【 ဆောင်းပါး 】 လန်ချန်း-မဲခေါင်နိုင်ငံများကြားမှ ဥစားသီးနှံ ကုန်ချောထုတ်လုပ်‌ရေးစီမံကိန်း

【 ဆောင်းပါး 】 လန်ချန်း-မဲခေါင်နိုင်ငံများကြားမှ ဥစားသီးနှံ ကုန်ချောထုတ်လုပ်‌ရေးစီမံကိန်း

ဥစားသီးနှံများထဲတွင် အာလူး၊ ကန်စွန်းဥ၊ ပိန်းဥနှင့် ဝဥ၊ မျောက်ဥ၊ အာတာလွတ်၊ ပီလောပီနံ အစရှိသည့် အမျိုးအစားပေါင်း ၇၀ ကျော်မျှရှိသည်။

အာလူး၊ ပိန်းဥနှင့် ကန်စွန်းဥတို့သည် ဈေးကွက်ထဲတွင် လူကြိုက်များသော အစားအစာများထဲတွင် ပါဝင်သည်။

ယခုခေတ်တွင် အသီးအနှံများကို မူရင်း လတ်လတ်ဆတ်ဆတ် စားသုံးမှုအပြင် စားသောက်ကုန်ပုံစံအမျိုးမျိုးပြုလုပ်၍ စားသုံးကြသည်။

အသားဟင်းလျာများတွင် အာလူးနှင့် ပိန်းဥကတော့ အလွန်လိုက်ဖက်သော အစားအစာအဖြစ် ရော၍ စားသုံးကြသည်။

ကမ္ဘာပေါ်တွင် အာလူးမျိုးပေါင်း ၇၅၀၀ ကျော်ရှိသည်။အများဆုံးစိုက်ပျိုးသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။အာလူး၊ ပိန်းဥတို့နှင့် ပြုလုပ်ထားသည့် အသင့်စား စားသောက်ကုန်အမျိုးမျိုးရှိသည်။ ရပ်ကွက်ထဲတွင် ကန်စွန်းဥ၊ အာတာလွတ်၊ ပီလောပီနံတို့ လှည့်လည်ရောင်းချသော မုန့်သည်များရှိသည်။ယခုခေတ်မှာ သိပ်မတွေ့ရတော့ပေ။နေ့ခင်းနေ့လယ်တွင် စားသုံးကြသော သရေစာအဖြစ် ကလေး၊ လူငယ်၊ လူကြီးတို့ ဝယ်စားကြသည်။

ကန်စွန်းဥကြော်၊ ကန်စွန်းဥဖြင့် ပြုလုပ်ထားသော ကြာဇံကြော်၊ ကန်စွန်းဥထောပတ်ယို စသည်ဖြင့် စားသောက်ကုန်အမျိုးမျိုးရှိသလို ပီလောပီနံမှ အချိုမှုန့်၊ နို့မှုန့်၊ ကော်မှုန့်၊ ခေါက်ဆွဲတို့အပြင် စက္ကူ၊ ချည်မျှင်၊ ကော်၊ တိတ် စသည့် လူသုံးကုန်ပစ္စည်းများအထိ ထုတ်လုပ်ကြသည်။

ဝဥနှင့် မျောက်ဥတို့သည် ဆေးဖက်ဝင်သီးနှံတို့ဖြစ်သည်။ဝဥကို ခေါက်ဆွဲ၊ ကြာဆံပုံစံမျိုး ထုတ်လုပ်ထားပြီး ဆန်အစားထိုးသီနှံအဖြစ် စားသုံးနိုင်သည်။အာရှတိုက်တွင် ဂျပန်နိုင်ငံက ဝဥစားသုံးမှုအများဆုံး နိုင်ငံတစ်ခုဖြစ်သည်။များသောအားဖြင့် ဝဥကို သုပ်စားလေ့ရှိကြသည်။မြန်မာပြည်မှ ဝဥကုန်ကြမ်းများသည် ပြည်ပဈေးကွက်တွင် နေရာရသည်။ဝဥကို စားသုံးကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများတွင်သာမက ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ အလှကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ ချည်ထည်လုပ်ငန်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်း အစရှိသော စက်မှုကုန်ကြမ်းပစ္စည်းများတွင်လည်း အသုံးပြုကြသည်။ထို့ကြောင့် လယ်ယာထွက်ကုန်များကို ကုန်ချောထုတ်လုပ်သည့် ဈေးကွက်သည် နည်းပညာမြင့်လာသည်နှင့်အမျှ ပိုမိုကျယ်ပြန့်လာသည်။

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်မှ ကုန်ထုတ်လုပ်ငန်းများတွင် ကုန်ကြမ်း၊ စွမ်းအင်၊ အရင်းအနှီးနှင့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်လျက်ရှိသည်။

