【 နိုင်ငံတကာဆောင်းပါး 】တည်ငြိမ်ခိုင်ခံ့ကာ ရေရှည်ဖွံ့ဖြိုးတိုးတက်နေသည့် တရုတ်စီးပွားရေး

【 နိုင်ငံတကာဆောင်းပါး 】တည်ငြိမ်ခိုင်ခံ့ကာ ရေရှည်ဖွံ့ဖြိုးတိုးတက်နေသည့် တရုတ်စီးပွားရေး

တရုတ်နိုင်ငံ၏ စီးပွားရေးဟာ တည်ငြိမ်သော၊ ခိုင်မာသော၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ခိုင်မာသော ပံ့ပိုးမှုရရှိမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ရုရှားသတင်းဌာနတစ်ခုကို ပြောကြားခဲ့ဖူးပါတယ်။ ဒါဟာ ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ရင်း ရုရှားသတင်းဌာန တစ်ခုဖြစ်တဲ့ TASS Russian News Agency နှင့် Rossiyskaya Gazeta သတင်းစာတို့နဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာပါ။ ၂၀၁၉ ခုနှစ်က အင်တာဗျူးကို ယခုအချိန်နဲ့ ချိန်ညှိပြီး ပြန်ဖော်ပြတာဖြစ်ပါတယ်။ 

ချောမွေ့တည်ငြိမ်သော တရုတ်စီးပွားရေးတိုးတက်မှု

တရုတ်နိုင်ငံ၏ စီးပွားရေးဟာ ချောမွေ့ပြီးတည်ငြိမ်မှုရှိသော တိုးတက်မှုဆီကို ဦးတည်နေပြီး ဒါဟာ ပြောင်းလဲမှု မရှိသလို ပြောင်းလဲမှာလည်း မဟုတ်ကြောင်း ဆိုပါတယ်။ တရုတ်နိုင်ငံ၏ စီးပွားရေးအလားအလာနဲ့ပတ်သက်ပြီး မေးခွန်းကို ရှီကျင့်ဖျင်က တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်း စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုတွင် ကြီးမားသော အောင်မြင်မှုများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံသစ်ကို စတင်တည်ထောင်ချိန်ကစ‌ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မူဝါဒကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ခုတော့ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်လာနေပြီဖြစ်ပါတယ်၊ ကုန်ထုတ်လုပ်မှု အများဆုံးလုပ်သောနိုင်ငံ၊ ကုန်စည်ကုန်သွယ်မှု အများဆုံးလုပ်သောနိုင်ငံ၊ အကြီးဆုံး အိတ်ချိန်း အရန်ငွေရှိသော နိုင်ငံဖြစ်ပါတယ်။

နိုင်ငံတကာတွင် ကုန်သွယ်ရေးနှင့် စီးပွားရေး ကျဆင်းလာသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးဟာ ၂၀၁၉ ခုနှစ်တွင် အားကောင်းကောင်းဖြင့် စတင်နိုင်ခဲ့ပြီး အရေးကြီးသော ကဏ္ဍများကိုလည်း အသင့်သင့်နေရာတွင် ထားရှိနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

“ပြည်တွင်းစားသုံးမှုဟာ တိုးတက်မှုရဲ့ အဓိကတွန်းအားဖြစ်နေဆဲဖြစ်ပါတယ်” ဟု ရှီကျင့်ဖျင်က ‌ ပြောပါ တယ်။ အလုပ်အကိုင်ရရှိမှုနှုန်းကလည်း ဆက်လက်တိုးတက်လာမှာဖြစ်ပြီး ၂၀၁၉ ခုနှစ် ပထမ ၃ မှာပဲ မြို့ပြမှာ အလုပ်အကိုင်ရရှိမှုပေါင်း ၄.၅၉ သန်းရှိခဲ့ပါတယ်။

