【 ဆောင်းပါး 】ကျောက်ဖြူနှင့် ကျိလင်

【 ဆောင်းပါး 】ကျောက်ဖြူနှင့် ကျိလင်

မြန်မာနိုင်ငံအတွင်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ကျိလင်မြို့တို့ကို ချစ်ကြည်ရေး မြို့တော် အဖြစ်တည်ဆောက်ရန် သဘောတူလက်မှတ်များ ရေးထိုးလိုက်ကြပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ အနောက်ခြမ်း ရခိုင်ပြည်နယ်က ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ကျောက်ဖြူမြို့သည် ရခိုင်ပြည်နယ်၏ ဒုတိယမြောက်မြို့တော်လည်းဖြစ်သလို ခရိုင်ရုံးစိုက်ရာ မြို့ကြီးဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်၏ အရှေ့ဘက်ကမ်းခြေအနီး ပင်လယ်ပြင်တွင် တည်ရှိပြီး ရမ်းဗြဲကျွန်း၏ မြောက်ဘက်အစွန်း သံစစ်မြစ်ဝ၌ တည်ရှိသည်။ လှပသည့်နေဝင်ချိန်ရှုခင်းများ၊ သာယာသောကမ်းခြေအလှအပများနှင့် ယဉ်ကျေးမှုများ တည်ရှိရာ ဒေသလည်းဖြစ်ပြီး ကုန်သွယ်ရေးအတွက် အထောက်အကူပြုသည့် ပင်လယ်ဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ နိုင်ငံတကာသို့ ရေကြောင်းမှ ကုန်သွယ်ရာတွင် မဟာဗျူဟာမြောက်သည့် ပထဝီဝင်အနေအထားကို ပိုင်ဆိုင်ထားလျက်ရှိပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားစရာနေရာလည်း ဖြစ်သည်။

ပေ ၇၀ ခန့်မြင့်၍ ကြီးမားသော အဖြူရောင်ကျောက်တုံးကြီး နှစ်တုံးကို အစွဲပြုပြီး ကျောက်ဖြူဟု အမည်တွင်ခဲ့သည်ဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။ ၁၈၅၂ တွင် ခရိုင်မြို့အဆင့် တိုးမြှင့်ခံရပြီး ၁၉၇၄ ခုနှစ် အထိ ခရိုင်မြို့ဖြစ်ခဲ့သည်။၁၉၇၄ ခု ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခရိုင်မြို့များအားလုံးကို ဖျက်သိမ်းလိုက်သည့်အခါ ကျောက်ဖြူမြို့မှာ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ရခိုင်ပြည်နယ်၏ မြို့နယ်တစ်ခုအဖြစ်တည်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကျောက်ဖြူ မြို့နယ်စု ဖြစ်လာပြီးနောက်ပိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ဖြစ်လာသည်။

ယခုအခါ ကျောက်ဖြူမြို့မှာ ခရိုင်ရုံးစိုက်ရာ စည်ကားသောမြို့ကြီး ဖြစ်သလို သင်္ဘောဆိပ်မြို့လည်းဖြစ်ခြင်းကြောင့် ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ်ကာ ကုန်သွယ်မှုများကို လုပ်ဆောင်လာကြသည်။ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့နှင့် ရန်ကုန်မြို့တို့အကြား ဆန်စပါးအပါအဝင် ကုန်ပစ္စည်းမျိုးစုံကို ကုန်သွယ်ခြင်းများရှိသလို ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်၍ ရေကြောင်းကုန်သွယ်ရေး ကဏ္ဍတွင် ဖွံ့ဖြိုးစေသည့် အခြေအနေကောင်းများကို ပေးစွမ်းလျက်ရှိသည်။

ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းလည်း လုပ်ဆောင်နေကြပြီး ယင်းစီမံကိန်းမှာ မဒေးကျွန်း နှင့် ကုဋေချီကျွန်းတို့တွင် တည်ရှိသည်။ ပေ ၁၀၀၀ အထက်ရှိသည့် ကုန်တင်သင်္ဘောကြီးများ ဝင်ထွက်သွားလာ၍ ကုန်သွယ်နိုင်သော ရေနက်ဆိပ်ကမ်းမျိုးဖြစ်ပြီး လက်ရှိတွင်စီမံကိန်းချမှတ်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိကာလတွင် ရွှေသဘာ၀ ကမ်းလွန်ဓာတ်ငွေ့မှ ထွက်ရှိသော ရေနံပိုက်လိုင်းများသွယ်တန်းရေးနှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများကို ကျောက်ဖြူမြို့၌ စတင် တည်ဆောက်နေပြီး လိုအပ်သော လုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများနှင့် အခြားပစ္စည်းများကို ကျောက်ဖြူသို့ သယ်ဆောင်လာရန်အတွက် လုပ်ငန်းသုံး ဆိပ်ခံတံတားတစ်စင်းကိုလည်း တည်ဆောက်လျက် ရှိသည်။

