【 နည်းပညာ 】စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်သူတွေအတွက် Oppo Reno 3 Pro

【  နည်းပညာ  】စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်သူတွေအတွက် Oppo Reno 3 Pro

Oppo ကတော့ ၎င်းရဲ့ ကင်မရာအသားပေး စမတ်ဖုန်းမျိုးဆက်ဖြစ်တဲ့ Reno မျိုးဆက်သစ်ကို ထပ်မံမိတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။

Oppo Reno 3 နဲ့ Reno 3 Pro အမည်ရ စမတ်ဖုန်းနှစ်မျိုးကို မိတ်ဆက်လိုက်တာဖြစ်ပြီး၊ ဒီတစ်ခါတော့ စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်သူတွေ အကြိုက်တွေ့မယ့် Oppo Reno 3 Pro ကို မိတ်ဆက်ပေးလိုက်ချင်ပါတယ်။

Oppo Reno 3 Pro ရဲ့ အဓိကစွမ်းဆောင်ရည်ဖြစ်တဲ့ ကင်မရာတွေအကြောင်း မဖော်ပြ သေးခင်မှာ ၎င်းစမတ်ဖုန်းမှာ အသုံးပြုထားတဲ့ chipset, မျက်နှာပြင်ပိုင်းနဲ့ အခြားသော စွမ်းဆောင်ရည်တွေကို ဖော်ပြပေးချင်ပါတယ်။

Oppo Reno 3 Pro ရဲ့ မျက်နှာပြင်ဟာ ၆.၄ လက်မ အရွယ်အစားရှိပြီး၊ screen to body ratio ကတော့ ၈၇.၄ ရာခိုင်နှုန်းထိ မျက်နှာပြင်ပြည့်နီးပါး နေရာယူထားမှာဖြစ်ပါတယ်။စမတ်ဖုန်းကို အသုံးပြုကြည့်ရှုရာမှာ ကြည်လင်ပြတ်သား တောက်ပစေရန်အတွက် Super AMOLED 16M colors မျက်နှာပြင်ကို အသုံးပြုပေးထားပါတယ်။ဒါ့အပြင် မျက်နှာပြင်ကို တော်ရုံထိခိုက်ပွန်းပဲ့ မှုဒဏ် ခံနိုင်ရန်အတွက် Gorilla Glass 5 ကိုလည်း ဖုံးအုပ်ပေးထားတာ မြင်တွေ့ရပါတယ်။

Chipset ပိုင်းမှာတော့ Mediatek Helio P95 နဲ့ မောင်းနှင်ပေးထားပြီး၊ GPU ကတော့ PowerVR GM9446 ကို ထည့်သွင်းပေးထားပါတယ်။မမ်မိုရီကတော့ 8GB ဖြစ်ပြီး၊ သိမ်းဆည်းနိုင်မှုကတော့ 128GB/256GB နှစ်မျိုးထွက်ရှိမှာ ဖြစ်ပါတယ်။ဒါ့အပြင် microSD ကိုလည်း ထည့်သွင်း အသုံးပြု နိုင်မယ် ဆိုထားပါသေးတယ်။

Oppo Reno 3 Pro ရဲ့ ကင်မရာစွမ်းဆောင်ရည်ကတော့ ၎င်းစမတ်ဖုန်းမှာ လူကြိုက်အများဆုံး စွမ်းဆောင်ရည်လို့တောင် ဆိုလို့ရပါတယ်။နောက်ဘက် ကင်မရာတွေကို စမတ်ဖုန်းရဲ့ နောက်‌ကျောဘက်မှာ ဒေါင်လိုက်တန်းစီတပ်ဆင်ထားပြီး၊ အဓိက ကင်မရာကတော့ 64 MP, f/1.7, 27mm (wide) ဖြစ်ပါတယ်။အဓိက ကင်မရာဟာ 64MP ဖြစ်ပေမယ့် 108MP အဆင့်ရှိ အရည်အသွေးမြင့် ဓာတ်ပုံ‌တွေကို ရိုက်ကူးနိုင်မယ်လို့ ဆိုထားပါတယ်။ဒါ့အပြင် 13 MP, f/2.4, 52mm (telephoto)၊ မြင်ကွင်းကျယ်ရိုက်ကူးရန် 8 MP, f/2.2, 13mm (ultrawide) နဲ့ 2 MP B/W, f/2.4, (depth) တို့ကို ပူးတွဲတပ်ဆင်ပေးထားပါသေးတယ်။

