ဒီရက်ပိုင်း လုပ်ငန်းခွင်မှာ သင့်အတွက်အခွင့်အလမ်းကောင်းတွေ ဆက်တိုက်ပေါ်ထွက်လာမယ့်ကာလ ဖြစ်နေပါတယ်။ငွေကံက တအားကောင်းနေလို့ စုဆောင်းရမယ့် ရင်းနှီးမြုပ်နှံမှုတွေလုပ်ရမယ့် အချိန်အခါပါ။ဒီအချိန်မှာ အရင်ကရည်ရွယ်ထားတဲ့ လုပ်ငန်းတွေ၊ နေရာသစ်ရွှေ့တာတွေ၊ အလုပ်အကိုင်ပြောင်းရွှေ့တာတွေ၊ လုပ်ငန်းတိုးချဲ့တာတွေ လုပ်ကိုင်သင့်တဲ့ အချိန်ကာလပါ။လူမျိုးခြားနဲ့ လုပ်ကိုင်နေသူတွေ ဝန်ထမ်းတွေ ဒီကာလမှာ နာမည်ဂုဏ်သတင်း ထင်ရှားမယ့်ကိန်းရှိပါတယ်။ဘာလုပ်လုပ် တစ်ခါတည်းမပြီးတာ ဒီအချိန်ကာလပါ။အနည်းဆုံးနှစ်ခါလောက် လုပ်ရတတ်ပါတယ်။ဒီကာလမှာ အပြိုင်အဆိုင်များလို့ ရန်များတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ ဆွေးနွေးသင့်တဲ့ နေ့နံသမားက တနင်္လာ သားသမီးတွေပါ။ခရီးထွက်တာတွေ၊ ဘုရားဖူးသွားရတာတွေ ပေါ်တတ်ပါတယ်။
စပ်တူလုပ်ရတဲ့အလုပ်တွေ၊ ဆောက်လုပ်ရေးတွေ၊ အိမ်ခြံမြေယာအရောင်းအဝယ်သမားတွေ ခဏရပ်ထားပါဦး။အချိန်ကိုစောင့်လိုက်တာက သင့်ကိုအကျိုးပေးပါတယ်။ဒီကာလမှာ အနုပညာ၊ ကား၊ အလှကုန်၊ ကွန်ပျူတာ စတဲ့အလုပ်တွေ အကျိုးပေးပါလိမ့်မယ်။ငွေကံကောင်းလွန်းနေလို့ ထီထိုးသင့်ပါတယ်။ပညာရေးကကောင်းနေပါတယ်။အိမ်ထောင်ရှင်များ စိတ်ညစ်ရသလောက် ချစ်သူများအတွက်ကတော့ နေ့တိုင်းပျော်စရာဖြစ်နေတဲ့ အချိန်ကာလပါ။ကျန်းမာရေးမှာ အပူကြောင့်ဖြစ်တဲ့ရောဂါ၊ လေကြောင့်ဖြစ်တတ်တဲ့ရောဂါကို သတိပြုသင့်ပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ခရေပန်းကုံးဖြစ်စေ၊ ခရေပန်းဖြစ်စေ ပန်းကန်ဖြင့်ထည့်၍ကပ်လှူကာ ရှင်သီဝလီဂါထာကို သက်စေ့ရွတ်ဆိုပေးပါ။
ပြည်ပထွက်ခွာလိုသူများ ။ ။ လမ်းထဲဆွမ်းဆန်ကြွသည့် သီလရှင်ဆရာလေးများကို ဆွမ်းကပ်ကာ ထီး၊ ဖိနပ် လှူပါလေ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ တနင်္လာနံ ဘုရားစေတီသို့သွားကာ ဆီးခက်ပါသည့် ပန်းပေါင်းစုံကို ကပ်လှူပြီး အလုပ်အကိုင်အတွက် ဆုတောင်းပေးပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထဲရှိ စနေနံပစ္စည်းအပျက်၊ ရွှေရောင်ပစ္စည်းအဟောင်းများကို စွန့်ပစ်ပါ။
လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရားအား ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များကောက်ခြင်းအား ပြုလုပ်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ ဈေးထဲတွင် ရေသတ္တဝါအရှင်များတွေ့ပါက ဝယ်ပြီး ဇီဝိတဒါနအဖြစ် လွှတ်ပေးပါ။
ထီကံကောင်းလိုသူများ ။ ။ တွန်းလှည်းဖြင့်ရောင်းသည့် ထီဆိုင်တွေ့ပါက ၂/၆/၇ ဂဏန်းများများပါသော ထီကိုထိုးပါ။
( Zawgyi )
