၁၃၀၀ ပြည့်အရေးတော်ပုံ မန္တလေးအာဇာနည် ၁၇ ဦး အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

၁၃၀၀ ပြည့်အရေးတော်ပုံ မန္တလေးအာဇာနည် ၁၇ ဦး အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

၁၃၀၀ ပြည့်အရေးတော်ပုံကာလတုန်းက နိုင်ငံနဲ့လူမျိုးအတွက်အသက်ပေးစွန့်လှူသွားကြတဲ့ မန္တလေးမြို့က အာဇာနည် ၁၇ ဦးအတွက် အောက်မေ့ဖွယ်အထိမ်းအမှတ်အခမ်းအနားကို ဒီကနေ့မနက်ပိုင်းက မန္တလေး ချမ်းမြသာစည်မြို့နယ် တမ္ပဝတီသူကြွယ်ကုန်းရပ် စစ်ကိုင်း- မန္တလေး ကားလမ်းဘေးက အာဇာနည် ၁၇ ဦးဗိမာန်ဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အထင်ကရဖြစ်ခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံမှာ အသက်ပေးစွန့်လှူသွားကြတဲ့အာဇာနည် ၁၇ ဦးအားရည်းစူးပြီး နှစ်စဉ်ကျင်းပပြုလုပ် နေကျ အတိုင်း သံဃာတော်တွေကိုဆွမ်းကပ်လှူဒါန်းခြင်း၊ လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း အစီအစဉ် တို့နဲ့ ကျင်းပပြုလုပ်ခဲ့ ကြတာပဲဖြစ်ပြီး ဒီနှစ်အခမ်းအနားကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လည်း တက်ရောက်ခဲ့ပါတယ်။

နိုင်ငံအတွက်အသက်စွန့်သွားကြတဲ့ကျေးဇူးရှင်တွေကို ကျေးဇူးသိတတ်တဲ့ အနေနဲ့ ဒီလို အခမ်း အနား လုပ်တာကို ကျွန်တော်တို့ကလည်း တက်ရောက် ဂါရဝပြုတာပါ ကျေးဇူးသိရမယ့် အာဇာနည်တွေကို ကျေးဇူးမသိတတ်ဘူးဆိုရင် အဲဒီလူမျိုးသိမ် ကောပပျောက်သွားတတ်ပါ တယ်၊ ဒီအာဇာနည် ၁၇ ဦးဆိုတာက ကျွန်တော်တို့နိုင်ငံအတွက် ဂုဏ်ယူစရာသူရဲကောင်းတွေပါ လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားတက်ရောက်လာတဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုလိုနီအုပ်ချုပ်ရေးကိုအန်တုခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကာလတုန်းက မန္တလေးမြို့မှာလည်း နိုင်ငံနဲ့လူမျိုးအတွက် အသက်ကိုပဓာနမထားဘဲ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ရဟန်းသံဃာတွေနဲ့ကျောင်းသားတွေအများအပြားရှိခဲ့ပြီး အဲဒီထဲကမှအသက်စွန့်လှူ သွားကြတဲ့ အာဇာနည် ၁၇ ဦးအတွက် အောက်မေ့ဖွယ် ဂုဏ်ပြုတဲ့ အထိမ်းအမှတ် အခမ်းအနားလည်း ဖြစ်ပါတယ်။

ဒီကနေ့ကျင်းပပြုလုပ်တဲ့အခမ်းအနားက ၁၃၀၀ ပြည့်အရေးတော်ပုံ မန္တလေးအာဇာနည် ၁၇ ဦးရဲ့ ၈၁ နှစ်မြောက်အောက်မေ့ဖွယ်ဂုဏ်ပြု အခမ်းအနားလည်းဖြစ်ပြီး ခေတ်အဆက် ဆက်နှစ်ပေါင်း များစွာကျင်းပပြုလုပ်ခွင့်မရခဲ့တဲ့ မန္တလေးအာဇာနည် ၁၇ ဦးအတွက် အောက်မေ့ဖွယ် ဂုဏ်ပြု အခမ်းအနားကို စိန်ရတုနှစ် ၇၅ နှစ်ပြည့်ကမှ ပြန်လည် ကျင်းပပြုလုပ်နိုင်ခဲ့တာ လို့သိရပါတယ်။

