ဒီရက်ပိုင်းအတွင်းအလုပ်များနေသလိုစိတ်မောလူမောဖြစ်နေရတဲ့အတွက် ကျန်းမာရေး ပါ ညံ့နေတတ်ပါတယ်။ အလုပ်ကထွက်ချင်တဲ့စိတ်တွေ ဖြစ်နေသလိုစိတ်က အေးအေး ချမ်းချမ်းနေရတဲ့ အရပ်ကိုပြေးထွက် သွားချင်တဲ့ စိတ်တွေ ပေါက်နေတတ်ပါတယ်။ ဘာကိစမဆိုမပြီးပြတ်ဘဲတန်းလန်းဖြစ်နေလို့ သင့်မှာစိတ်ပျက်မှုတွေ ဖြစ်နေရတာပါ။ ခေါင်းကိုအေးအေးထားပြီးအလုပ်ကိုဂရုတစိုက်လုပ်ရမယ့် အချိန်ကာလပါ။ ငွေကြေး ကံနည်းနည်းညံ့ နေပေမယ့် ကူညီဆောင်မမယ့်သူကတော့ ရှိနေပါတယ်။ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသောကိစ္စများအတွက် စနေသားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ အခုချိန်မှာလူမျိုးခြားနဲ့ တွဲလုပ်တဲ့ အလုပ်တွေ အောင်မြင်မှု ရရှိတတ်တဲ့အခါဖြစ်နေလို့ စပ်တူလုပ်ရတဲ့ အလုပ်လည်းအောင်မြင်တဲ့ကာလပါ။ ပညာရေးကိစ္စမှာ အတတ်ပညာ သင်သူတွေ အောင်မြင်မှုရှိနေတဲ့ အချိန်အခါပါ။ ကျန်းမာရေး ကတော့ အာရုံကြော၊လေထိုးလေအောင့်နဲ့ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါ တွေ ဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေ အဆင်မပြေသလိုလိုနဲ့ ပြေလည်မှာ ဖြစ်သလို ချစ်သူရှာမယ့် ငယ်ရွယ်သူတွေကတော့ အဆင်ပြေပြီးမှ လွဲတတ်ပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အားခုနှစ်ရက်လုံး ဘုရားပန်း မညှိုးအောင် ကပ်လှူပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ကိုယ်သွားမည့်နိုင်ငံအမည်ပါ နေနံပန်းကို ဘုရားတွင် ပန်းထိုးကာ လိုရာဆုတောင်းပါလေ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။အိမ်ထောင်ရှင်နှစ်ဦး၏ ဓာတ်ပုံကို ဓာတ်ဘူး အသစ်ထဲ ထည့်ကာဘုရားစင်အောက်တွင် ထားပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ရွှေရောင်ပစ္စည်းများ၊ လက်ဝတ် ရတနာ များဒီတစ်ပတ်မဝတ်ပါနှင့်။တခြားသူအိမ်သို့ ယူလာပါကလက်မခံပါနှင့်။
လူမှုရေးအတိုက်အခံများသူများ။ ။ဘုရား၊ကျောင်း၊စေတီများတွင် မေတ္တာသုတ် ရွတ်ဆိုကာ သန့်ရှင်းရေးလုပ်ပေးပါ။
ကျန်းမာရေးမကောင်းသူများ။ ။ရပ်ထဲရွာထဲမှ သက်ကြီးရွယ်အိုများကိုဆေးဝါးအာဟာရ လှူဒါန်းပေးပါ။
ထီကံကောင်းလိုသူများ။ ။ထီဆိုင်တွင် ၄/၇ ဂဏန်းများပါသော ထီလက်မှတ်ကို ထိုးပေး ပါ။