လန်ချန်း-မဲခေါင်း မြစ်ဝှမ်းတစ်လျှောက် ပါဝင်တည်ရှိနေသော တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် စိုက်ပျိုးရေးကောင်းစွာဖြစ်ထွန်းသော နိုင်ငံများဖြစ်သည်။နိုင်ငံတစ်ခုချင်းအလိုက် လယ်ယာထွက်ကုန်များတွင် ထူးခြားသောအရသာဖြင့် ထင်ရှားသော ထုတ်ကုန်များရှိပါသည်။လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်သော နိုင်ငံအသီးသီးတွင် ဥစားသီးနှံထုတ်လုပ်ရေးလုပ်ငန်း နည်းပညာရပ်များ တိုးတက်လျက်ရှိသည်။

ဥပမာအားဖြင့် ဗီယက်နမ်နိုင်ငံမှ ခရမ်းရောင် ကန်စွန်းဥသည် ပုံသဏ္ဍာန် လှပပြီး အ‌ရေးအသွေးမြင့်သည့်အတွက် တရုတ်ဈေးကွက်တွင် အလွန်ရေပန်းစားသည်။

အလားတူ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ရှိသော ပီလောပီနံဥသည် တရုတ်နိုင်ငံ၏ အရက်ပြန်လုပ်ငန်းတွင် အရေးပါသော ကုန်ကြမ်းဖြစ်သည်။မြန်မာနိုင်ငံတွင်လည်း ဥစားသီးနှံစိုက်ပျိုးမှုများ ဖြစ်ထွန်းအောင်မြင်ကြပြီး ပြည်ပသို့ တင်ပို့ရာတွင် ကုန်ကြမ်းဈေးကွက်ကသာ ပိုမိုကောင်းမွန်သည်။ လာအို၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့သည် ဥစားသီးနှံအရင်းအမြစ်များ ပေါကြွယ်ဝပြီး ၎င်းတို့နိုင်ငံစီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ လယ်ယာထွက်ကုန် ကုန်ချောထုတ်လုပ်မှု သုတေသနဌာနမှ သြဂုတ်လဆန်းအတွင်း လန်ချန်း-မဲခေါင် ဥစားသီးနှံစိုက်ပျိုးရေး၊ ကုန်ချောထုတ်လုပ်ရေးနှင့် ဈေးကွက်ဝန်ဆောင်မှုဆိုင်ရာ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု မွန်းမံသင်တန်း ကျင်းပခဲ့ပြီး စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ ဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံမှ အားသာချက်ရှိသော နည်းပညာများကို လာအို၊ ဗီယက်နမ်၊ မြန်မာနှင့် ထိုင်း၊ ကမ္ဘောဒီးယား အစရှိသည့် နိုင်ငံများကို မျှဝေပေးမည်ဖြစ်သည်။ဆန်းသစ်တီထွင်မှု လူရည်ချွန်များကို ပျိုးထောင်ပြီး လန်ချန်း-မဲခေါင်နိုင်ငံများတွင် ဥစားသီးနှံထုတ်လုပ်ရေးလုပ်ငန်းများ အသွင်ပြောင်းမှုကို အဆင်မြှင့်တင် အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်သည်။တောင်သူလယ်သမားများမှအစ ကုန်ထုတ်လုပ်ငန်းများအထိ စီးပွားရေးဖွံ့ဖြိုးမှုကို မျှော်လင့်ထားသည်။

လန်ချန်း-မဲခေါင် စီမံကိန်းထဲတွင် မြန်မာနိုင်ငံအတွက် ဆောင်ရွက်ပြီးခဲ့သော လုပ်ငန်းစဉ်များစွာရှိပါသည်။၎င်းတို့ထဲတွင် ဆန်စပါး၊ ကော်ဖီ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ မက္ကဒေးမီးယား စသော လယ်ယာထွက်ကုန်များကို စိုက်ပျိုးမှုနည်းပညာနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ မြှင့်တင်ပေးခဲ့ပြီဖြစ်သည်။ထို့ပြင် မြန်မာနိုင်ငံစိုက်ပျိုးရေးသုတေသနများ၊ ပိုးမျှင်ကောင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာများ၊ တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က စတင်တည်ထောင်ဖွဲ့စည်းခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် ရှစ်နှစ်ကာလသို့  ချဉ်းနင်းဝင်ရောက်လာပြီဖြစ်သည်။ရှစ်နှစ်ကာလအတွင်း လန်ချန်း-မဲခေါင်မြစ်ဝန်းတစ်လျှောက် နိုင်ငံများ တိုးတက်မှုများရရှိခဲ့သည်။

သို့ဖြစ်၍ ခြောက်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများနှင့် ပံ့ပိုးထောက်ပံ့မှုများသည် အဓိကကျ၍ ရှေးကာလသို့ လယ်ယာကဏ္ဍမှ ကုန်ချောထုတ်ကုန်များ ယခုထက် ပိုမိုကောင်းမွန်စွာ ထုတ်လုပ်နိုင်မည်ဖြစ်သည်။

အမွန်