【 နိုင်ငံတကာဆောင်းပါး 】 တရုတ် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် အခွင့်အလမ်းအသစ်များ

【 နိုင်ငံတကာဆောင်းပါး 】 တရုတ် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် အခွင့်အလမ်းအသစ်များ

တရုတ်နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒလမ်းကြောင်းပေါ် လျှောက်လှမ်းလာတာနဲ့အမျှ ပုဂ္ဂလိကပိုင်ဆိုင်သော အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဟာလည်း တီထွင်ဆန်းသစ်မှု၊ တိုးတက်မှုနဲ့ အလုပ်အကိုင်ဖန်တီးမှုတွေမှာ အရေးပါတဲ့ ထောက်တိုင်တွေဖြစ်လာပါတယ်။

ပုဂ္ဂလိကပိုင် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဟာ ဝင်ငွေခွန်ရဲ့ ၅၀ ရာခိုင်နှုန်း၊ စုစုပေါင်း ဂျီဒီပီရဲ့ ၆၀ ရာခိုင်နှုန်းနဲ့ တီထွင်ဆန်းသစ်မှုမှာ ၇၀ ရာခိုင်နှုန်းအထိ ပါဝင်နေတာကို တွေ့ရပါတယ်။ပိုအရေးကြီးတာကတော့ ဒီလုပ်ငန်းတွေဟာ တရုတ်ကုမ္ပဏီလုပ်ငန်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဖြစ်ပြီး မြို့ပြအလုပ်အကိုင်အခွင့်အလမ်းတွေရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ဒီလိုကြီးမားတဲ့လွှမ်းခြုံမှုကြောင့် ပုဂ္ဂလိက အသေးစားနှင့် အလတ်စား လုပ်ငန်းတွေအပေါ်မှာ ထောက်ပံ့ပေးဖို့၊ နည်းပညာအရ အကူအညီပေးဖို့တို့ဟာ အလွန်အရေးပါလာပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ တရုတ်အစိုးရဟာ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများစွာကို ချမှတ်ခဲ့ပါတယ်။ထိုအထဲမှာတော့ စနစ်တကျ အခွန်များလျှော့ချခြင်း၊ အရင်းအမြစ်များထုတ်ချေးခြင်း၊ ဘဏ်ဖြင့် တိုက်ရိုက်ချေးငွေပေးခြင်းနဲ့ ကွဲပြားတဲ့ ဘဏ္ဍာရေးပလက်ဖောင်းများ တည်ဆောက်ပေးခြင်းတို့ပါဝင်ပြီး ဒီမူဝါဒတွေကြောင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများရဲ့ ငွေကြေးဖိအားကို လျှော့ချနိုင်ခဲ့ပြီး တိုးတက်မှုမှာ အကူအညီဖြစ်စေခဲ့ပါတယ်။

အစိုးရရဲ့ အထူးဝယ်ယူမှုတွေကလည်း အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် များစွာအထောက်အကူဖြစ်ခဲ့ပါတယ်။နည်းပညာခန်းမများ၊ တီထွင်ဖန်တီးမှုအဖွဲ့များနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် စင်တာများ ဖန်တီးခြင်းဖြင့် စီးပွားရေးအသစ်များ စွန့်ဦးတီထွင်ခြင်းကို တွန်းအားပေးနိုင်ခဲ့ပါတယ်။

အဆင့်မြင့်နည်းပညာကဲ့သို့သော အထူးကဏ္ဍများတွင်ရှိနေသော အချို့သော အသေးစားနှင့် အလတ်စား လုပ်ငန်းများကမူ ပို၍အရေးပါသောကြောင့် ထောက်ပံ့မှုများကိုရရှိပါတယ်။သီးသန့်ဦးတည်တဲ့ မူဝါဒများက အဆင့်မြင့်သိပ္ပံနှင့် နည်းပညာကဏ္ဍများအတွက် အခွင့်အလမ်းသစ်တွေရှာဖွေရာမှာ လွန်စွာအရေးပါပါတယ်။အစိုးရဟာ အရေးပါပြီး ထူးခြားသော အသေးစားနှင့် အလတ်စား လုပ်ငန်းပေါင်း ၁ သိန်းကို လာမည့် သုံးနှစ်ကနေ ငါးနှစ်အတွင်း ပြည်နယ်အဆင့်မှာ တိုးတက်လာဖို့ ကူညီမယ့် အစီအစဉ်ရှိပါတယ်။ဒီလိုကူညီရာမှာ အခွန်အခလျှော့ချပေးခြင်း၊ ငွေကြေးအားဖြင့် အထောက်အပံ့ပေးခြင်း၊ တီထွင်ဆန်းသစ်မှုအတွက် အားပေးထောက်ပံ့ခြင်းနဲ့ ဈေးကွက်ဝင်ခွင့်ရအောင် ကူညီပေးခြင်းတို့ ပါဝင်မှာဖြစ်ပါတယ်။ထိုအခါ ထိုအသေးစားနှင့် အလတ်စား လုပ်ငန်းတွေဟာ သူတို့ရဲ့နယ်ပယ်အသီးသီးမှာ သေးငယ်သော စွန့်ဦးတီထွင်လုပ်ငန်းများဆိုတဲ့ အခြေအနေကနေ နိုင်ငံတစ်ဝှမ်း အရေးပါသော နည်းပညာအခန်းကဏ္ဍတွေမှာ ခေါင်းဆောင်တွေဖြစ်လာမှာဖြစ်ပါတယ်။

