【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ တွန်းအားဖြစ်သော ခေတ်မီစက်မှုလုပ်ငန်းစနစ်

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ တွန်းအားဖြစ်သော ခေတ်မီစက်မှုလုပ်ငန်းစနစ်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မေလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဘဏ္ဍာရေးနှင့် စီးပွားရေး ဗဟိုကော်မရှင်၏ ပထမအစည်းအဝေးမှာ ခေတ်မီသော စက်မှုလုပ်ငန်းစနစ်ဟာ ခေတ်မီသောနိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

ထို့အပြင် စီးပွားရေးတိုးတက်မှုအတွက် အလေးထားဆောင်ရွက်ရာတွင် စစ်မှန်သော စီးပွားရေးအပေါ် အခြေခံရမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံ၏ ဒုတိယမြောက် ရာစုနှစ်ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ခိုင်မာသော အုတ်မြစ်များ ချမှတ်ပေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ နိုင်ငံတကာတွင် ပြင်းထန်သော အားပြိုင်မှုအကြား နိုင်ငံ၏ အနာဂတ်ကို ကာကွယ်နိုင်ရန်အတွက် စီမံချက်များကို အမိအရဖမ်းဆုပ်မှာဖြစ်ပြီး၊ ကြီးကျယ်သော ဆိုရှယ်လစ်နိုင်ငံကြီးကို တည်ဆောက်မှာဖြစ်ပါတယ်။ အမျိုးသားပြန်လည်နုပျိုစေရေးကိုလည်း တိုးမြှင့်မှာဖြစ်ပြီး၊ နိုင်ငံ၏ စစ်မှန်သော စီးပွားရေးက ထောက်ပံ့ပေးနိုင်တဲ့ ဗျူဟာမြောက်ရပ်တည်ချက်ကို တည်ဆောက်ရန်လည်း အရေးကြီးပါတယ်။

တရုတ်နိုင်ငံဟာ ယှဉ်ပြိုင်မှုအားကောင်းပြီး အထောက်အပံ့ဖြစ်သော စက်မှုလုပ်ငန်းစနစ် တိုးတက်မှုကို အားပေးနေပြီး၊ စစ်မှန်သော စီးပွားရေးတွင် အာရုံစိုက်ရန် မူဝါဒများနှင့် စီမံချက်များကိုလည်း ချမှတ်ရန် စီမံနေပါတယ်။

တရုတ်နိုင်ငံဟာ အားကောင်းလာသော လုပ်ငန်းများနှင့် သမာရိုးကျကုန်လုပ်မှု လုပ်ငန်းများအားလုံး ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးပါဝင်သော အသစ်သော စက်မှုလုပ်ငန်းကို တည်ဆောက်ရန် လိုအပ်ပါတယ်။တစ်ချိန်တည်းမှာပဲ ခေတ်မီနှင့် သမားရိုးကျဝန်ဆောင်မှုစနစ်များကိုလည်း အပြန်အလှန်အားပေးရမည်ဖြစ်ပါတယ်။ အချက်အလက်နည်းပညာနှင့် စက်မှုလုပ်ငန်း ပြောင်းလဲမှုကိုလည်း နက်ရှိုင်းစွာပေါင်းစည်းစေရန် လိုအပ်ပြီး၊ စစ်တပ်-ပြည်သူ့ပေါင်းစည်းမှုတွင်လည်း တိုးတက်မှုဖော်ဆောင်ရမည်ဖြစ်ပါတယ်။

ဒါမှသာ တရုတ်နိုင်ငံဟာ ပြည့်စုံ၊ အဆင့်မြင့်၊ ဘေးကင်းပြီး၊ ခေတ်မီသော စက်မှုနိုင်ငံဖြစ်လာစေမှာဖြစ်ပြီး၊ ဒါဟာ တရုတ်နိုင်ငံအတွက် ဒုတိယမြောက်ရာစုနှစ် ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရန် ခိုင်မာသောအုတ်မြစ်ချစေမှာဖြစ်ပါတယ်။

           ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော အဆင့်မြင့်ကုန်ထုတ်လုပ်မှု

စစ်မှန်သော စီးပွားရေးဟာ နိုင်ငံ၏ စီးပွားရေးနှင့် ကြွယ်ဝချမ်းသာမှု၏ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။ အဆင့်မြင့်သော ကုန်ထုတ်လုပ်မှုဟာ စစ်မှန်သော စီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။စီးပွားရေးတိုးတက်မှုကို စစ်မှန်သော စီးပွားရေးကနေ ခွဲခြားထားလို့မရကြောင်း ပြောကြားခဲ့ပါတယ်။

ဒီကနေ့ တိုးတက်သောနိုင်ငံများကို လေ့လာကြည့်ပါက၊ ထိုနိုင်ငံအားလုံးဟာ သူတို့နိုင်ငံ၏ စက်မှုလုပ်ငန်းစနစ်ကို ခေတ်မီအောင် ဖော်ဆောင်ခဲ့သော နိုင်ငံများအားလုံးဖြစ်ပါတယ်။ထို့နောက် ကမ္ဘာပေါ်တွင် တချို့သောစက်မှုကဏ္ဍများတွင် ထိပ်တန်းကုန်ထုတ်လုပ်သောနိုင်ငံများ ဖြစ်လာခဲ့ကြပါတယ်။အမေရိကန်နိုင်ငံရဲ့ လေယာဉ်တည်ဆောက်မှု ပညာ၊ ဂျာမနီနိုင်ငံက မော်တော်ကားထုတ်လုပ်မှုတို့ဟာ ဥပမာကောင်းများပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံကလည်း နိုင်ငံ၏ အခြေအနေကနေ စတင်ပြီး၊ စစ်မှန်သော စီးပွားရေးကို ဆက်လက်ဦးစားပေးရန် လိုအပ်ပါတယ်။နိုင်ငံတကာ သိပ္ပံနှင့် နည်းပညာပြောင်းလဲမှုအတိုင်း ပြောင်းလဲမှုကို ဖော်ဆောင်ပြီး၊ တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု၊ လေယာဉ်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဆိုက်ဘာလုပ်ငန်း အားကောင်းစေရန်အတွက် စက်မှုလုပ်ငန်းကဏ္ဍတွင် ပြောင်းလဲမှုများ ဖော်ဆောင်ရန် လိုအပ်ပြီး အရည်အသွေးရှိသော ကုန်ထုတ်လုပ်မှုနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် လိုအပ်ပါတယ်။

ကုန်ထုတ်လုပ်မှုတွင် အရေးပါသော နိုင်ငံအဖြစ် တည်ရပ်နိုင်ရန်အတွက်၊ တရုတ်နိုင်ငံ၏ အခြားသော အားသာသော ကဏ္ဍများကို အားပေးရန် လိုအပ်နေပြီး၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသောကဏ္ဍများရဲ့ အားနည်းချက်ကို ထောက်ပံ့ပေးရန် လိုအပ်ပါတယ်။စက်မှုလုပ်ငန်းအုတ်မြစ်ကို ပြည့်စုံစွာ အားပေးပြီး၊ စက်မှုလုပ်ငန်းများ လည်ပတ်မှု အားကောင်းလာစေရေးနှင့် စက်မှုလုပ်ငန်းများ ခေတ်မီစေရေးကို အလေးထားလုပ်ဆောင်ရမှာဖြစ်ပါတယ်။

           ဗျူဟာမြောက် အားကောင်းလာသော လုပ်ငန်းများ တိုးတက်အောင် အားပေးခြင်း

ဗျူဟာမြောက် အားကောင်းလာသော လုပ်ငန်းများဆိုတာ အသစ်သော သိပ္ပံနှင့် နည်းပညာနှင့် စက်မှုလုပ်ငန်းများ တိုးတက်ပြောင်းလဲလာမှုကို ဆိုလိုပါတယ်။အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အသစ်သော အုတ်မြစ်နှင့် လမ်းစဉ်များဟာ အနာဂတ်တွင် အရှိန်ကောင်းနှင့် ယှဉ်ပြိုင်မှုတွင် အခွင့်အရေးကောင်း ရနိုင်ရန်အတွက် အရေးကြီးသော အခန်းကဏ္ဍများဖြစ်ပါတယ်။