သွင်းကုန်ပို့ကုန်ကလည်း နှစ်စဉ်တိုးတက်မှုနှုန်း ၄.၃ ရာခိုင်နှုန်းရှိခဲ့ပြီး တရုတ်နိုင်ငံ၏ နိုင်ငံခြားအိတ်ချိန်း အရန်ငွေဟာ ကန်ဒေါ်လာ ၃ ထရီလီယံတွင် ရှိခဲ့ပါတယ်။

ခေတ်သစ်သို့ ဦးတည်နေသော နှစ်နိုင်ငံဆက်ဆံရေ

တရုတ်နှင့်ရုရှားတို့ဟာ နှစ်နိုင်ငံအကြားတွင် ရှိလာခဲ့သော နှစ်ပေါင်း ၇၀ အကြားက အတွေ့အကြုံနှင့် အောင်မြင်မှုများအပေါ် အခြေခံပြီး ယုံကြည်မှုနှင့် စွမ်းဆောင်ရည်များဖြင့် နှစ်နိုင်ငံအကြားက ဆက်ဆံရေးကို ခေတ်သစ်သို့ ပိုမိုကြီးမား သော ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြင့်စွာ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေပါတယ်။

တရုတ်နှင့် ရုရှားတို့ဟာ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဗျူဟာမြောက်သော နေရာများတွင် ဖော်ဆောင်လာခဲ့ကြပါတယ်၊  နှစ်နိုင်ငံအကြား နီးကပ်သော ညှိနှိုင်းဆွေးနွေးခြင်း နှင့် လက်တွဲလုပ်ဆောင်ခြင်းတို့ကို နိုင်ငံတကာအရေးတို့တွင် အတူတူ လုပ်ဆောင်လာခဲ့ကြပါတယ်။ ပြောင်းလဲနေသော နိုင်ငံတကာအရေးတွင် အပြုသဘောဆောင်သော လက္ခဏာများကို ယူဆောင်လာပေးကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်နှင့်ရုရှားနှစ်နိုင်ငံအကြားက နှစ်ပေါင်း ၇၀ သံတမန်ဆက်ဆံရေးဟာ ယခုနှစ်အတွင်း ပြည့်လာခဲ့ပြီး ဒါဟာ တိုးတက်မှုအတွက် အသစ်သော လမ်းသစ်များ ပြန်လည်စတင်ရန် လိုအပ်ကြောင်းကို ပြသနေကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

ရှီကျင့်ဖျင်က တရုတ်နှင့် ရုရှားအကြားက စီးပွားရေးနှင့် ကုန်သွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို အလေးထားပြောကြားခဲ့ပြီး ဒါဟာ အပြန်အလှန်စီးပွားရေးပူးပေါင်းမှုကနေ ရရှိလာနိုင်သော အကျိုးကျေးဇူးများရဲ့ ဥပမာကောင်းဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တစ်ခုတည်းတွင် တရုတ်နှင့်ရုရှားအကြားက ကုန်သွယ်ရေးတန်ဖိုးဟာ စံချိန်တင် ကန်ဒေါ်လာ ၁၀၀ လီလီယံ အထိမြင့်တက်လာခဲ့ပါတယ်။ အခြားကြီးမားသော စီမံကိန်းများကိုလည်း တည်ငြိမ်စွာ ဖော်ဆောင်နိုင်ခဲ့ပြီး ထိုထဲတွင် စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ လေကြောင်းလိုင်းနှင့် အာကာသစူးစမ်းလေ့လာမှုတို့ပါဝင်ပါတယ်။