ရှေ့ဘက် ကင်မရာနှစ်လုံးကိုတော့ စမတ်ဖုန်းမျက်နှာပြင်မှာ အပေါက်ဖောက်တပ်ဆင် ပေးထား ပြီး၊ 44 MP, f/2.4, 26mm (wide) ကင်မရာက‌ selfie ရိုက်သူတွေကို အကြိုက်တွေ့စေပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာ အသေအချာပါပဲ။ 2 MP, f/2.4, (depth) ရှေ့ဘက် ကင်မရာကိုလည်း အားဖြည့်တပ်ဆင်ထားတာ မြင်တွေ့ရပါတယ်။

ဘက်ထရီပိုင်းမှာတော့ 4,025 mAh ပမာဏကို တပ်ဆင်ပေးထားပြီး၊ Oppo ရဲ့ နာမည်‌ကျော် VOCC 4.0 အားသွင်းစနစ် 30W မြန်နှုန်းကို ထည့်သွင်းထားပါသေးတယ်။အဆိုပါ မြန်နှုန်းမြှင့် အားသွင်းစနစ်ကြောင့် ဘက်ထရီ ရာခိုင်နှုန်း ၇၀ ကို မိနစ် ၃၀ သာ အားသွင်းရမယ်လို့ ဆိုထားပါ သေးတယ်။လက်ဗွေကိရိယာကိုတော့ မျက်နှာပြင်အောက်ခြေမှာ တပ်ဆင်ပေးထားပါသေးတယ်။

Oppo Reno 3 Pro ကိုတော့ မြန်မာပြည်တွင်းမှာ စတင်‌ရောင်းချနေပြီလို့ သိရပြီး၊ ဈေးနှုန်း ကတော့ 8/256 GB ကို ၆၂၉,၉၀၀ ကျပ် ဖြစ်ပါတယ်။အကယ်၍ သင်ဟာ စမတ်ဖုန်းနဲ့ ဓာတ်ပုံ ရိုက်ကူးတာကို ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီဇိုင်းပိုင်းဆန်းပြားလှပပြီး၊ ကင်မရာ စွမ်းဆောင် ရည် အထူးကောင်းမွန်တဲ့ Oppo Reno 3 Pro ကို ရွေးချယ်ဝယ်ယူဖို့ အကြံပြုလိုက်ပါရစေ။

Damien

(  Zawgyi  )

 Oppo ကေတာ့ ၎ရဲ႕ ကင္မရာအသားေပး စမတ္ဖုန္းမ်ိဳးဆက္ျဖစ္တဲ့ Reno မ်ိဳးဆက္သစ္ကို ထပ္မံမိတ္ဆက္ခဲ့ၿပီျဖစ္ပါတယ္။

Oppo Reno 3 နဲ႔ Reno 3 Pro အမည္ရ စမတ္ဖုန္းႏွစ္မ်ိဳးကို မိတ္ဆက္လိုက္တာျဖစ္ၿပီး၊ ဒီတစ္ခါေတာ့ စမတ္ဖုန္းနဲ႔ ဓာတ္ပုံ႐ိုက္သူေတြ အႀကိဳက္ေတြ႕မယ့္ Oppo Reno 3 Pro ကို မိတ္ဆက္ေပးလိုက္ခ်င္ပါတယ္။

Oppo Reno 3 Pro ရဲ႕ အဓိကစြမ္းေဆာင္ရည္ျဖစ္တဲ့ ကင္မရာေတြအေၾကာင္း မေဖာ္ျပ ေသးခင္မွာ ၎စမတ္ဖုန္းမွာ အသုံးျပဳထားတဲ့ chipset, မ်က္ႏွာျပင္ပိုင္းနဲ႔ အျခားေသာ စြမ္းေဆာင္ရည္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Oppo Reno 3 Pro ရဲ႕ မ်က္ႏွာျပင္ဟာ ၆.၄ လက္မ အ႐ြယ္အစားရွိၿပီး၊ screen to body ratio ကေတာ့ ၈၇.၄ ရာခိုင္ႏႈန္းထိ မ်က္ႏွာျပင္ျပည့္နီးပါး ေနရာယူထားမွာျဖစ္ပါတယ္။စမတ္ဖုန္းကို အသုံးျပဳၾကည့္ရႈရာမွာ ၾကည္လင္ျပတ္သား ေတာက္ပေစရန္အတြက္ Super AMOLED 16M colors မ်က္ႏွာျပင္ကို အသုံးျပဳေပးထားပါတယ္။ဒါ့အျပင္ မ်က္ႏွာျပင္ကို ေတာ္႐ုံထိခိုက္ပြန္းပဲ့ မႈဒဏ္ ခံႏိုင္ရန္အတြက္ Gorilla Glass 5 ကိုလည္း ဖုံးအုပ္ေပးထားတာ ျမင္ေတြ႕ရပါတယ္။