ဒီရက္ပိုင္း လုပ္ငန္းခြင္မွာ သင့္အတြက္အခြင့္အလမ္းေကာင္းေတြ ဆက္တိုက္ေပၚထြက္လာမယ့္ကာလ ျဖစ္ေနပါတယ္။ေငြကံက တအားေကာင္းေနလို႔ စုေဆာင္းရမယ့္ ရင္းႏွီးျမဳပ္ႏွံမႈေတြလုပ္ရမယ့္ အခ်ိန္အခါပါ။ဒီအခ်ိန္မွာ အရင္ကရည္႐ြယ္ထားတဲ့ လုပ္ငန္းေတြ၊ ေနရာသစ္ေ႐ႊ႕တာေတြ၊ အလုပ္အကိုင္ေျပာင္းေ႐ႊ႕တာေတြ၊ လုပ္ငန္းတိုးခ်ဲ႕တာေတြ လုပ္ကိုင္သင့္တဲ့ အခ်ိန္ကာလပါ။လူမ်ိဳးျခားနဲ႔ လုပ္ကိုင္ေနသူေတြ ဝန္ထမ္းေတြ ဒီကာလမွာ နာမည္ဂုဏ္သတင္း ထင္ရွားမယ့္ကိန္းရွိပါတယ္။ဘာလုပ္လုပ္ တစ္ခါတည္းမၿပီးတာ ဒီအခ်ိန္ကာလပါ။အနည္းဆုံးႏွစ္ခါေလာက္ လုပ္ရတတ္ပါတယ္။ဒီကာလမွာ အၿပိဳင္အဆိုင္မ်ားလို႔ ရန္မ်ားတတ္ပါတယ္။ယခုရက္ပိုင္းအတြင္း သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေဆြးေႏြးသင့္တဲ့ ေန႔နံသမားက တနလၤာ သားသမီးေတြပါ။ခရီးထြက္တာေတြ၊ ဘုရားဖူးသြားရတာေတြ ေပၚတတ္ပါတယ္။
စပ္တူလုပ္ရတဲ့အလုပ္ေတြ၊ ေဆာက္လုပ္ေရးေတြ၊ အိမ္ၿခံေျမယာအေရာင္းအဝယ္သမားေတြ ခဏရပ္ထားပါဦး။အခ်ိန္ကိုေစာင့္လိုက္တာက သင့္ကိုအက်ိဳးေပးပါတယ္။ဒီကာလမွာ အႏုပညာ၊ ကား၊ အလွကုန္၊ ကြန္ပ်ဴတာ စတဲ့အလုပ္ေတြ အက်ိဳးေပးပါလိမ့္မယ္။ေငြကံေကာင္းလြန္းေနလို႔ ထီထိုးသင့္ပါတယ္။ပညာေရးကေကာင္းေနပါတယ္။အိမ္ေထာင္ရွင္မ်ား စိတ္ညစ္ရသေလာက္ ခ်စ္သူမ်ားအတြက္ကေတာ့ ေန႔တိုင္းေပ်ာ္စရာျဖစ္ေနတဲ့ အခ်ိန္ကာလပါ။က်န္းမာေရးမွာ အပူေၾကာင့္ျဖစ္တဲ့ေရာဂါ၊ ေလေၾကာင့္ျဖစ္တတ္တဲ့ေရာဂါကို သတိျပဳသင့္ပါတယ္။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ခေရပန္းကုံးျဖစ္ေစ၊ ခေရပန္းျဖစ္ေစ ပန္းကန္ျဖင့္ထည့္၍ကပ္လႉကာ ရွင္သီဝလီဂါထာကို သက္ေစ့႐ြတ္ဆိုေပးပါ။
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ လမ္းထဲဆြမ္းဆန္ႂကြသည့္ သီလရွင္ဆရာေလးမ်ားကို ဆြမ္းကပ္ကာ ထီး၊ ဖိနပ္ လႉပါေလ။
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ တနလၤာနံ ဘုရားေစတီသို႔သြားကာ ဆီးခက္ပါသည့္ ပန္းေပါင္းစုံကို ကပ္လႉၿပီး အလုပ္အကိုင္အတြက္ ဆုေတာင္းေပးပါ။
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ထဲရွိ စေနနံပစၥည္းအပ်က္၊ ေ႐ႊေရာင္ပစၥည္းအေဟာင္းမ်ားကို စြန႔္ပစ္ပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုရားအား ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္းအား ျပဳလုပ္ေပးပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေဈးထဲတြင္ ေရသတၱဝါအရွင္မ်ားေတြ႕ပါက ဝယ္ၿပီး ဇီဝိတဒါနအျဖစ္ လႊတ္ေပးပါ။
ထီကံေကာင္းလိုသူမ်ား ။ ။ တြန္းလွည္းျဖင့္ေရာင္းသည့္ ထီဆိုင္ေတြ႕ပါက ၂/၆/၇ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။