BRICS နှင့် SCO တို့အတွက် ပိုမိုကြီးမားသော တိုးတက်မှု

တရုတ်သမ္မတ၏ ပြောကြားချက်အရ တရုတ်နိုင်ငံဟာ ရုရှားနဲ့အတူတူ ကြီးမားသောအောင်မြင်မှုများ ရယူနိုင်ရန်အတွက် အခြားသော BRICS အဖွဲ့ဝင်နိုင်ငံများနဲ့လည်း ပူးပေါင်းပြီး Shanghai Cooperation Organization ရဲ့ တိုးတက်မှုနဲ့လည်း ပူးပေါင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း BRICS အဖွဲ့ဝင်နိုင်ငံများဟာ သူတို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ တံခါးဖွင့်မူဝါဒ၊ အားလုံးပါဝင်မှုနှင့် အပြန်အလှန်အတွက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတို့ကို ကျင့်သုံးလာခဲ့ကြပြီး ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် ပြည်သူများအချင်းချင်း နှီးနှောဖလှယ်မှုများကို နက်ရှိုင်းစေခဲ့ကာ နိုင်ငံတကာ ဆက်ဆံရေးကိုလည်း အပြုသဘောဆောင်ခြင်း၊ တည်ငြိမ်ခြင်း နှင့် တည်ဆောက်စရာကောင်းသော တွန်းအားတစ်ခုအဖြစ် တည်ရှိလာခဲ့ကြောင်း ဆိုပါတယ်။

နိုင်ငံတကာအရေးတွင် တရုတ်၏ အခန်းကဏ္ဍ

ရှီကျင့်ဖျင်ရဲ့ ပြောဆိုချက်အရ ဆီးရီးယားနဲ့ပတ်သက်ပြီး တရုတ်၏ အခန်းကဏ္ဍ၊ ဗင်နီဇွဲလားအရေး နှင့် အီရန် နျူကလီးယားအရေးတို့အကြောင်းကိုလည်း သူ့ရဲ့ အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆီးရီးယားအစိုးရနှင့် ပြည်သူများဟာ သူတို့ရဲ့ မိခင်နိုင်ငံသစ်ကို တည်ဆောက်ဖို့ရန် နိုင်ငံရေး အဖြေကို ရှာဖွေနေကြောင်း ပြောကြားခဲ့ပါတယ်၊ တရုတ်နိုင်ငံဟာ ဆီးရီးယား ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ရန် အသင့်ရှိနေကြောင်း၊ တတ်နိုင်သော အခန်းကဏ္ဍကနေ ဆီးရီးယားပြည်သူများ သာမန်ဘဝကို ပြန်လည်ပိုင်ဆိုင်နိုင်ရန် ကြိုပမ်းနေကြောင်း ပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလားအရေးနဲ့ပတ်သက်ပြီး ရှီကျင့်ဖျင်ရဲ့ ပြောကြားချက်အရ ဒီလို ပြဿနာများကို အာဏာရပါတီက ဦးဆောင်ဖြေရှင်းသင့်ကြောင်း၊ အားလုံးပါဝင်မှုရှိသော နိုင်ငံရေးဆွေးနွေးမှု နှင့် ဗင်နီဇွဲလား၏ အခြေခံဥပဒေအောက်ကနေဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံခြား၏ ဝင်ရောက်စွက်ဖက်မှုကို တရုတ်နိုင်ငံက ဆန့်ကျင်နေပြီး တစ်ဖက်သတ်ဆန်သော ပိတ်ဆို့ အရေးယူမှုများကိုလည်း  ဆန့်ကျင်ကြောင်း သို့မဟုတ် အင်အားအသုံးပြုမှုကိုလည်း ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်အရေးနဲ့ပတ်သက်ပြီး ရှီကျင့်ဖျင်က Joint Comprehensive Plan of Action ဟာ နိုင်ငံပေါင်းစုံရဲ့ နိုင်ငံတကာတွင် နျူကလီးယားလက်နက်ပပျောက်ရေးတွင် အရေးကြီးသော အရာဖြစ်ကြောင်း တစ်ချိန်တည်းမှာပဲ ငြိမ်းချမ်းရေးနှင့် အရှေ့အလယ်ပိုင်း တည်ငြိမ်မှုအတွက်လည်း အရေးပါသောအရာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Naing

Ref:CMG|Xi confident in stable, healthy, sustainable development of Chinese economy