အကြိမ် ၂၀ မြောက် (CPC) အမျိုးသားညီလာခံတွင် ထောက်ပြထားသည့် အတိုင်း၊ တရုတ်ဟာ ဗျူဟာမြောက်အားကောင်းလာသော စီးပွားရေးလုပ်ငန်းများကို ဦးစားပေးနိုင်ခဲ့ပြီး၊ နောက်မျိုးဆက်သစ် အိုင်တီ၊ ဉာဏ်ရည်တု၊ ဇီဝနည်းပညာ၊ လျှပ်စစ်စွမ်းအင်၊ အသစ်သောပစ္စည်းများ၊ အဆင့်မြင့်ကုန်ပစ္စည်းများနှင့် အစိမ်းရောင်လုပ်ငန်းများတို့လို တိုးတက်မှု တွန်းအားအသစ်ကို ဖန်တီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံဟာ ရှိနေပြီးဖြစ်သော ကြီးမားသော စျေးကွက်အားသာချက်ကိုလည်း ကောင်းကောင်းအသုံးချဖို့ လိုအပ်ပါတယ်၊ ဆန်းသစ်တီထွင်မှုကို တွန်းအားအဖြစ် အခြေခံသော ဖွံ့ဖြိုးတိုးတက်မှုဖြစ်လာရန် ပြည်တွင်းစျေးကွက်ကို  တိုးချဲ့ရမည်ဖြစ်ပြီး၊ စျေးကွက်နယ်ပယ်ကိုလည်း တံခါးဖွင့်ရန် လိုအပ်ပါတယ်၊ တစ်ချိန်တည်းမှာပဲ အခြားသော စက်မှုလုပ်ငန်းများ တိုးတက်လာစေရန်လည်း ဖွဲ့စည်းတည်ဆောက်မှုကို ဦးစားပေးရမည်ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် C919 လေယာဉ်ဟာ အလွန်အောင်မြင်သော လေယာဉ်ဆောက်လုပ်မှု လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ၂၀၃၅ ခုနှစ်တွင်၊ Commercial Aircraft Corporation of China ဟာ တစ်နှစ်တွင် လေယာဉ်အစင်းရေပေါင်း ၂၀၀ အထိ ဆောက်လုပ်နိုင်မှာဖြစ်ပါတယ်။ဒါဟာ တရုတ်နိုင်ငံ၏ အမျိုးသားစီးပွားရေးတိုးတက်မှုတွင် အကျိုးရှိစေမှာဖြစ်ပြီး၊ အခြားဆက်စပ်လုပ်ငန်းများအတွက်လည်း အကျိုးရှိစေမှာဖြစ်ပါတယ်။

