【 နည်းပညာ 】 ဂြိုဟ်သားများ တည်ရှိနေမှုကို ထောက်လှမ်းနိုင်ဖွယ်ရှိနေတဲ့ နာဆာရဲ့ အာကာသအဝေးကြည့်မှန်ပြောင်း

【 နည်းပညာ 】 ဂြိုဟ်သားများ တည်ရှိနေမှုကို ထောက်လှမ်းနိုင်ဖွယ်ရှိနေတဲ့ နာဆာရဲ့ အာကာသအဝေးကြည့်မှန်ပြောင်း

နာဆာရဲ့ James Webb အာကာသအဝေးကြည့်မှန်ပြောင်းဟာ လွှတ်တင်ခဲ့သမျှ အစွမ်းထက်ဆုံး အာကာသအဝေးကြည့်မှန်ပြောင်းဖြစ်ပါတယ်။
 
James Webb အာကာသအဝေးကြည့်မှန်ပြောင်းကို လာမယ့် နွေရာသီမှာ အပြည့်အဝလည်ပတ်နိုင်မယ်လို့ နာဆာဘက်က ခန့်မှန်းထားပါတယ်။
 
လေ့လာမှုအသစ်တစ်ခုအရ အဆိုပါ အာကာသအဝေးကြည့်မှန်ပြောင်းဟာ ဂြိုဟ်များမှ လေထုညစ်ညမ်းမှုကို အခြေခံပြီး ကမ္ဘာ့ပြင်ပမှ သက်ရှိများကို ရှာဖွေတွေ့ရှိနိုင်တယ်လို့ အကြံပြုထားပါတယ်။ကမ္ဘာ့ပြင်ပမှ သက်ရှိများဆိုသည်မှာ ဂြိုဟ်သားများကို ဆိုလိုခြင်းဖြစ်ပါတယ်။
 
ဆီရက်တဲလ်ရှိ Blue Marble Institute of Science မှ James Webb အာကာအဝေးကြည့်မှန်ပြောင်းကို အသုံးပြု၍ လေထုအတွင်း စက်မှုညစ်ညမ်းမှုများကို ရှာဖွေနိုင်ရန် ဖြစ်နိုင်ချေများကို လေ့လာခဲ့ပါတယ်။အကယ်၍ အာကာသအဝေးကြည့်မှန်ပြောင်းနဲ့ ဂြိုဟ်သားများကမ္ဘာမှ ကလိုရိုဖလိုရိုကာဗွန်များကို တွေ့ရှိခဲ့ပါက ဂြိုဟ်သား‌များနေထိုင်ရာ နေရာဖြစ်ကြောင်း ညွှန်ပြနိုင်တယ်လို့ လေ့လာမှုက ဖော်ပြခဲ့ပါတယ်။တူညီမှုအနေနဲ့ ကမ္ဘာပေါ်တွင်လည်း ကလိုရိုဖလိုရိုကာဗွန်များကို အခြေခံပြီး စက်မှုလုပ်ငန်းသုံး အအေးခန်းများနဲ့ သန့်ရှင်းရေးပစ္စည်းများကို ခွဲခြားသတ်မှတ်နိုင်တယ်ဟု လေ့လာမှုက ဆိုပါတယ်။
 
ဒါ့အပြင် အာကာသအဝေးကြည့်မှန်ပြောင်းကို အသုံးပြုပြီး M-class ကြယ်ဟု သိကြသည့် အချိန်ကြာမြင့်စွာတည်ရှိနေသော ကမ္ဘာအရွယ်အစားဂြိုဟ်များကို ရှာဖွေသင့်သည်ဟုလည်း လေ့လာမှုက အကြံပြုထားပါတယ်။ကမ္ဘာမြေနဲ့ အလင်းနှစ် ၄၀ အကွာတွင် လှည့်ပတ်နေသော ကမ္ဘာအရွယ်အစား ဂြိုဟ်များစွာ တည်ရှိနေပါတယ်။တစ်ခုတည်းသောပြဿနာမှာ M-class ကြယ်များဟာ အများအားဖြင့် မည့်သည့်သက်ရှိတိုင်းကိုမဆို သေစေနိုင်လောက်တဲ့ ပြင်းထန်သော နေရောင်ခြည်မီးတောက်များကို ထုတ်ပေးသောကြောင့် သက်ရှိများအတွက် အထောက်အကူမပြုခြင်းဖြစ်ပါတယ်။သို့ပေမယ့် အချိန်ကြာမြင့်စွာ မီးတောက်များ ထုတ်လွှတ်ပြီးနောက် ဂြိုဟ်များဟာ ငြိမ်သက်သွားသည့်အတွက်လည်း သက်ရှိ ဂြိုဟ်သားများ တည်ရှိနေရန်မှာ ဖြစ်နိုင်ချေရှိနေပါသေးတယ်ဟု လေ့လာမှုက ဖော်ပြခဲ့ပါတယ်။
 
ယခုလအစောပိုင်းမှာ James Webb အာကာသအဝေးကြည့်မှန်ပြောင်းမှ ကြယ်များကို ရိုက်ကူးထားသည့် ပထမဆုံး ဓာတ်ပုံကို ပြန်လည်ပေးပို့ခဲ့ပါတယ်။
 
Damien
Ref - dailymail
ဖေဖော်ဝါရီ - ၂၃