ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။အလုပ်အကိုင်တွေ ဒီရက်ပိုင်းတိုးချဲ့သင့်ပါတယ်။ငွေကံကောင်းနေတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း အဘက်ဘက်က ကံတွေပွင့်လန်းနေတတ်ပါတယ်။အရာရာ ကိုယ့်အောင်မြင်မှုကို မလိုလားသူတွေရဲ့ အတိုက်အခိုက်ရှိပါတယ်။မိသားစုအတွင်း အလှူအတန်းလုပ်ရတာတွေ ကြုံရတတ်ပါတယ်။သစ်လုပ်ငန်းတွေ၊ ပွဲစားလုပ်ငန်းတွေ၊ သီးနှံတောင်သူတွေ၊ သီးနှံကုန်သည်တွေ အလုပ်အကိုင်ကောင်းတတ်ပြီး စပ်တူရှယ်ယာအလုပ်များ အကျိုးမပေးသေးပါဘူး။ခေတ္တဆိုင်းငံ့ထားပါဦး။ပြည်တွင်း ပြည်ပ ခရီးတွေသွားရတတ်ပါတယ်။ဒီရက်ပိုင်း အာရုံကြော၊ အားနည်းတဲ့ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာရေးကတော့ လုပ်ငန်းခွင်စာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ စိတ်ကသိကအောင်ဖြစ်စရာ တွေ့တတ်ပါတယ်။ငယ်ရွယ်သူများ ပျော်ရွှင်စရာတစ်လှည့် စိတ်အနှောင့်အယှက်ဖြစ်ရတာတစ်လှည့် အချိန်အခါပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ နံနက်နေမတက်မီ ဘုရားရှင်အား သောက်တော်ရေချမ်း ကပ်လှူကာ ဒိဝါတပတိဂါထာအား ကိုးခေါက်တိတိ ယုံယုံကြည်ကြည်ရွတ်ဆိုပါ။
ပြည်ပထွက်ခွာလိုသူများ ။ ။ နံနက်စောစော တန်းဆွမ်းကြွလာသည့် သံဃာတော်များကို သောက်တော်ရေ လှူဒါန်းပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ရွှေတိဂုံဘုရား အောင်မြေတွင် လျှောက်ထားသည့်အလုပ်ကို အဓိဋ္ဌာန်ပြု၍ အောင်သပြေ ၉ ညွှန့် ကပ်လှူဆုတောင်းပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်တွင် ကြည့်မှန် အဟောင်း၊ အကွဲများရှိပါက လွှင့်ပစ်ပါ။ချစ်သူနှင့်တွေ့ရန် သွားသည့်အခါတိုင်း ရေမွှေးဆွတ်သွားပါ။
လူမှုရေးအတိုက်အခံများသူများ ။ ။ စေတီရင်ပြင်များတွင် မေတ္တာသုတ်ရွတ်ဆို၍ သန့်ရှင်းရေးလုပ်ကာ ဆီမီးပူဇော်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ နံနက်ဘက်ထကာ အိမ်ရှေ့လမ်းကိုသန့်ရှင်းပြီး ခို၊ စာကလေးများအတွက် အစာကျွေးပါ။
ထီကံကောင်းလိုသူများ ။ ။ သောကြာနံအက္ခရာဖြင့်စသော ထီလက်မှတ်တွင် ၄/၆ ဂဏန်းများများပါသည့် ထီလက်မှတ်ကိုရွေးချယ်ထိုးပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။အလုပ္အကိုင္ေတြ ဒီရက္ပိုင္းတိုးခ်ဲ႕သင့္ပါတယ္။ေငြကံေကာင္းေနတတ္ပါတယ္။ယခုရက္ပိုင္းအတြင္း အဘက္ဘက္က ကံေတြပြင့္လန္းေနတတ္ပါတယ္။အရာရာ ကိုယ့္ေအာင္ျမင္မႈကို မလိုလားသူေတြရဲ႕ အတိုက္အခိုက္ရွိပါတယ္။မိသားစုအတြင္း အလႉအတန္းလုပ္ရတာေတြ ႀကဳံရတတ္ပါတယ္။သစ္လုပ္ငန္းေတြ၊ ပြဲစားလုပ္ငန္းေတြ၊ သီးႏွံေတာင္သူေတြ၊ သီးႏွံကုန္သည္ေတြ အလုပ္အကိုင္ေကာင္းတတ္ၿပီး စပ္တူရွယ္ယာအလုပ္မ်ား အက်ိဳးမေပးေသးပါဘူး။ေခတၱဆိုင္းငံ့ထားပါဦး။ျပည္တြင္း ျပည္ပ ခရီးေတြသြားရတတ္ပါတယ္။ဒီရက္ပိုင္း အာ႐ုံေၾကာ၊ အားနည္းတဲ့ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာေရးကေတာ့ လုပ္ငန္းခြင္စာေမးပြဲ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာင္ျဖစ္စရာ ေတြ႕တတ္ပါတယ္။ငယ္႐ြယ္သူမ်ား ေပ်ာ္႐ႊင္စရာတစ္လွည့္ စိတ္အေႏွာင့္အယွက္ျဖစ္ရတာတစ္လွည့္ အခ်ိန္အခါပါ။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ နံနက္ေနမတက္မီ ဘုရားရွင္အား ေသာက္ေတာ္ေရခ်မ္း ကပ္လႉကာ ဒိဝါတပတိဂါထာအား ကိုးေခါက္တိတိ ယုံယုံၾကည္ၾကည္႐ြတ္ဆိုပါ။
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ နံနက္ေစာေစာ တန္းဆြမ္းႂကြလာသည့္ သံဃာေတာ္မ်ားကို ေသာက္ေတာ္ေရ လႉဒါန္းပါ။
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ေ႐ႊတိဂုံဘုရား ေအာင္ေျမတြင္ ေလွ်ာက္ထားသည့္အလုပ္ကို အဓိ႒ာန္ျပဳ၍ ေအာင္သေျပ ၉ ၫႊန္႔ ကပ္လႉဆုေတာင္းပါ။
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္တြင္ ၾကည့္မွန္ အေဟာင္း၊ အကြဲမ်ားရွိပါက လႊင့္ပစ္ပါ။ခ်စ္သူႏွင့္ေတြ႕ရန္ သြားသည့္အခါတိုင္း ေရေမႊးဆြတ္သြားပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ေစတီရင္ျပင္မ်ားတြင္ ေမတၱာသုတ္႐ြတ္ဆို၍ သန္႔ရွင္းေရးလုပ္ကာ ဆီမီးပူေဇာ္ေပးပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ နံနက္ဘက္ထကာ အိမ္ေရွ႕လမ္းကိုသန္႔ရွင္းၿပီး ခို၊ စာကေလးမ်ားအတြက္ အစာေကြၽးပါ။
ထီကံေကာင္းလိုသူမ်ား ။ ။ ေသာၾကာနံအကၡရာျဖင့္စေသာ ထီလက္မွတ္တြင္ ၄/၆ ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကိုေ႐ြးခ်ယ္ထိုးပါ။