( Zawgyi )
ဒီရက္ပိုင္းအတြင္းအလုပ္မ်ားေနသလိုစိတ္ေမာလူေမာျဖစ္ေနရတဲ့အတြက္ က်န္းမာေရး ပါ ညံ့ေနတတ္ပါတယ္။ အလုပ္ကထြက္ခ်င္တဲ့စိတ္ေတြ ျဖစ္ေနသလိုစိတ္က ေအးေအး ခ်မ္းခ်မ္းေနရတဲ့ အရပ္ကိုေျပးထြက္ သြားခ်င္တဲ့ စိတ္ေတြ ေပါက္ေနတတ္ပါတယ္။ ဘာကိစမဆိုမၿပီးျပတ္ဘဲတန္းလန္းျဖစ္ေနလို႔ သင့္မွာစိတ္ပ်က္မႈေတြ ျဖစ္ေနရတာပါ။ ေခါင္းကိုေအးေအးထားၿပီးအလုပ္ကိုဂ႐ုတစိုက္လုပ္ရမယ့္ အခ်ိန္ကာလပါ။ ေငြေၾကး ကံနည္းနည္းညံ့ ေနေပမယ့္ ကူညီေဆာင္မမယ့္သူကေတာ့ ရွိေနပါတယ္။ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ စေနသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ အခုခ်ိန္မွာလူမ်ိဳးျခားနဲ႔ တြဲလုပ္တဲ့ အလုပ္ေတြ ေအာင္ျမင္မႈ ရရွိတတ္တဲ့အခါျဖစ္ေနလို႔ စပ္တူလုပ္ရတဲ့ အလုပ္လည္းေအာင္ျမင္တဲ့ကာလပါ။ ပညာေရးကိစၥမွာ အတတ္ပညာ သင္သူေတြ ေအာင္ျမင္မႈရွိေနတဲ့ အခ်ိန္အခါပါ။ က်န္းမာေရး ကေတာ့ အာ႐ုံေၾကာ၊ေလထိုးေလေအာင့္နဲ႔ ႏွလုံးနဲ႔ပတ္သက္တဲ့ ေရာဂါ ေတြ ျဖစ္တတ္ပါတယ္။ အိမ္ေထာင္သည္ေတြ အဆင္မေျပသလိုလိုနဲ႔ ေျပလည္မွာ ျဖစ္သလို ခ်စ္သူရွာမယ့္ ငယ္႐ြယ္သူေတြကေတာ့ အဆင္ေျပၿပီးမွ လြဲတတ္ပါတယ္။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားရွင္အားခုႏွစ္ရက္လုံး ဘုရားပန္း မညႇိဳးေအာင္ ကပ္လႉပါ။
ျပည္ပထြက္ခြာလိုသူမ်ား။ ။ကိုယ္သြားမည့္ႏိုင္ငံအမည္ပါ ေနနံပန္းကို ဘုရားတြင္ ပန္းထိုးကာ လိုရာဆုေတာင္းပါေလ။
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။အိမ္ေထာင္ရွင္ႏွစ္ဦး၏ ဓာတ္ပုံကို ဓာတ္ဘူး အသစ္ထဲ ထည့္ကာဘုရားစင္ေအာက္တြင္ ထားပါ။
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ေ႐ႊေရာင္ပစၥည္းမ်ား၊ လက္ဝတ္ ရတနာ မ်ားဒီတစ္ပတ္မဝတ္ပါႏွင့္။တျခားသူအိမ္သို႔ ယူလာပါကလက္မခံပါႏွင့္။
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ဘုရား၊ေက်ာင္း၊ေစတီမ်ားတြင္ ေမတၱာသုတ္ ႐ြတ္ဆိုကာ သန႔္ရွင္းေရးလုပ္ေပးပါ။
က်န္းမာေရးမေကာင္းသူမ်ား။ ။ရပ္ထဲ႐ြာထဲမွ သက္ႀကီး႐ြယ္အိုမ်ားကိုေဆးဝါးအာဟာရ လႉဒါန္းေပးပါ။
ထီကံေကာင္းလိုသူမ်ား။ ။ထီဆိုင္တြင္ ၄/၇ ဂဏန္းမ်ားပါေသာ ထီလက္မွတ္ကို ထိုးေပး ပါ။