ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ မြန်မာနိုင်ငံရှိ ဓါတ်ခွဲခန်း၌စစ်ဆေးနိုင်မည်

ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ မြန်မာနိုင်ငံရှိ ဓါတ်ခွဲခန်း၌စစ်ဆေးနိုင်မည်

ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရှာဖွေရာတွင် အသုံးပြုမယ့် Reagent အခု ၁၀၀ ဟာ ရန်ကုန်ကို ရောက်ရှိလာပြီး လက်ရှိကာလတွင် Custom ကိစ္စပြီးပါက အမျိုးသား ဓာတ်ခွဲခန်း (NHL)မှာ မကြာခင် စတင်စစ်ဆေးနိုင် တော့မယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး ဆီက သိရပါတယ်။

"၂၅ ဦးစာ အခု ၁၀၀ ရောက်နေပါပြီ၊ ဒီနေ့ ညနေပိုင်း ဒါမှမဟုတ် မနက်ဖြန် လောက်ကစပြီးတော့ အမျိုးသား ဓာတ်ခွဲခန်းမှာ စတင် စစ်ဆေးနိုင်တော့မှာပါ"လို့ ၎င်းက ဆိုပါတယ်။ ဒါ့အပြင် မနက်ဖြန် (ဖေဖော်ဝါရီ ၁၂ ရက်နေ့) မှာလည်း နောက်ထပ် Reagent အခု ၁၀၀ (၂၅ဦး)စာ Reagent များ ထပ်မံရောက်ရှိလာပြီး ဖေဖော်ဝါရီ ၁၇ ရက်မှာလည်း နောက်ထပ် အခု ၅၀၀ (၁၂၅ ဦး)စာ ထပ်မံ ရောက်ရှိလာ ဖို့ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ Reagent တွေဟာ ထိုင်း၊ ဂျပန်နဲ့ ကုလသမဂ္ဂ တို့ကနေ ပံ့ပိုးပေးတာလည်း ဖြဝ်တယ်လို့ သိရပါတယ်။

ဇွဲမာန်  
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္စ္ စမ္းသပ္ရွာေဖြရာတြင္ အသုံးျပဳမယ့္ Reagent အခု ၁၀၀ ဟာ ရန္ကုန္ကို ေရာက္ရွိလာၿပီး လက္ရွိကာလတြင္ Custom ကိစၥၿပီးပါက အမ်ိဳးသား ဓာတ္ခြဲခန္း (NHL)မွာ မၾကာခင္ စတင္စစ္ေဆးႏိုင္ ေတာ့မယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ၊ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာ ခင္ခင္ႀကီး ဆီက သိရပါတယ္။

"၂၅ ဦးစာ အခု ၁၀၀ ေရာက္ေနပါၿပီ၊ ဒီေန႔ ညေနပိုင္း ဒါမွမဟုတ္ မနက္ျဖန္ ေလာက္ကစၿပီးေတာ့ အမ်ိဳးသား ဓာတ္ခြဲခန္းမွာ စတင္ စစ္ေဆးႏိုင္ေတာ့မွာပါ"လို႔ ၎က ဆိုပါတယ္။ ဒါ့အျပင္ မနက္ျဖန္ (ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔) မွာလည္း ေနာက္ထပ္ Reagent အခု ၁၀၀ (၂၅ဦး)စာ Reagent မ်ား ထပ္မံေရာက္ရွိလာၿပီး ေဖေဖာ္ဝါရီ ၁၇ ရက္မွာလည္း ေနာက္ထပ္ အခု ၅၀၀ (၁၂၅ ဦး)စာ ထပ္မံ ေရာက္ရွိလာ ဖို႔ရွိေနတယ္လို႔ သိရပါတယ္။

အဆိုပါ Reagent ေတြဟာ ထိုင္း၊ ဂ်ပန္နဲ႔ ကုလသမဂၢ တို႔ကေန ပံ့ပိုးေပးတာလည္း ျဖဝ္တယ္လို႔ သိရပါတယ္။

ဇြဲမာန္  
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၁