အစိုးရအနေနဲ့ သေးငယ်ပေမယ့် အလားအလာကြီးမားတဲ့ ကုမ္ပဏီပေါင်း ၁ သောင်းနဲ့ ထုတ်ကုန်တစ်ခုတည်းမှာ ဦးဆောင်သူဖြစ်နေတဲ့ ကုမ္ပဏီပေါင်း ၁ ထောင်ကို ကူညီသွားဦးမှာဖြစ်ပါတယ်။ထိုလုပ်ငန်းများကတော့ ထူးခြားပြီး အသစ်သစ်သော နယ်ပယ်များမှာ ခေါင်းဆောင်သူတွေဖြစ်လာမှာဖြစ်ပါတယ်။

ဒီလိုကူညီရာမှာ အခွန်အခလျှော့ချခြင်း၊ ငွေကြေးအာမခံခြင်း၊ ဉာဏပစ္စည်းကာကွယ်စောင့်ရှောက်ခြင်းနှင့် မက်လုံးများပေးခြင်းတို့ဟာ ထိုကုမ္ပဏီများအတွက် တန်ဖိုးကွင်းဆက်ပေါ် မြန်မြန်ရောက်ရှိလာစေမှာဖြစ်ပါတယ်။  

ထို့အပြင် အစိုးရဟာ “အထူးပြုပြီး အသစ်ဖြစ်သော” အသေးစားနှင့် အလတ်စား လုပ်ငန်းများကို တွန်းအားပေးပြီး ထိုလုပ်ငန်းများမှာ ကုန်ကျစရိတ်လျှော့ချနိုင်ရေး၊ သက်ရောက်မှုအားကောင်းစေရး၊ ပြိုင်ဆိုင်မှုတိုးတက်စေရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးတို့ကို လိုလားတာဖြစ်ပါတယ်။အထူးစက်မှုပန်းခြံများ၊ မျှဝေသော သုတေသနစင်တာများ၊ တီထွင်ဆန်းသစ်မှုခန်းမများနှင့် ပူးပေါင်းဝန်ဆောင်မှု ပလက်ဖောင်းများ တည်ဆောက်ခြင်းဟာ အဓိကကျတဲ့ ဒေသတွင်းနဲ့ နယ်ပယ်အလိုက်က လုပ်ငန်းအစုအဖွဲ့တွေအတွက် အားဖြည့်စေမှာဖြစ်ပါတယ်။  

ဟွာကျန်းဘေမှာရှိတဲ့ Shenzhen Huaqiang Electronic World ကုမ္ပဏီလီမီတက်ဟာဆိုရင် လျှပ်စစ်အစိတ်အပိုင်းများနဲ့ စနစ်များအတွက် အဓိကကုန်သွယ်ဖြန့်ဖြူးရာ နေရာဖြစ်လာပြီး ဝင်ငွေဟာ ၂၀၂၀ ခုနှစ်မှာ ယွမ် ၂.၈ ဘီလီယံအထိရှိခဲ့ပါတယ်။ဟွာကျန်းဘေဒေသအား စမ်းသပ်ရေးဇုန်အဖြစ် သတ်မှတ်နိုင်ရေးအတွက် အခွန်အခများလျှော့ချပေးခြင်း၊ ဘဏ္ဍာရေးအထောက်အပံ့များပေးခြင်း၊ အခြေခံအဆောက်အအုံများနှင့် အရည်အချင်းမက်လုံးများပေးခြင်းတို့မှတစ်ဆင့် ကုမ္ပဏီဟာ များစွာအကျိုးအမြတ်ရရှိခဲ့တာပဲဖြစ်ပါတယ်။အစိုးရက ထောက်ပံ့ပေးမှုများဟာ အသေးစားနဲ့ အလတ်စား လုပ်ငန်းများအတွက် လျင်လျင်မြန်မြန် ကြီးထွားစေပြီး ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုရရှိစေနိုင်တယ်ဆိုတာ ဒီကုမ္ပဏီက သက်သေပဲဖြစ်ပါတယ်။

