【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုအတွက် အဓိကအင်ဂျင်

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုအတွက် အဓိကအင်ဂျင်

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားတွေ ကျဆင်းနေပေမယ့်လည်း ကမ္ဘာလုံး ဆိုင်ရာ တိုးတက်မှုအတွက်  အဓိကမောင်းနှင်မှုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့ အားကောင်းလာတဲ့ စီးပွားရေးစျေးကွက်များဟာ အပြုသဘောဆောင်သော တိုးတက်မှုကို ပြသနေပြီး၊ အခြားဖွံ့ဖြိုးပြီးနိုင်ငံများထက် တိုးတက်မှုအား ပိုကောင်းခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန် ပုံငွေအဖွဲ့ (IMF) က နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွင် ဖော်ပြထားပါတယ်။

(IMF) က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွင် တရုတ်နိုင်ငံရဲ့ (GDP) ဟာ ၂၀၂၃ ခုနှစ်တွင် ၅.၂ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားပြီး၊ ဒါဟာ တရုတ်အစိုးရက တရားဝင်သတ်မှတ်ထားတဲ့ ပမာဏဖြစ်တဲ့ ၅ ရာခိုင် နှုန်းထက် ပိုများပါတယ်။တရုတ်နိုင်ငံရဲ့ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း တိုးတက်မှုအတွက် အရေးကြီးတဲ့ အရင်းအမြစ်တစ်ခုအဖြစ် ဝန်ဆောင်မှုနဲ့ စားသုံးမှုပြန်လည်မြင့်တက်လာခြင်းဟာလည်း စီးပွားရေးတိုးတက်မှုကို ပိုမိုအားကောင်းစေလာစေခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ သွင်းကုန်နဲ့ ပို့ကုန်ဟာလည်း နှစ်စဉ်တိုးတက်မှု ၂.၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ကုန် ပစ္စည်း ထုတ်လုပ်မှုတွင် ဆိုလာဆဲလ်များထုတ်လုပ်မှု၊ လျှပ်စစ်ကားထုတ်လုပ်မှုနဲ့ စက်မှုလုပ်ငန်းသုံး ကွန်ပျူတာနဲ့ စနစ်များ ထုတ်လုပ်မှုဟာ ၅၄.၅ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်းနဲ့ ၃၄.၁ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အစိမ်းရောင်ထုတ်ကုန်များ တင်ပို့မှုကိုလည်း တိုးတက်လာစေရန် တရုတ်အစိုးရက မျှော်လင့် ထားပါတယ်။

ပထမ ၆ လအတွင်း အချို့သောကဏ္ဍများတွင် ကြီးမားသော တိုးတက်ပြောင်းလဲမှုများလည်း ရှိလာခဲ့ပါ တယ်။အထူးသဖြင့် လျှပ်စစ်ကား ရောင်းအားဟာ အလွန်အားကောင်းလာခဲ့ပြီး၊ နှစ်စဉ်ရောင်းအား ၄၄ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ကာ၊ ကားရောင်းအားအားလုံးရဲ့ ၂၈ ရာခိုင်နှုန်းလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ စားသုံးသူ ကုန်စည်လက်လီရောင်းအားဟာလည်း ပထမနှစ်ဝက်အတွင်း နှစ်စဉ် လျင်မြန်စွာတိုးတက်မှုရှိလာခဲ့ပြီး ၈.၂ ရာခိုင် နှုန်းအထိ ရှိလာခဲ့ပါတယ်၊ပထမသုံးလပတ်ထက် တိုးတက်မှုနှုန်း ၂.၄ ရာခိုင်နှုန်း ပိုများလာခဲ့ပါတယ်။

           စိန်ခေါ်မှုအမျိုးမျိုးကို မူဝါဒများပြင်ဆင်ကာ တုံ့ပြန်မှု

တရုတ်နိုင်ငံရဲ့ စီးပွားရေးအလားအလာနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ စီးပွားရေးအလားအလာဟာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။အမေရိကန်နဲ့ ဥရောပနိုင်ငံများထက် တရုတ်အလုပ်သမားစျေးကွက်ဟာ စွမ်းဆောင်ရည် ပိုကောင်းနေပြီး၊ ငွေကြေးဖောင်းပွမှုနှုန်းကလည်း တည်ငြိမ်နေပါတယ်။

ဥရောပဗဟိုဘဏ် (ECB) က ငွေကြေး ဖောင်းပွမှုကို တိုက်ဖျက်ရန် ကြိုးပမ်းနေတာကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတိုးတက်မှုနှုန်းကို တုံ့ဆိုင်းစေခဲ့ပါ တယ်။ဒီအတွက် တရုတ်နိုင်ငံရဲ့ အမေရိကန်နဲ့ ဥရောပသို့ ပို့ကုန်တင်ပို့မှုဟာ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးကိုတော့ ပြင်းထန်တဲ့ ရိုက်ခတ်မှုမရှိဘဲ အနည်းငယ်‌သော စိန်ခေါ်မှုကိုသာ ရင်ဆိုင်နေရတာကိုလည်း မြင်တွေ့ရပါတယ်။