အဲဒီတုန်းကတော့ တစ်ခမ်းတစ်နားနဲ့ကိုကျင်းပခဲ့ကြတာပါ  မန္တလေးအာဇာနည် ၁၇ ဦးအတွက် အမှတ်တရကျောက်စာတိုင် စိုက်ထူနိုင်ခဲ့ တယ်၊ အရင်စစ်အစိုးရလက်ထက်တစ်လျှောက်လုံး သော့ခတ်ပိတ်ထားခံရတဲ့ဒီဗိမာန်ကြီးကို အများပြည် သူလေ့လာလို့ရအောင်ပြန်ဖွင့်ခွင့် ရခဲ့တယ် တစ်ခမ်းတစ်နားနဲ့ကိုကျင်းပနိုင်ခဲ့တာပါ လို့ အခမ်းအနား ကျင်းပရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

၁၃၀၀ ပြည့်အရေးတော်ပုံဆိုတာက ကိုလိုနီယန္တရားကိုဆန့်ကျင်တဲ့ မြန်မာပြည်သူတွေ ရဲ့ ပထမဆုံးနိုင်ငံရေးလှုပ်ရှားမှုတစ်ခုပဲဖြစ်ပြီး အဲဒီတုန်းကတော့ ခေတ်စနစ်အခြေအနေအရ ကိုလိုနီအစိုးရကိုချက်ချင်းပဲဖယ်ရှားမပေးနိုင်ခဲ့ပေမယ့်လည်း မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ခြေလှမ်းအစ ဖြစ်တယ်လို့တော့ သမိုင်းသုတေသီတွေကဆိုပါတယ်။

ဒီကနေ့အခမ်းအနားကို သံဃာတော်တွေဆွမ်းကပ်လှူဒါန်းခြင်း၊ ကျဆုံးသွားတဲ့ အာဇာနည်တွေ အတွက် ကုသိုလ်ပြုအမျှအတန်းဝေခြင်း၊ လွမ်းသူ့ပန်းခွေ ချဂုဏ်ပြုအလေးပြုခြင်းတို့နဲ့ ကျင်း ပပြုလုပ်ခဲ့ကြတာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် ဦးဆောင်တဲ့ဝန်ကြီးများ၊ ၁၃၀၀ ပြည့်အရေးတော်ပုံ  မန္တလေးအာဇာနည် ၁၇ ဦး ၈၁ နှစ်မြောက် အထိမ်းအမှတ်ကျင်းပရေးကော်မတီ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ချမ်းအေးသာစံမြို့နယ်)၊ ပြည်သူ့ပါတီ(မန္တလေးတိုင်းဒေသကြီး)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ(မန္တလေးတိုင်းဒေသကြီး)၊ အမျိုးသမီးနိုင်ငံရေးအင်အားစု၊ တမာရိပ်အမျိုးသမီးအဖွဲ့ အစရှိတဲ့ နိုင်ငံရေးအင်အားစု အရပ်ဖက်အဖွဲ့အစည်းတွေ တက်ရောက် ဂါရဝပြုသွားခဲ့ကြပါတယ်။

KT                      
မန္တလေး ၊ ဖေဖော်ဝါရီ ၁၅

(  Zawgyi  )

