တစ်စုံတစ်ဦးကောင်းစားဖို့အတွက် ဖွဲ့စည်းပုံကို မပြင်ဆင်ဘူးလို့ ပြည်ခိုင်ဖြိုးပါတီဆို

တစ်စုံတစ်ဦးကောင်းစားဖို့အတွက် ဖွဲ့စည်းပုံကို မပြင်ဆင်ဘူးလို့ ပြည်ခိုင်ဖြိုးပါတီဆို

လူတစ်စု တစ်ဦးတစ်ယောက် ကောင်းစားဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။“လူတစ်ဦး တစ်ယောက် အဖွဲ့အစည်းတစ်ခုအတွက် မပြင်ပါနဲ့။ နောက်ဆက်တွဲအရ တိုင်းပြည်နဲ့ လူမျိုးကို ထိခိုက်စေနိုင်ပါတယ်” လို့ ဒေါက်တာနန္ဒလှမြင့်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ Melia ဟိုတယ်မှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာကြောင့်ပြင်မှာလဲ၊ ဘယ်လိုပြင်မှာလဲ ဆိုတဲ့ စကားဝိုင်းမှာ ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုခဲ့ပါတယ်။ဒီ စကားဝိုင်းမှာ ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်း ငွန်ကျုံးလန် ၊ ပျော်ဘွယ်မဲဆန္ဒနယ်က အမတ် ဦးသောင်းအေး နဲ့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်တို ပါဝင်ပြီး ပြည်ခိုင်ဖြိုးပါတီကနေ ဦးဆောင်ကျင်းပတာလည်း ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ခြင်းကို ကန့်ကွက်နေတာမဟုတ်ဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိမယ့် ကိစ္စရပ်မျိုးတွေ အတွက်သာ ဖွဲ့စည်းပုံကို ပြင်ဆင်သင့်တယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုခဲ့ပါတယ်။လက်ရှိမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ၄၅ ဦး ကော်မတီလို့ ခေါ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အတွက် လွှတ်တော်မှာ ကြိုးပမ်းနေတာပါ။ ကြံ့ခိုင်ရေး ပါတီကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေကို လွှတ်တော်မှာ တင်သွင်းထားတာ ရှိပါတယ်။

ဇေယျာမော်
ရန်ကုန်၊ ဖေဖော်ဝါရီ ၅

(  Zawgyi  )

 လူတစ္စု တစ္ဦးတစ္ေယာက္ ေကာင္းစားဖို႔အတြက္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို မျပင္ဆင္ဘူးလို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္က ေဖေဖာ္ဝါရီလ ၅ ရက္ေန႔မွာ ေျပာဆိုလိုက္ပါတယ္။“လူတစ္ဦး တစ္ေယာက္ အဖြဲ႕အစည္းတစ္ခုအတြက္ မျပင္ပါနဲ႔။ ေနာက္ဆက္တြဲအရ တိုင္းျပည္နဲ႔ လူမ်ိဳးကို ထိခိုက္ေစႏိုင္ပါတယ္” လို႔ ေဒါက္တာနႏၵလွျမင့္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၅ ရက္ေန႔ မနက္ပိုင္းက ရန္ကုန္ၿမိဳ႕ Melia ဟိုတယ္မွာ ျပဳလုပ္တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ဘာေၾကာင့္ျပင္မွာလဲ၊ ဘယ္လိုျပင္မွာလဲ ဆိုတဲ့ စကားဝိုင္းမွာ ေဒါက္တာနႏၵာလွျမင့္က ေျပာဆိုခဲ့ပါတယ္။ဒီ စကားဝိုင္းမွာ ဥပေဒပညာရွင္ ေဒါက္တာ ဆလိုင္း ငြန္က်ဳံးလန္ ၊ ေပ်ာ္ဘြယ္မဲဆႏၵနယ္က အမတ္ ဦးေသာင္းေအး နဲ႔ ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္တို ပါဝင္ၿပီး ျပည္ခိုင္ၿဖိဳးပါတီကေန ဦးေဆာင္က်င္းပတာလည္း ျဖစ္ပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ ဖြဲ႕စည္းပုံျပင္ဆင္ျခင္းကို ကန႔္ကြက္ေနတာမဟုတ္ဘဲ တိုင္းျပည္နဲ႔ လူမ်ိဳးအတြက္ အက်ိဳးရွိမယ့္ ကိစၥရပ္မ်ိဳးေတြ အတြက္သာ ဖြဲ႕စည္းပုံကို ျပင္ဆင္သင့္တယ္လို႔ ေဒါက္တာနႏၵာလွျမင့္က ေျပာဆိုခဲ့ပါတယ္။လက္ရွိမွာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ပါတီက ၄၅ ဦး ေကာ္မတီလို႔ ေခၚတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကို ဖြဲ႕စည္းၿပီး ၂၀၀၈ ဖြဲ႕စည္းပုံ ျပင္ဆင္ဖို႔ အတြက္ လႊတ္ေတာ္မွာ ႀကိဳးပမ္းေနတာပါ။ ႀကံ့ခိုင္ေရး ပါတီကလည္း ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းေတြကို လႊတ္ေတာ္မွာ တင္သြင္းထားတာ ရွိပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၅