【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်မှ အဆင်ပြေပါလိမ့်မယ်။ဒီရက်အတွင်းအတိုက်အခံများတဲ့ သင့်အတွက် အရာရာကိုစိတ်တစ်ထစ်လျှော့ပြီး ဆက်ဆံတာ အကောင်းဆုံးဖြစ်ပါတယ်။အရောင်းအဝယ်သမားတွေအတွက်ကတော့ အဆင်မချော ဖြစ်တတ်လို့ ဘာကိစ္စမဆို အလောတကြီးမလုပ်ဘဲ ခေါင်းသုံးပြီး အေးအေးဆေးဆေး လုပ်သင့်ပါတယ်။ဒါပေမယ့် ဒီကာလမှာ လူမျိုးခြားနဲ့ တွဲလုပ်ရတဲ့ စပ်တူလုပ်တဲ့ကိစ္စတွေ စလုပ်တာအကောင်းဆုံးပါ။စာချုပ်စာတမ်းကိစ္စတွေ အိမ်ရောင်းအိမ်ဝယ်အလုပ်တွေ ခက်ခဲပေမယ့် အဆင်ပြေတတ်ပါတယ်။လုပ်ငန်းတိုးချဲ့တာနဲ့ တခြားအရေးကြီးကိစ္စတွေမှာ ကြီးကဲသူတို့ အကူအညီပေးပါလိမ့်မယ်။ပညာရေးကတော့ ကံကောင်းနေ တတ်ပြီး လိုရာရောက်စေပါလိမ့်မယ်။ကျန်းမာရေးကတော့ အဆစ်အမြစ်ကိုက်တာတွေ၊ ခါးနာတာတွေဖြစ်တတ်လို့ အညောင်းထိုင်သမား ဂရုစိုက်သင့်ပါတယ်။အိမ်ထောင်ရှင်များအတွက်ကတော့ ဒီကလမှာ ပျော်ရွှင် စရာတွေ ဆိုက်ရောက်လာပေမယ့် ချစ်သူများအကြားမှာတော့ စိတ်ဆိုးစိတ်ကောက်စရာတွေနဲ့ တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေတဲ့ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ဗုဒ္ဓဟူးနံ ပန်း၊ အသီး၊ အညွှန့်များဖြင့် ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။ ။ ယခုတစ်ပတ်အတွင်း သံဃာတော်များကို နံနက်စောစောထ၍ တန်းဆွမ်းလောင်းလှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားရှင်အား နံနက်စောစောသောက်တော်ရေချမ်းကပ်၍ ပဋ္ဌာန်းဒေသနာဖြင့် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ ဒီရက်ပိုင်း အိတ်ထဲတွင် ရည်ရွယ်သူဓာတ်ပုံကိုထည့်ထားကာ အချိန်ရတိုင်းမေတ္တာပို့ပါ။

လူမှုရေးအတိုက်အခံများသူများ ။ ။ မနက်တစ်ခါ ညတစ်ခါ ဘုရားရှင်ရှေ့တွင် အရဟံဂုဏ်တော် သက်စေ့ပုတီးစိပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ရေသတ္တဝါများ ထားသည့်ကန်သို့ ရေဖြည့်ပေးပါ။

ထီကံကောင်းလိုသူများ ။ ။ ထီဆိုင်တွင် ဗုဒ္ဓဟူးနံ အက္ခရာပါသော ၄ အစ ၂ အဆုံးဂဏန်းပါသည့် ထီကိုထိုးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္မွ အဆင္ေျပပါလိမ့္မယ္။ဒီရက္အတြင္းအတိုက္အခံမ်ားတဲ့ သင့္အတြက္ အရာရာကိုစိတ္တစ္ထစ္ေလွ်ာ့ၿပီး ဆက္ဆံတာ အေကာင္းဆုံးျဖစ္ပါတယ္။အေရာင္းအဝယ္သမားေတြအတြက္ကေတာ့ အဆင္မေခ်ာ ျဖစ္တတ္လို႔ ဘာကိစၥမဆို အေလာတႀကီးမလုပ္ဘဲ ေခါင္းသုံးၿပီး ေအးေအးေဆးေဆး လုပ္သင့္ပါတယ္။ဒါေပမယ့္ ဒီကာလမွာ လူမ်ိဳးျခားနဲ႔ တြဲလုပ္ရတဲ့ စပ္တူလုပ္တဲ့ကိစၥေတြ စလုပ္တာအေကာင္းဆုံးပါ။စာခ်ဳပ္စာတမ္းကိစၥေတြ အိမ္ေရာင္းအိမ္ဝယ္အလုပ္ေတြ ခက္ခဲေပမယ့္ အဆင္ေျပတတ္ပါတယ္။လုပ္ငန္းတိုးခ်ဲ႕တာနဲ႔ တျခားအေရးႀကီးကိစၥေတြမွာ ႀကီးကဲသူတို႔ အကူအညီေပးပါလိမ့္မယ္။ပညာေရးကေတာ့ ကံေကာင္းေန တတ္ၿပီး လိုရာေရာက္ေစပါလိမ့္မယ္။က်န္းမာေရးကေတာ့ အဆစ္အျမစ္ကိုက္တာေတြ၊ ခါးနာတာေတြျဖစ္တတ္လို႔ အေညာင္းထိုင္သမား ဂ႐ုစိုက္သင့္ပါတယ္။အိမ္ေထာင္ရွင္မ်ားအတြက္ကေတာ့ ဒီကလမွာ ေပ်ာ္႐ႊင္ စရာေတြ ဆိုက္ေရာက္လာေပမယ့္ ခ်စ္သူမ်ားအၾကားမွာေတာ့ စိတ္ဆိုးစိတ္ေကာက္စရာေတြနဲ႔ တစ္ေန႔ေ႐ႊ တစ္ေန႔ေငြ ျဖစ္ေနတဲ့ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ဗုဒၶဟူးနံ ပန္း၊ အသီး၊ အၫႊန္႔မ်ားျဖင့္ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ယခုတစ္ပတ္အတြင္း သံဃာေတာ္မ်ားကို နံနက္ေစာေစာထ၍ တန္းဆြမ္းေလာင္းလႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားရွင္အား နံနက္ေစာေစာေသာက္ေတာ္ေရခ်မ္းကပ္၍ ပ႒ာန္းေဒသနာျဖင့္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ဒီရက္ပိုင္း အိတ္ထဲတြင္ ရည္႐ြယ္သူဓာတ္ပုံကိုထည့္ထားကာ အခ်ိန္ရတိုင္းေမတၱာပို႔ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ မနက္တစ္ခါ ညတစ္ခါ ဘုရားရွင္ေရွ႕တြင္ အရဟံဂုဏ္ေတာ္ သက္ေစ့ပုတီးစိပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေရသတၱဝါမ်ား ထားသည့္ကန္သို႔ ေရျဖည့္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။ ။ ထီဆိုင္တြင္ ဗုဒၶဟူးနံ အကၡရာပါေသာ ၄ အစ ၂ အဆုံးဂဏန္းပါသည့္ ထီကိုထိုးပါ။