Chipset ပိုင္းမွာေတာ့ Mediatek Helio P95 နဲ႔ ေမာင္းႏွင္ေပးထားၿပီး၊ GPU ကေတာ့ PowerVR GM9446 ကို ထည့္သြင္းေပးထားပါတယ္။မမ္မိုရီကေတာ့ 8GB ျဖစ္ၿပီး၊ သိမ္းဆည္းႏိုင္မႈကေတာ့ 128GB/256GB ႏွစ္မ်ိဳးထြက္ရွိမွာ ျဖစ္ပါတယ္။ဒါ့အျပင္ microSD ကိုလည္း ထည့္သြင္း အသုံးျပဳ ႏိုင္မယ္ ဆိုထားပါေသးတယ္။

Oppo Reno 3 Pro ရဲ႕ ကင္မရာစြမ္းေဆာင္ရည္ကေတာ့ ၎စမတ္ဖုန္းမွာ လူႀကိဳက္အမ်ားဆုံး စြမ္းေဆာင္ရည္လို႔ေတာင္ ဆိုလို႔ရပါတယ္။ေနာက္ဘက္ ကင္မရာေတြကို စမတ္ဖုန္းရဲ႕ ေနာက္‌ေက်ာဘက္မွာ ေဒါင္လိုက္တန္းစီတပ္ဆင္ထားၿပီး၊ အဓိက ကင္မရာကေတာ့ 64 MP, f/1.7, 27mm (wide) ျဖစ္ပါတယ္။အဓိက ကင္မရာဟာ 64MP ျဖစ္ေပမယ့္ 108MP အဆင့္ရွိ အရည္အေသြးျမင့္ ဓာတ္ပုံ‌ေတြကို ႐ိုက္ကူးႏိုင္မယ္လို႔ ဆိုထားပါတယ္။ဒါ့အျပင္ 13 MP, f/2.4, 52mm (telephoto)၊ ျမင္ကြင္းက်ယ္႐ိုက္ကူးရန္ 8 MP, f/2.2, 13mm (ultrawide) နဲ႔ 2 MP B/W, f/2.4, (depth) တို႔ကို ပူးတြဲတပ္ဆင္ေပးထားပါေသးတယ္။

ေရွ႕ဘက္ ကင္မရာႏွစ္လုံးကိုေတာ့ စမတ္ဖုန္းမ်က္ႏွာျပင္မွာ အေပါက္ေဖာက္တပ္ဆင္ ေပးထား ၿပီး၊ 44 MP, f/2.4, 26mm (wide) ကင္မရာက‌ selfie ႐ိုက္သူေတြကို အႀကိဳက္ေတြ႕ေစၿပီး စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ ဓာတ္ပုံေတြကို ႐ိုက္ကူးႏိုင္မွာ အေသအခ်ာပါပဲ။ 2 MP, f/2.4, (depth) ေရွ႕ဘက္ ကင္မရာကိုလည္း အားျဖည့္တပ္ဆင္ထားတာ ျမင္ေတြ႕ရပါတယ္။

ဘက္ထရီပိုင္းမွာေတာ့ 4,025 mAh ပမာဏကို တပ္ဆင္ေပးထားၿပီး၊ Oppo ရဲ႕ နာမည္‌ေက်ာ္ VOCC 4.0 အားသြင္းစနစ္ 30W ျမန္ႏႈန္းကို ထည့္သြင္းထားပါေသးတယ္။အဆိုပါ ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္ေၾကာင့္ ဘက္ထရီ ရာခိုင္ႏႈန္း ၇၀ ကို မိနစ္ ၃၀ သာ အားသြင္းရမယ္လို႔ ဆိုထားပါ ေသးတယ္။လက္ေဗြကိရိယာကိုေတာ့ မ်က္ႏွာျပင္ေအာက္ေျခမွာ တပ္ဆင္ေပးထားပါေသးတယ္။

Oppo Reno 3 Pro ကိုေတာ့ ျမန္မာျပည္တြင္းမွာ စတင္‌ေရာင္းခ်ေနၿပီလို႔ သိရၿပီး၊ ေဈးႏႈန္း ကေတာ့ 8/256 GB ကို ၆၂၉,၉၀၀ က်ပ္ ျဖစ္ပါတယ္။အကယ္၍ သင္ဟာ စမတ္ဖုန္းနဲ႔ ဓာတ္ပုံ ႐ိုက္ကူးတာကို ႀကိဳက္ႏွစ္သက္သူဆိုရင္ေတာ့ ဒီဇိုင္းပိုင္းဆန္းျပားလွပၿပီး၊ ကင္မရာ စြမ္းေဆာင္ ရည္ အထူးေကာင္းမြန္တဲ့ Oppo Reno 3 Pro ကို ေ႐ြးခ်ယ္ဝယ္ယူဖို႔ အႀကံျပဳလိုက္ပါရေစ။

Damien