ရှေ့ဆက်ကြည့်ရင်လည်း ဖွံ့ဖြိုးတိုးတက်သော ထုတ်ကုန်ထုတ်လုပ်ခြင်းများ၊ ကုန်ပစ္စည်းအသစ် ထုတ်လုပ်ခြင်းများ၊ ဇီဝနည်းပညာနှင့် သတင်းအချက်အလက်နည်းပညာတို့ဟာ တရုတ်ရဲ့ စီးပွားရေးအခြေခံကို အဆင့်မြှင့်တင်ရာမှာ လွန်စွာအရေးပါနေမှာဖြစ်ပါတယ်။ထိုကဏ္ဍများမှ အထူးပြု အသေးစားနှင့် အလတ်စား လုပ်ငန်းများဟာ လေ့လာသုတေသနပြုချက်များကို လက်တွေ့ကျသော စီးပွားရေးထုတ်ကုန်များ၊ လုပ်ငန်းများနဲ့ ဝန်ဆောင်မှုများအဖြစ် ပြောင်းလဲလိုက်နိုင်ပါတယ်။သူတို့ရဲ့ တီထွင်ဆန်းသစ်လိုစစ်နဲ့ ထက်မြက်သော ဖြေရှင်းချက်များ ရှာဖွေနိုင်စွမ်းတို့ဟာ ကမ္ဘာ့အဆင့်မီ ထုတ်ကုန်စွမ်းရည်များ တည်ဆောက်ခြင်း၊ သမားရိုးကျနယ်ပယ်များကို အဆင့်မြှင့်တင်ခြင်းနဲ့ ပူးပေါင်းဒစ်ဂျစ်တယ်စီးပွားရေးစနစ် တည်ထောင်ခြင်းတို့မှာ အခရာကျနေတာဖြစ်ပါတယ်။  

တရုတ်ဟာ တီထွင်ဆန်းသစ်မှု အင်အားကြီးနိုင်ငံဖြစ်လာစေရန်နှင့် အရည်အသွေးမြင့် တိုးတက်မှုလမ်းကြောင်းပေါ် ကူးပြောင်းနိုင်ရန် ကြိုးစားရာတွင် အထူးပြု အသေးစားနှင့် အလတ်စား လုပ်ငန်းများဟာ ပြောင်းလဲခြင်းရဲ့ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေဖြစ်လာတာပဲဖြစ်ပါတယ်။အစိုးရရဲ့ သီးသန့်မက်လုံးများနဲ့ ထောက်ပံ့မှုတွေကတစ်ဆင့် ဒီလိုတီထွင်ဆန်းသစ်မှုမြင့်မားတဲ့ ကုမ္ပဏီတွေဟာ တရုတ်ရဲ့ မဟာဗျူဟာကျ နည်းပညာများမှာ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်ဖြစ်စေရေးနဲ့ ဉာဏ်ရည်မြင့်စီးပွားရေးရရှိစေရေး ကြိုးပမ်းမှုတို့မှာ များစွာအထောက်အကူဖြစ်မှာဖြစ်ပါတယ်။

တရုတ်ရဲ့ ပြုပြင်ပြောင်းလဲရေးခေတ်သစ်မှာ ပုဂ္ဂလိကပိုင် အသေးစားနှင့် အလတ်စား လုပ်ငန်းများ၊ အထူးသဖြင့် အဆင့်မြင့်နည်းပညာကဏ္ဍမှာ အထူးပြုပြီး အသစ်ဖြစ်သော ကုမ္ပဏီများဟာ စီးပွားရေးအလားအလာများကို ဖွင့်လှစ်ပေးသည့် အရေးပါသော အင်ဂျင်များဖြစ်နေတာ ဖြစ်ပါတယ်။  

စိုးနိုင်ထွန်း
Ref - CMG | New Opportunities for Chinese SMEs