ထို့အပြင် ရခိုင်ကမ်းရိုးတန်း ရေနံလုပ်ကွက်များမှ ထွက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့များကို မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဖြတ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့သို့ ပိုက်လိုင်းသွယ်တန်း၍ တင်ပို့ခြင်းလုပ်ငန်းများအတွက် ကျောက်ဖြူမြို့တွင် ရေနံတင်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် အစီအစဉ်ဆွဲကာ လုပ်ဆောင်နေကြသည်။ ထိုရေနံတင်ဆိပ်ကမ်းအတွက် လက်ရှိတွင် မြေနေရာကိုလည်း ရွေးချယ်ထားပြီးဖြစ်သလို ဆိပ်ခံတံတားလည်း တည်ဆောက်မည်ဖြစ်သည့်အတွက် အသစ်တည်ဆောက်သည့် လုပ်ငန်းသုံးဆိပ်ခံတံတားနှင့် ရေနံတင်ဆိပ်ကမ်းမှဆိပ်ခံတံတားတို့အပါအဝင် ကျောက်ဖြူတွင် ရေနက်ဆိပ်ခံတံတားလေးစင်းဖြစ်လာမည်ဟုလည်း မှတ်တမ်းများတွင် ဖော်ပြထားလျက်ရှိသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံမှာလည်း လက်ရှိတွင် ဖွံ့ဖြိုးတိုးတက်မှု အားကောင်း နေသည့် နိုင်ငံလည်းဖြစ်ပြီး ကျိလင်မြို့သည်လည်း လှပသည့်သဘာဝရှုခင်းများ၊ စီးပွားရေးဖွံ့ဖြိုးမှု အခြေအနေကောင်းများကို ပိုင်ဆိုင်ထားသလို တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးတံခါးပေါက်အဖြစ် တင်စားရလောက်အောင် ကုန်သွယ်ရေးအတွက် အထောက်အကူပြုစေလျက်ရှိသည်။ စက်မှုထွန်းကားသည့် မြို့ကြီးလည်း ဖြစ်သလို ရင်းနှီးမြှုပ်နှံမှုများ အများအပြားတည်ရှိရာ မြို့လည်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့်လည်း ကုန်သွယ်မှုများကို ချိတ်ဆက်လုပ်ဆောင်ရာ၌ အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေလျက်ရှိသည်။

ယခုလို ချစ်ကြည်ရေးမြို့တော်အဖြစ် ကျောက်ဖြူနှင့် ကျိလင်တို့ကို ဆောင်ရွက်ခြင်းမှာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု အခြေခံမူများနှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန်၊ နှစ်နိုင်ငံ ပြည်သူများကြား နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို တိုးမြှင့်ရန် ရည်ရွယ်ထားခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံမှာလည်း လက်ရှိတွင် ဖွံ့ဖြိုးတိုးတက်မှု အားကောင်း နေသည့် နိုင်ငံလည်းဖြစ်နေပြီး ကျိလင်မြို့သည်လည်း လှပသည့်သဘာဝရှုခင်းများ၊ စက်မှုဖွံ့ဖြိုးလျက်ရှိသလို စီးပွားရေးဖွံ့ဖြိုးမှု အခြေအနေကောင်းများကို ပိုင်ဆိုင်ထားကာ တရုတ်နိုင်ငံ၏ ကုန်သွယ် ရေးတံခါးပေါက်အဖြစ် တင်စားရလောက်အောင် ကုန်သွယ်ရေးအတွက် အထောက်အကူပြုစေလျက်ရှိသည်။ တရုတ်နိုင်ငံအတွင်း စက်မှုထွန်းကားသည့် မြို့ကြီးလည်း ဖြစ်သလို ရင်းနှီးမြှုပ်နှံမှုများ အများအပြားတည်ရှိရာ မြို့လည်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့်လည်း ကုန်သွယ်မှုများကို ချိတ်ဆက်လုပ်ဆောင်ရာ၌ အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေလျက်ရှိသည်။

ယခုလို ချစ်ကြည်ရေးမြို့တော်အဖြစ် ကျောက်ဖြူမြို့နှင့် ကျိလင်မြို့တို့ကို ဆောင်ရွက်ခြင်းမှာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု အခြေခံမူများနှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန်၊ နှစ်နိုင်ငံပြည်သူများကြား နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို တိုးမြှင့်ရန် ရည်ရွယ်ကာ ဆောင်ရွက်ကြခြင်း လည်း ဖြစ်သည်။ ထိုသို့သော ချစ်ကြည်ရေးမြို့တော်အဖြစ် တည်ဆောက်နိုင်ရန် ပြီးခဲ့သော ဇူလိုင်လကုန်ပိုင်းက ရန်ကုန်မြို့ရှိ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအသင်း ညီလာခံခန်းမ၌ လက်မှတ်ရေးထိုးခဲ့ကြပြီးလည်း ဖြစ်သည်။

ချစ်ကြည်ရေးမြို့တော်အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းများမှ နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးတက်ခိုင်မာလာစေမည်ဖြစ်ပြီး နှစ်နိုင်ငံကြားတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ ပိုမိုတိုးတက်မှုရှိစေကာ ကုန်စည်စီးဆင်းမှုလွယ်ကူလျင်မြန် ချောမွေ့စေရေးအပါအဝင် တိုးတက်မှုအရှိန်အဟုန်ကောင်းများ ပိုင်ဆိုင် နိုင်တော့မည်ဖြစ်ပေသည်။

ဧပရယ်လ်