 ၁၃၀၀ ျပည့္အေရးေတာ္ပုံကာလတုန္းက ႏိုင္ငံနဲ႔လူမ်ိဳးအတြက္အသက္ေပးစြန႔္လႉသြားၾကတဲ့ မႏၲေလးၿမိဳ႕က အာဇာနည္ ၁၇ ဦးအတြက္ ေအာက္ေမ့ဖြယ္အထိမ္းအမွတ္အခမ္းအနားကို ဒီကေန႔မနက္ပိုင္းက မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ တမၸဝတီသူႂကြယ္ကုန္းရပ္ စစ္ကိုင္း- မႏၲေလး ကားလမ္းေဘးက အာဇာနည္ ၁၇ ဦးဗိမာန္ဝင္းအတြင္း က်င္းပျပဳလုပ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံလြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းမွာ အထင္ကရျဖစ္ခဲ့တဲ့ ၁၃၀၀ ျပည့္အေရးေတာ္ပုံမွာ အသက္ေပးစြန႔္လႉသြားၾကတဲ့အာဇာနည္ ၁၇ ဦးအားရည္းစူးၿပီး ႏွစ္စဥ္က်င္းပျပဳလုပ္ ေနက် အတိုင္း သံဃာေတာ္ေတြကိုဆြမ္းကပ္လႉဒါန္းျခင္း၊ လြမ္းသူ႔ပန္းေခြခ် အေလးျပဳျခင္း အစီအစဥ္ တို႔နဲ႔ က်င္းပျပဳလုပ္ခဲ့ ၾကတာပဲျဖစ္ၿပီး ဒီႏွစ္အခမ္းအနားကို မႏၲေလးတိုင္း ေဒသႀကီး အစိုးရအဖြဲ႕ လည္း တက္ေရာက္ခဲ့ပါတယ္။

ႏိုင္ငံအတြက္အသက္စြန႔္သြားၾကတဲ့ေက်းဇူးရွင္ေတြကို ေက်းဇူးသိတတ္တဲ့ အေနနဲ႔ ဒီလို အခမ္း အနား လုပ္တာကို ကြၽန္ေတာ္တို႔ကလည္း တက္ေရာက္ ဂါရဝျပဳတာပါ ေက်းဇူးသိရမယ့္ အာဇာနည္ေတြကို ေက်းဇူးမသိတတ္ဘူးဆိုရင္ အဲဒီလူမ်ိဳးသိမ္ ေကာပေပ်ာက္သြားတတ္ပါ တယ္၊ ဒီအာဇာနည္ ၁၇ ဦးဆိုတာက ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ ဂုဏ္ယူစရာသူရဲေကာင္းေတြပါ လို႔ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ကိုယ္စားတက္ေရာက္လာတဲ့ ေခတၱဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္ကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုလိုနီအုပ္ခ်ဳပ္ေရးကိုအန္တုခဲ့တဲ့ ၁၃၀၀ ျပည့္အေရးေတာ္ပုံႀကီးကာလတုန္းက မႏၲေလးၿမိဳ႕မွာလည္း ႏိုင္ငံနဲ႔လူမ်ိဳးအတြက္ အသက္ကိုပဓာနမထားဘဲ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့တဲ့ ရဟန္းသံဃာေတြနဲ႔ေက်ာင္းသားေတြအမ်ားအျပားရွိခဲ့ၿပီး အဲဒီထဲကမွအသက္စြန႔္လႉ သြားၾကတဲ့ အာဇာနည္ ၁၇ ဦးအတြက္ ေအာက္ေမ့ဖြယ္ ဂုဏ္ျပဳတဲ့ အထိမ္းအမွတ္ အခမ္းအနားလည္း ျဖစ္ပါတယ္။

ဒီကေန႔က်င္းပျပဳလုပ္တဲ့အခမ္းအနားက ၁၃၀၀ ျပည့္အေရးေတာ္ပုံ မႏၲေလးအာဇာနည္ ၁၇ ဦးရဲ႕ ၈၁ ႏွစ္ေျမာက္ေအာက္ေမ့ဖြယ္ဂုဏ္ျပဳ အခမ္းအနားလည္းျဖစ္ၿပီး ေခတ္အဆက္ ဆက္ႏွစ္ေပါင္း မ်ားစြာက်င္းပျပဳလုပ္ခြင့္မရခဲ့တဲ့ မႏၲေလးအာဇာနည္ ၁၇ ဦးအတြက္ ေအာက္ေမ့ဖြယ္ ဂုဏ္ျပဳ အခမ္းအနားကို စိန္ရတုႏွစ္ ၇၅ ႏွစ္ျပည့္ကမွ ျပန္လည္ က်င္းပျပဳလုပ္ႏိုင္ခဲ့တာ လို႔သိရပါတယ္။

