း၊ တရားမဝင်ငါးဖမ်းဆီးမှု အခြေ အနေများကို စောင့်ကြည့်စစ်ဆေးခြင်း၊ ဒေသခံများကိုပညာပေးဟောပြောခြင်း၊ တွေ့ရှိလာတဲ့ ရေပျော်ငှက်မျိုးစိတ်တွေကိုလည်း မှတ်တမ်း တင်ခြင်း စတဲ့ လုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့သလို ထီးချိုင့်မြို့နယ်က မြတောင်ကျေးရွာနဲ့ ရွှေကူမြို့နယ်က ကျောက်တလုံးကျေးရွာတွေက မူလတန်းကျောင်း တွေမှာ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးပညာပေးဟောပြောတာတွေ၊ ပညာပေးဆိုင်းဘုတ်စိုက်ထူထာတွေ ကိုလည်း ယခုလထဲမှာ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ အောက်တိုဘာ ၃၀ 

(  Zawgyi  )

 ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရးအတြက္ ပုံမွန္ကင္းလွည့္ခရီးစဥ္ေတြကိုလုပ္ေဆာင္ခဲ့ရာ တရားမဝင္ေရွာ့တိုက္ ငါးဖမ္းသူမ်ားက ျပန္လည္ ခုခံရန္စီစဥ္ထားတဲ့ ပစၥည္းတစ္ခ်ိဳ႕ကိုထားကာ ထြက္ေျပးခဲ့ၾကတာေၾကာင့္ သက္ေသခံပစၥည္းအျဖစ္နဲ႔ သိမ္းဆည္းႏိုင္ခဲ့တယ္လို႔ သားငွက္ ထိန္းသိမ္းေရးအဖြဲ႕ (ျမန္မာႏိုင္ငံအစီအစဥ္) WCS မွ သိရပါတယ္။

အဆိုပါ ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရးကို ထိန္းသိမ္းေရးဧရိယာ(၂)ျဖစ္တဲ့ ဧရာဝတီျမစ္အတြင္း ထီးခ်ိဳင့္-ကသာ-ေ႐ႊကူ စတဲ့ အပိုင္းမွာ ငါးလုပ္ငန္းဦးစီးဌာန၊ ကသာၿမိဳ႕နယ္ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္၊ သားငွက္ထိန္းသိမ္းေရး အဖြဲ႕ (ျမန္မာႏိုင္ငံအစီအစဥ္)တို႔က ပူးေပါင္းလုပ္ေဆာင္ခဲ့ရာ ျပန္လည္ခုခံဖို႔ ကိုင္ေဆာင္ထားတဲ့ လုပ္ေသနတ္ တစ္လက္နဲ႔ တရားမဝင္ငါးဖမ္းကိရိယာေတြကို ထားကာ ထြက္ေျပးသြားတာေၾကာင့္ ယင္းပစၥည္းေတြအျပင္ ဘက္ထရီ ေရွာ့တိုက္ငါးဖမ္းေလွ သုံးစီး၊ ဝါယာေရွာ့တံနဲ႔ ခပ္ခြက္ သုံးစုံ၊ ဗို႔အားျမႇင့္စက္ သုံးလုံး၊ ဘက္ထရီအိုး ႏွစ္လုံးတို႔ကို သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။

ထိုကင္းလွည့္လုပ္ေဆာင္တဲ့ခရီးစဥ္မွာ ဧရာဝတီလင္းပိုင္မ်ား က်က္စားတဲ့ေနရာေတြကို မွတ္တမ္းတင္ႏိုင္ျခင္း၊ တရားမဝင္ငါးဖမ္းဆီးမႈ အေျခ အေနမ်ားကို ေစာင့္ၾကည့္စစ္ေဆးျခင္း၊ ေဒသခံမ်ားကိုပညာေပးေဟာေျပာျခင္း၊ ေတြ႕ရွိလာတဲ့ ေရေပ်ာ္ငွက္မ်ိဳးစိတ္ေတြကိုလည္း မွတ္တမ္း တင္ျခင္း စတဲ့ လုပ္ငန္းေတြကိုလုပ္ေဆာင္ခဲ့သလို ထီးခ်ိဳင့္ၿမိဳ႕နယ္က ျမေတာင္ေက်း႐ြာနဲ႔ ေ႐ႊကူၿမိဳ႕နယ္က ေက်ာက္တလုံးေက်း႐ြာေတြက မူလတန္းေက်ာင္း ေတြမွာ ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရးပညာေပးေဟာေျပာတာေတြ၊ ပညာေပးဆိုင္းဘုတ္စိုက္ထူထာေတြ ကိုလည္း ယခုလထဲမွာ လုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ေအာက္တိုဘာ ၃၀
ပုံ- WCS
ပုံ- WCS