【 ဆောင်းပါး 】 ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ မြှင့်တင်မှုမှ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေမည်

【 ဆောင်းပါး 】 ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ မြှင့်တင်မှုမှ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေမည်

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများတွင်ရှိသည့် MSME လုပ်ငန်းများ၌ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန်အတွက် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိုရမ်တစ်ရပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ကျင်းပခဲ့ကြသည်။

လက်ရှိတွင် ဒစ်ဂျစ်တယ်နည်းပညာများသည် MSME များအတွက် ကြီးမားသည့် အခွင့်အလမ်းများကို ပေးစွမ်းနိုင်သော အခြေအနေမျိုးကို ပိုင်ဆိုင်ထားလျက်ရှိသည်။

လုပ်ငန်းများကို ချဲ့ထွင်ခြင်း၊ ဈေးကွက်အသစ်များ တိုးချဲ့ခြင်းများအတွက် အရေးကြီးသောအခြေအနေမှာ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ထို့ကြောင့်ပင် ဒစ်ဂျစ်တယ် အသုံးပြုမှုကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် နည်းလမ်းကောင်းများနှင့် အတွေ့အကြုံကောင်းများ၊ ယူဆချက်များကို ယင်းနယ်ပယ်အတွင်း လုပ်ကိုင်သူများအချင်းချင်း ဆွေးနွေးကြခြင်းဖြင့် တိုးတက်အောင်မြင်မှုများရလာစေကာ လုပ်ငန်းများ ပိုမိုလွယ်ကူချောမွေ့စေနိုင်မည်ဖြစ်သည်။

ထို MSME လုပ်ငန်းရှင်များအနေဖြင့် ဒစ်ဂျစ်တယ်ဈေးကွက်ကို ပိုင်နိုင်စွာဆောင်ရွက်နိုင်သည့်အခါ ဈေးကွက်သစ် (သို့မဟုတ်) ဈေးကွက်ဝေစုများကို ပိုမိုရရှိနိုင်မည့်အပြင် ကမ္ဘာအနှံ့ရှိ ဝယ်ယူသုံးစွဲသူများကြားတွင် အချိန်တိုအတွင်း အလွယ်တကူဆက်သွယ်ရောင်းချနိုင်သော အခြေအနေမျိုးဖြစ်လာနိုင်သည့်အတွက် စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း သေချာပေါက် ဖွံ့ဖြိုးတိုးတက်လာနိုင်စေမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ နေပြည်တော်၊ စက်မှုဝန်ကြီးဌာနရုံး၌ ကျင်းပသည့် အဆိုပါဖိုရမ်မှာ လန်ချန်း-မဲခေါင်ဒေသတွင်း MSME များကို ဖွံ့ဖြိုးတိုးတက်မှုရစေမည်ဖြစ်ပြီး ဒေသတွင်း Industry Chain ၊ Supply Chain တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်မည်ဖြစ်သလို ဈေးကွက်အပြန်အလှန်ချိတ်ဆက်ရေးကို လုပ်ဆောင်ကာ ဒေသတွင်း၌ ခိုင်မာသည့် စျေးကွက်ကြီးတစ်ရပ်ကို တည်ဆောက်လာနိုင်မည့် အခြေအနေကောင်းများလည်း ပိုင်ဆိုင်နေလျက်ရှိသည်။

နှစ်ရက်တာ ကျင်းပခဲ့သည့် အဆိုပါဖိုရမ်တွင် ပြည်တွင်းရှိ ကျွမ်းကျင်ပညာရှင်များ၊ MSME လုပ်ငန်းရှင်များအပါအဝင် လူ ၁၀၀ ကျော်ခန့် တက်ရောက်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဒစ်ဂျစ်တယ်နည်းပညာရပ်များတွင် လက်ရှိအသုံးပြုနေသည့် E-Business ပုံစံများနှင့် သဘောတရားများအကြောင်းကိုလည်းကောင်း၊ MSME များအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲရာတွင် အကျိုးရှိစေသည့် အလေ့အကျင့်များကိုလည်းကောင်း စသည်ဖြင့် ဖိုရမ်၌ဆွေးနွေးကာ အမြင်ဖလှယ်၍ အကြံပြုခဲ့ကြသည်။ထိုသို့ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲရန်  နည်းပညာလိုအပ်ချက်မျးလည်းရှိပြီး ဒစ်ဂျစ်တယ်စီးပွားရေးစနစ်၏ မဟာဗျူဟာနှင့် စီမံခန့်ခွဲမှုများကလည်း အရေးပါသော အခြေအနေဖြစ်သည်။ထို့ကြောင့်ပင် လန်ချန်း-မဲခေါင်ဒေသတွင်းရှိ နိုင်ငံများတွင် ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲရန်အတွက် အဆင်သင့်ပြင်ဆင်ကာ ထားရှိရမည့် အချက်များကိုလည်း ကျွမ်းကျင်ပညာရှင်များက အကြံပြုခဲ့ကြသည်။

