ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် သောကြာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း ပြဿနာတွေတစ်ခုပြီးတစ်ခုရှင်းနေရသလို သူများ ပြဿနာတွေနဲ့လည်း အလုပ်ရှုပ်နေတတ်ပါတယ်။ငွေကံကသင့်နေပေမယ့် အသုံးအစွဲများတတ်လို့ ငွေကြပ်နေတတ်ပါတယ်။ဒါပေမယ့် ရပ်ဝေးမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့၏ အကူအညီရတတ်ပါတယ်။ခရီးကံကောင်းနေလို့ မကြာခဏခရီးထွက်ရကိန်းရှိပါတယ်
အိမ်မြေစတဲ့ ယခင်ကစီစဉ်ထားတဲ့ကိစ္စတွေ ဒီအချိန်မှာ အရောင်းအဝယ်ပြန်ဖြစ်တတ်ပါတယ်။ဒီရက်ပိုင်း ဒူးနာခါးနာ စတဲ့ရောဂါတွေ ဖြစ်တတ်ပြီး ကျန်းမာရေးကသင့်ပါတယ်။
ပညာသင်နေတဲ့သူတွေကတော့ ပညာရေးကတော့ အသင့်အတင့်ပါ။အိမ်ထောင်ရှင်များသတင်းကောင်းကြားရကိန်းရှိပြီး ငယ်ရွယ်သူများကတော့ ဒီအချိန်မှာဝေးနေရင် ပြဿနာနည်းလေမို့ ဝေးနေတာကောင်းပါ တယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား ခုနှစ်ရက်လုံး သစ်တော်သီးကို ဆွမ်းကပ်လှူပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ ။ ။ သံဃာများကို ထီးဖိနပ် သင်္ကန်း ကပ်လှူပေးပါ။နံနက်တိုင်း မင်္ဂလသုတ်ကို ရွတ်ဆိုပေးပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ဘုရားစေတီ၏ သောကြာထောင့်တွင် ပန်း ၅ မျိုးဖြင့် ပဋ္ဌာန်းကို ရွတ်ဖတ်ပူဇော်ပေးပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ မွေးနေ့တွင် မနက်စောစော အိမ်ရှေ့သို့ရောက်လာသည့် ကလေးငယ်ကို ကောက်ညှင်းပြန်ပေါင်းကျွေးပါ။
လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရား၊ ကျောင်း၊ စေတီများတွင် ကျောင်းအိမ်သာ သန့်ရှင်းရေးလုပ်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ ခရီးသွားရင်း ကားပေါ်ပါ သက်ကြီးရွယ်အိုတွေ့ပါက ကားခလှူပေးပါ။
ထီကံကောင်းလိုသူများ ။ ။ ကားနှင့်ရောင်းသော ထီဆိုင်တွင် ၆ ဂဏန်းများများပါအောင် ထီထိုးပေးပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ေသာၾကာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း ျပႆနာေတြတစ္ခုၿပီးတစ္ခုရွင္းေနရသလို သူမ်ား ျပႆနာေတြနဲ႔လည္း အလုပ္ရႈပ္ေနတတ္ပါတယ္။ေငြကံကသင့္ေနေပမယ့္ အသုံးအစြဲမ်ားတတ္လို႔ ေငြၾကပ္ေနတတ္ပါတယ္။ဒါေပမယ့္ ရပ္ေဝးမိတ္ေဆြ လုပ္ေဖာ္ကိုင္ဖက္တို႔၏ အကူအညီရတတ္ပါတယ္။ခရီးကံေကာင္းေနလို႔ မၾကာခဏခရီးထြက္ရကိန္းရွိပါတယ္
အိမ္ေျမစတဲ့ ယခင္ကစီစဥ္ထားတဲ့ကိစၥေတြ ဒီအခ်ိန္မွာ အေရာင္းအဝယ္ျပန္ျဖစ္တတ္ပါတယ္။ဒီရက္ပိုင္း ဒူးနာခါးနာ စတဲ့ေရာဂါေတြ ျဖစ္တတ္ၿပီး က်န္းမာေရးကသင့္ပါတယ္။
ပညာသင္ေနတဲ့သူေတြကေတာ့ ပညာေရးကေတာ့ အသင့္အတင့္ပါ။အိမ္ေထာင္ရွင္မ်ားသတင္းေကာင္းၾကားရကိန္းရွိၿပီး ငယ္႐ြယ္သူမ်ားကေတာ့ ဒီအခ်ိန္မွာေဝးေနရင္ ျပႆနာနည္းေလမို႔ ေဝးေနတာေကာင္းပါ တယ္။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား ခုႏွစ္ရက္လုံး သစ္ေတာ္သီးကို ဆြမ္းကပ္လႉပူေဇာ္ပါ။
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ သံဃာမ်ားကို ထီးဖိနပ္ သကၤန္း ကပ္လႉေပးပါ။နံနက္တိုင္း မဂၤလသုတ္ကို ႐ြတ္ဆိုေပးပါ။
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ဘုရားေစတီ၏ ေသာၾကာေထာင့္တြင္ ပန္း ၅ မ်ိဳးျဖင့္ ပ႒ာန္းကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ေမြးေန႔တြင္ မနက္ေစာေစာ အိမ္ေရွ႕သို႔ေရာက္လာသည့္ ကေလးငယ္ကို ေကာက္ညႇင္းျပန္ေပါင္းေကြၽးပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုရား၊ ေက်ာင္း၊ ေစတီမ်ားတြင္ ေက်ာင္းအိမ္သာ သန႔္ရွင္းေရးလုပ္ေပးပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ခရီးသြားရင္း ကားေပၚပါ သက္ႀကီး႐ြယ္အိုေတြ႕ပါက ကားခလႉေပးပါ။
ထီကံေကာင္းလိုသူမ်ား ။ ။ ကားႏွင့္ေရာင္းေသာ ထီဆိုင္တြင္ ၆ ဂဏန္းမ်ားမ်ားပါေအာင္ ထီထိုးေပးပါ။