(IMF) က ထုတ်ပြန်ထားသော အချက်အလက်များအရ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်တွင် ၈.၇ ရာခိုင်နှုန်းတွင်ရှိရာကနေ ယခုနှစ်မှာတော့ ၆.၈ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး၊ ထို့နောက် ၂၀၂၄ ခုနှစ် တွင် ၅.၂ ရာခိုင်နှုန်းသို့ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံရေးဗျူရိုမှ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစိန်ခေါ်မှုတွေရှိနေတဲ့အတွက် မကြာသေးခင်ကပဲ လက်ရှိစီးပွားရေးအခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ယခုနှစ် ဒုတိယနှစ်ဝက်အတွက် စီးပွားရေးအလားအလာအတွက်လည်း ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ တံခါးဖွင့် စီးပွား‌ရေးမူဝါဒကို ကျင့်သုံးမှုကြောင့် ဥရောပနိုင်ငံများထက် စီးပွားရေးလုပ်ငန်း စတင်ရန် ပိုမိုလွယ်ကူတဲ့ နိုင်ငံအဖြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဆွဲဆောင်လာနိုင်ခဲ့ပါတယ်။ထို့အတွက် တရုတ်နိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဆွဲဆောင်နိုင်ဖို့အတွက် စျေးကွက်ကိုလည်း ဆက်လက်တံခါးဖွင့်ထားမှာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ဉာဏပစ္စည်းမူပိုင်ခွင့်ကို ကာကွယ်ပေးတဲ့ ဥပဒေကလည်း လွန်ခဲ့တဲ့နှစ်များအတွင်း လျင်မြန်စွာတိုးတက်လာခဲ့တာကို မြင်တွေ့ရသလို၊ တရားရေးရာနဲ့ မက်ခရိုမူဝါဒများဟာ လည်း စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးသော မူဝါဒများဖြစ်လာခဲ့ပါတယ်။

           ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မျှော်မှန်းမှု

တရုတ်နိုင်ငံရဲ့ (GDP) ဟာ ၂၀၁၁ ခုနှစ်တွင် သမိုင်းဝင် ၄၉ ရာခိုင်နှုန်းအထိ ကျဆင်းလာပြီးနောက်၊ စားသုံးမှုအချိုးအစားဟာ ၂၀၁၉ ခုနှစ်တွင် ၅၆ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ကိုဗစ်-၁၉ ကပ် ရောဂါ ရိုက်ခတ်ချိန်မှာတော့ တိုးတက်မှုဟာ ပြန်လည်နှေးကွေးလာခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှာတော့ ၅၃ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမတည်ငြိမ်မှုကြား မသေချာမရေရာမှုတွေရှိနေပေမယ့် တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ အားကောင်းနေဆဲဖြစ်ပါတယ်။တရုတ်နိုင်ငံမှာ စီးပွားရေးစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် စွမ်းရည်နဲ့ တွန်းအားလည်းရှိပါတယ်။

တရုတ်နိုင်ငံက မူဝါဒရေးဆွဲသူတွေဟာ ရေရှည်ကြွယ်ဝချမ်းသာမှုကို ဖော်ဆောင်နိုင်ရေးအတွက် ရေတိုအသုံးပြုနိုင်တဲ့ ထောက်ပံ့မှုများအစား ရေရှည်အလုပ်လုပ်နိုင်မယ့် ဆန်းသစ်တီထွင်မှုနဲ့ အစိမ်းရောင်ပြောင်းလဲမှုကို ဦးစားပေးဖို့ ရွေးချယ်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွား‌ရေးအရှိန်အဟုန်ရဲ့ ဖြတ်သန်းမှု သမိုင်းကို ပြန်လည်လေ့လာကြည့်ပါကလည်း ရပ်တန့်ပြတ်တောက်သွားတယ်ဆိုတာ နိဂုံးချုပ်မှု မဟုတ်တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးအရှိန်အဟုန် ရပ်တန့်တုံ့ဆိုင်းသွားတယ်ဆိုတာဟာ ပိုမိုမြင့်မားတိုးတက်စေမယ့် စီးပွားရေးဖော်ဆောင်မှုကို လုပ်ဆောင်ဖို့ ဆန်းသစ်တီထွင်မှုနဲ့ မူဝါဒပြောင်းလဲမှုတွေ လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။

Naing
Ref - CMG
Photo Credit - CMG