           အရေးပါသော တိုးတက်မှုဖြစ်တဲ့ ဒီဂျစ်တယ်စီးပွားရေး

လွန်ခဲ့တဲ့နှစ်များအတွင်း၊ အင်တာနက်၊ အချက်အလက်များ၊ ကလောက်ပ်ကွန်ပျူတင်း၊ ဉာဏ်ရည်တု၊ ဘလောက်ချိန်းနှင့် အခြားသော နည်းပညာများဟာ ဆန်းသစ်တီထွင်မှုကို အားကောင်းလာစေခဲ့ပါတယ်။နိုင်ငံတကာစီးပွားရေးကလည်း ဒီဂျစ်တယ်စီးပွားရေးအသွင် ပြောင်းလဲလာခဲ့ပြီး IT လုပ်ငန်းများဟာ အရေးကြီးသော အရာဖြစ်လာခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ဒီဂျစ်တယ်စီးပွားရေး၏ မျှော်လင့်မထားတဲ့ လျင်မြန်စွာ တိုးတက်လာမှုကို ထောက်ပြခဲ့ပြီး၊ ကျယ်ပြန့်မှုနှင့် အကျိုးသက်ရောက်မှုအကြောင်းတိုကို ထောက်ပြဆွေးနွေးခဲ့ပါတယ်။ထို့အပြင် ဒါဟာ နိုင်ငံတကာကုန်ထုတ်လုပ်မှုကဏ္ဍကို ဘယ်လောက်အထိ လျင်မြန်စွာ ပြောင်းလဲလာစေခဲ့ပြီး၊ နိုင်ငံတကာစီးပွားရေးတည်ဆောက်မှုကို ပြောင်းလဲစေကာ၊ နိုင်ငံတကာတွင် ယှဉ်ပြိုင်မှုကိုလည်း ပြောင်းလဲလာစေခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီဂျစ်တယ်နည်းပညာဟာ ပြောင်းလဲမှုကို ဖော်ဆောင်ပေးသော အရာဖြစ်သင့်ပြီး၊ သမားရိုးကျစီးပွားရေးလုပ်ငန်းများကိုလည်း အဆင့်မြှင့်တင်ပေးသော အရာဖြစ်သင့်ပါတယ်၊ သမားရိုးကျကုန်ထုတ်လုပ်မှုလုပ်ငန်း တိုးတက်မှုကို အခြေခံကနေ ပြောင်းလဲစေသော အရာအဖြစ် ဦးစားပေးရမှာဖြစ်ပါတယ်။

တရုတ်ဟာ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုကဏ္ဍတွင် ဒီဂျစ်တယ်အသွင်ပြောင်းလဲမှုကို လျင်မြန်စွာဖော်ဆောင်နိုင်ခဲ့ပြီး၊ လယ်သမားများကိုလည်း ဝင်ငွေမြင့်တက်လာစေကာ၊ ပြည်သူ့ဝန်ဆောင်မှုကိုလည်း တန်းတူညီမျှစွာ ရရှိစေခွင့်ပေးထားပါတယ်။

           ခေတ်မီသော အခြေခံအဆောက်အဦစနစ်တိုးတက်မှု အားကောင်းစေခြင်း

အခြေံအဆောက်အဦဟာ စီးပွားရေးနှင့် လူမှုဘဝတိုးတက်ရေးတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ပါတယ်။တရုတ်နိုင်ငံဟာ အခြေခံအားဖြင့် အခြေခံအဆောက်အဦတိုးတက်မှုကို ကြီးမားစွာ ဖော်ဆောင်နိုင်ပြီဖြစ်သော်လည်း၊ တရုတ်နိုင်ငံ တည်ဆောက်ရေးနှင့် ခေတ်မီစက်မှုလုပ်ငန်းစနစ် တည်ဆောက်ရေးဟာ အရေးပေါ်လိုအပ်သော အရာဖြစ်ပြီး၊ လက်ရှိ အခြေခံအဆောက်အဦစနစ်ဟာ ပြည့်စုံခြင်းမရှိသေးပါဘူး

ပြည့်စုံသော ခေတ်မီဆိုရှယ်လစ်နိုင်ငံ တည်ဆောက်နိုင်ရန်အတွက်၊ 5G ကွန်ရက်နှင့် အချက်အလက်စင်တာများတို့လို အခြားအရေးပါသော အခြေခံအဆောက်အဦများကို လျင်မြန်စွာဆောက်လုပ်ရန် လိုအပ်ပါတယ်။ထို့နောက် သန့်ရှင်းသော စွမ်းအင်တည်ဆောက်ခြင်း၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးခြင်း၊ ဘေးကင်းခြင်းနှင့် စွမ်းဆောင်ရည်အားကောင်းသော စွမ်းအင်စနစ်တည်ဆောက်ခြင်း၊ ရေသိုလှောင်မှုစနစ်ကို ခိုင်မာအောင်တည်ဆောက်ခြင်းနှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသက အခြေခံအဆောက်အဦများ တိုးတက်စေရန် လိုအပ်နေဆဲဖြစ်ပါတယ်။

Naing
Ref - CMG