အဲဒီတုန္းကေတာ့ တစ္ခမ္းတစ္နားနဲ႔ကိုက်င္းပခဲ့ၾကတာပါ  မႏၲေလးအာဇာနည္ ၁၇ ဦးအတြက္ အမွတ္တရေက်ာက္စာတိုင္ စိုက္ထူႏိုင္ခဲ့ တယ္၊ အရင္စစ္အစိုးရလက္ထက္တစ္ေလွ်ာက္လုံး ေသာ့ခတ္ပိတ္ထားခံရတဲ့ဒီဗိမာန္ႀကီးကို အမ်ားျပည္ သူေလ့လာလို႔ရေအာင္ျပန္ဖြင့္ခြင့္ ရခဲ့တယ္ တစ္ခမ္းတစ္နားနဲ႔ကိုက်င္းပႏိုင္ခဲ့တာပါ လို႔ အခမ္းအနား က်င္းပေရး ေကာ္မတီ တာဝန္ရွိသူ တစ္ဦးကေျပာပါတယ္။

၁၃၀၀ ျပည့္အေရးေတာ္ပုံဆိုတာက ကိုလိုနီယႏၲရားကိုဆန႔္က်င္တဲ့ ျမန္မာျပည္သူေတြ ရဲ႕ ပထမဆုံးႏိုင္ငံေရးလႈပ္ရွားမႈတစ္ခုပဲျဖစ္ၿပီး အဲဒီတုန္းကေတာ့ ေခတ္စနစ္အေျခအေနအရ ကိုလိုနီအစိုးရကိုခ်က္ခ်င္းပဲဖယ္ရွားမေပးႏိုင္ခဲ့ေပမယ့္လည္း ျမန္မာႏိုင္ငံ လြတ္လပ္ေရး အတြက္ ေျခလွမ္းအစ ျဖစ္တယ္လို႔ေတာ့ သမိုင္းသုေတသီေတြကဆိုပါတယ္။

ဒီကေန႔အခမ္းအနားကို သံဃာေတာ္ေတြဆြမ္းကပ္လႉဒါန္းျခင္း၊ က်ဆုံးသြားတဲ့ အာဇာနည္ေတြ အတြက္ ကုသိုလ္ျပဳအမွ်အတန္းေဝျခင္း၊ လြမ္းသူ႔ပန္းေခြ ခ်ဂုဏ္ျပဳအေလးျပဳျခင္းတို႔နဲ႔ က်င္း ပျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ေခတၱဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္ ဦးေဆာင္တဲ့ဝန္ႀကီးမ်ား၊ ၁၃၀၀ ျပည့္အေရးေတာ္ပုံ  မႏၲေလးအာဇာနည္ ၁၇ ဦး ၈၁ ႏွစ္ေျမာက္ အထိမ္းအမွတ္က်င္းပေရးေကာ္မတီ၊ မႏၲေလးတိုင္းေဒသႀကီး အမ်ိဳးသမီးေကာ္မတီ၊ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္(ခ်မ္းေအးသာစံၿမိဳ႕နယ္)၊ ျပည္သူ႔ပါတီ(မႏၲေလးတိုင္းေဒသႀကီး)၊ လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ ပါတီ(မႏၲေလးတိုင္းေဒသႀကီး)၊ အမ်ိဳးသမီးႏိုင္ငံေရးအင္အားစု၊ တမာရိပ္အမ်ိဳးသမီးအဖြဲ႕ အစရွိတဲ့ ႏိုင္ငံေရးအင္အားစု အရပ္ဖက္အဖြဲ႕အစည္းေတြ တက္ေရာက္ ဂါရဝျပဳသြားခဲ့ၾကပါတယ္။

KT                      
မႏၲေလး ၊ ေဖေဖာ္ဝါရီ ၁၅