ဒစ်ဂျစ်တယ်နည်းပညာ၏ ဆန်းသစ်လာခြင်းနှင့် ပြောင်းလဲတိုးတက်ခြင်းများသည် မဲခေါင်-လန်ချန်းဒေသတွင်းရှိ MSME များအနေဖြင့် မည်ကဲ့သို့သော ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများကို ပိုင်ဆိုင်နိုင်မည်ဟူသည့် အသိပညာများလည်း ရလာစေခဲ့သည်။

ဒစ်ဂျစ်တယ်စီးပွားရေးစနစ် မြှင့်တင်နိုင်ရန်အတွက် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သည့် အခြေအနေမှာ ဒစ်ဂျစ်တယ်ဆိုင်ရာ ကျွမ်းကျင်မှုများပင်ဖြစ်သည်။ထို့ကြောင့် MSME များအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲရာတွင် တွေ့ကြုံရမည့် အခက်အခဲစိန်ခေါ်မှုများကို ဖိုရမ်အတွင်း အုပ်စုများဖွဲ့၍ ရလဒ်များထုတ်ဆောင်ခြင်း၊ ယင်းရလဒ်များအပေါ် သုံးသပ်ဆွေးနွေးခြင်းများဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲမှု၏ အစီအမံကောင်းများကို ရေးဆွဲကာ နှစ်ရက်တာ ဆွေးနွေးခဲ့ကြခြင်းလည်းဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအသီးသီးတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) များသည် နိုင်ငံ့စီးပွားရေး၏ ကျောရိုးအခြေအနေမျိုးလည်းဖြစ်နေပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးမှုများနှင့် စီးပွားရေးတိုးတက်မှုတို့ကို ဖန်တီးပေးလျက်ရှိသည်။

(MSMEs) များ၏ အောင်မြင်မှုနှင့် ရေရှည်တည်တံ့မှုအတွက် ယနေ့ခေတ်ကာလတွင် ဒစ်ဂျစ်တယ်နည်းပညာများ လက်ခံကျင့်သုံးမှုမှာ အရေးကြီးလာလျက်ရှိသည်။ထိုသို့သော ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရာတွင် MSME များအနေဖြင့် အခွင့်အလမ်းများစွာလည်းရှိနေသည်။အွန်လိုင်းတည်ရှိမှုအပေါ် မူတည်၍ စီးပွားရေးလုပ်ငန်းများမှာ ပထဝီဝင်နယ်နိမိတ်များကိုကျော်လွှား၍ ကမ္ဘာ့စျေးကွက်အသီးသီးသို့ ထိုးဖောက်နိုင်စွမ်းရှိသည့်အတွက် ကြီးမားသည့် အခွင့်အလမ်းတစ်ရပ်ကို ပိုင်ဆိုင်နေသော အခြေအနေပင်ဖြစ်သည်။

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းလုပ်ဆောင်သည့်အခါ ဒစ်ဂျစ်တယ်နည်းပညာများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုက လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များကိုလည်း လျှော့ချပေးနိုင်စွမ်းရှိနေပြီး ကုန်ထုတ်စွမ်းအားတိုးမြှင့်စေကာ ယှဉ်ပြိုင်နိုင်စွမ်းအား ကောင်းစေသည့် လုပ်ငန်းအခြေအနေမျိုး ဖြစ်လာစေမည်ဖြစ်သည်။

ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုပေါ် မူတည်၍လည်း ဆန်းသစ်တီထွင်မှုနှင့် စျေးကွက်လမ်းကြောင်းကို လိုက်လျောညီထွေဖြစ်အောင် တီထွင်ဖန်တီးလာနိုင်ပြီး ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များဖြင့် ကမ္ဘာတစ်လွှား စျေးကွက်အသီးသီးမှ ဝယ်သူ (ဖောက်သည်) များ၏ ဝယ်လိုအား တောင်းဆိုချက်အခြေအနေပေါ် မူတည်ကာ လိုက်လျောညီထွေဖြစ်အောင် ထုတ်လုပ်ဖန်တီးနိုင်စွမ်းရှိသည့်အတွက် အားသာချက်များစွာရှိနေသော အခြေအနေတစ်ခုလည်းဖြစ်သည်။

ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုနှင့် နည်းပညာလက်လှမ်းမီမှုတွင် (MSMEs) များကြား၌ ကွာဟချက်အချို့ရှိနေပြီး အချို့သောစီးပွားရေးလုပ်ငန်းများက ဒစ်ဂျစ်တယ်ဆိုင်ရာ နည်းပညာများအပေါ် ကျွမ်းကျင်မှုအားနည်းခြင်းများရှိနေကြသည်။

သမားရိုးကျလုပ်ကိုင်နေသော လုပ်ငန်းများနှင့် မိရိုးဖလာလုပ်ငန်းများက ဒစ်ဂျစ်တယ်စီးပွားရေးအသွင်ပြောင်းလဲရန် နည်းပညာကျွမ်းကျင်မှု အားနည်းခြင်းကြောင့် စိုးရိမ်မှုများလည်းရှိကာ ချီတုံချတုံဖြစ်ကြရသည်။ထိုအခြေအနေများအတွက် ယခုလိုလုပ်ကိုင်သူများအချင်းချင်းကြား၌ ပညာရှင်များအပါအဝင် နယ်ပယ်အသီးသီးမှ ဆွေးနွေးကြခြင်းဖြင့် အခက်အခဲများအပေါ် ကျော်လွှားပေးနိုင်မည်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲလာသည်နှင့်အမျှ ၎င်းတို့အတွက် ဆိုက်ဘာခြိမ်းခြောက်မှုဆိုင်ရာ အခြေအနေများကို ခံနိုင်ရည်ရှိလာစေမည်ဖြစ်ပြီး ကျော်လွှားနိုင်မည့် နည်းလမ်းအခြေအနေကောင်းများအပေါ် ယခုလိုဆွေးနွေးခြင်းများဖြင့် အထောက်အကူများဖြစ်လာစေမည်ဖြစ်သည်။

(MSMEs) များအနေဖြင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းကာ လုပ်ဆောင်ခြင်းများသည် စီးပွားရေးတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုကို မောင်းနှင်နိုင်သည့် ကြီးမားသော အခွင့်အလမ်းမျိုးကို ပိုင်ဆိုင်ထားလျက်ရှိသည်။သို့ရာတွင် ဒစ်ဂျစ်တယ်ဆိုင်ရာ ကျွမ်းကျင်မှုဆိုင်ရာ ကွာဟချက်မဖြစ်ရန် ယခုလိုကျွမ်းကျင်မှုဆိုင်ရာ မြှင့်တင်မှုများက ထိရောက်သည့် အခြေအနေမျိုး ဖြစ်လာစေခဲ့သည်။

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများတွင် MSME များ ဖွံ့ဖြိုးတိုးတက်ရေးကို လွန်ခဲ့သည့် ခုနစ်နှစ်ခန့်မှ စတင်ခဲ့ရာ လက်ရှိတွင် MSME များကြား အဆိုပါဖိုရမ်မှ နိုင်ငံနှင့် သင့်လျော်သည့် ဒစ်ဂျစ်တယ်အသုံးပြုမှု မြှင့်တင်ရေး နည်းလမ်းကောင်းများကို ရလာစေခဲ့သည်။လက်ရှိတွင် တည်ငြိမ်အေးချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အပြန်အလှန်ယဉ်ကျေးမှုဖလှယ်နိုင်ရေး စသည့် မဏ္ဍိုင်သုံးရပ်ဖြင့် လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများတွင် ပူးပေါင်းဆောင်ရွက်လျက်ရာ ယခုလိုဖိုရမ်တစ်ရပ်ဖြင့် ဆွေးနွေးမှုမှ ဒေသတွင်း နိုင်ငံအသီးသီးရှိ ပြည်သူများ၏ ဝင်ငွေများတိုးတက်အောင် ဖန်တီးပေးနိုင်မည်ဖြစ်သလို ဒေသခံပြည်သူများ၏ လူနေမှုဘဝအဆင့်အတန်း မြှင့်တင်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ရေးသားလိုက်ရပေသည်။

ဧပရယ်လ်