【 နိုင်ငံတကာဆောင်းပါး 】 တရုတ် SMEs များအတွက် အခွင့်အလမ်းအသစ်များ

【 နိုင်ငံတကာဆောင်းပါး 】 တရုတ် SMEs များအတွက် အခွင့်အလမ်းအသစ်များ

တရုတ်နိုင်ငံဟာ သမိုင်းတွင် ပြုပြင်ပြောင်းလဲခြင်းနှင့် တံခါးဖွင့်မူဝါဒကို ပုဂ္ဂလိကပိုင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကဏ္ဍတွင် ဆက်လက်ဖော်ဆောင်နေပါတယ်။

ဒါဟာ ဆန်းသစ်တီထွင်မှု၊ တိုးတက်မှုနှင့် အလုပ်အကိုင်ရရှိမှုကို ဖန်တီးပေးသော အုတ်မြစ်များ ဖြစ်လာခဲ့ပါတယ်။

အစိုးရပိုင် မဟုတ်သော SMEs လုပ်ငန်းများဟာ အခွန်စုစုပေါင်း ၅၀ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပြီး၊ ဂျီဒီပီ ၆၀ ရာခိုင်နှုန်းကိုလည်း ကိုယ်စားပြုကာ ဆန်းသစ်တီထွင်မှုပေါင်း ၇၀ ရာခိုင်နှုန်းကိုလည်း ကိုယ်စားပြုပါတယ်။ပိုပြီးအရေးကြီးတာကတော့ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းဟာ မြို့ပြအလုပ်အကိုင်ပေါင်း ၈၀ ကျော်ကို ဖန်တီးပေးပါတယ်။ဒီလိုအကျိုးစီးပွားများစွာရှိသော SMEs များဟာ မရေရာမှုများစွာရှိနေသော နိုင်ငံတကာစီးပွားရေးအခြေအနေများအကြား အရေးပါသောအရာ ဖြစ်လာခဲ့ပါတယ်။

တရုတ်အစိုးရဟာ SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ရန်အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း မူဝါဒများ ပြောင်းလဲကာ အပြင်းအထန် ကြိုးပမ်းလာခဲ့ပါတယ်။စနစ်တကျအခွန်လျှော့ချခြင်း၊ ထောက်ပံ့ကြေးများပေးအပ်ခြင်း၊ ဘဏ်တိုက်ရိုက်ငွေထုတ်ချေးပေးခြင်းနှင့် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးများကို လျှော့ချရန်နှင့် SMEs ကဏ္ဍတွင် အခြားသောထောက်ပံ့ကြေးများကိုလည်း စတင်ပေးအပ်လာခဲ့ပါတယ်။နည်းပညာအခြေခံသော စီးပွားရေးလုပ်ငန်းများကို တည်ဆောက်ခြင်းအားဖြင့်၊ ဆန်းသစ်တီထွင်သူများနှင့် SME ဝန်ဆောင်မှုပေးသော စင်တာများကလည်း အားကောင်းသော စွန့်ဦးစီးပွားရေး လုပ်ငန်းစနစ်အတွက် အုတ်မြစ်ဖြစ်လာခဲ့ပါတယ်။

တရုတ်အစိုးရဟာ လာမယ့် ၃ နှစ် ကနေ ၅ နှစ်အတွင်း ပြည်နယ်အဆင့်ရှိသော SMEs လုပ်ငန်းပေါင်း ၁၀၀,၀၀၀ ကျော် စတင်ရန် စီစဉ်ထားပြီး၊ အခွန်လျှော့ပေါ့ပေးခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ ဆန်းသစ်တီထွင်မှုတွင် ပံ့ပိုးပေးခြင်းနှင့် စျေးကွက်ဝင်ရောက်ခွင့်ကိုလည်း ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ဒီလိုဆောင်ရွက်ခြင်းဟာ SMEs လုပ်ငန်းမျာကို နိုင်ငံတော်အဆင့် တိုးတက်ခွင့်ပေးမှာဖြစ်ပါတယ်။အစိုးရကလည်း little giant လို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၁၀၀၀ နှင့် ကုန်ပစ္စည်းတစ်ခုကို အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်သော SMEs ပေါင်း ၁၀၀၀ ကိုလည်း စတင်ရန် စီစဉ်ထားပြီး၊ အားကောင်းသော ဆန်းသစ်တီထွင်မှုစွမ်းရည်၊ အရေးပါသော စျေးကွက်ရှယ်ယာနှင့် အထူးကဏ္ဍများတွင် ခေါင်းဆောင်မှုကောင်းဖြင့် စတင်ရန် စီစဉ်ထားပါတယ်။အခွန်လျှော့ချခြင်း၊ ဘဏ္ဍာရေးအာမခံချက်၊ IP ကာကွယ်ခြင်းနှင့် အရည်အချင်းရှိသူများအတွက် ထောက်ပံ့ကြေးများပေးခြင်းအားဖြင့် ဒီကုမ္ပဏီများရဲ့ ဝန်ဆောင်မှုအရည်အသွေးကို မြင့်တက်စေမှာဖြစ်ပါတယ်။

ထို့အပြင် အစိုးရကလည်း SME လုပ်ငန်းအသစ်များ စတင်ရန် အားပေးနေပြီး၊ ကုန်ကျစရိတ်သက်သာသော၊ စွမ်းဆောင်ရည်အားကောင်းသော၊ ပြိုင်ဆိုင်မှုကို အားပေးပြီး၊ ပူးပေါင်းဆောင်ရွက်မှုကို အားပေးသော လုပ်ငန်းများစတင်ရန် တိုက်တွန်းထားပါတယ်။အထူးစက်မှုရေးဇုန်၊ မျှဝေသော သုတေသနစင်တာများ၊ ဆန်းသစ်တီထွင်ရေးစင်တာများ တည်ဆောက်ခြင်းတို့ကလည်း ဒေသတွင်း ပေါင်းစည်းထားတဲ့ ဝန်ဆောင်မှုပလက်ဖောင်းပေးစေနိုင်မှာဖြစ်ပါတယ်။

ဟွာချင်ဘေတွင် တည်ရှိသော Shenzhen Huaqiang Electronic Worl Co., Ltd ဟာ အီလက်ထရောနစ်ပစ္စည်းများနှင့် စနစ်များ ဖြန့်ဖြူးမှုတွင် အရေးကြီးသော ကုန်သွယ်ရေးစင်တာဖြစ်လာပြီဖြစ်ပါတယ်။ ၂၀၂၀ တွင် ဝင်ငွေလည်ပတ်မှုပေါင်း ယွမ် ၂.၂ ဘီလီယံအထိ ရှိလာခဲ့ပါတယ်။ ဒီကုမ္ပဏီရဲ့ လျင်မြန်စွာတိုးတက်မှုကို လေ့လာခြင်းအားဖြင့် အစိုးရကပေးသော SMEs များအတွက် ထောက်ပံ့မှုများဟာ SMEs များအတွက် ဘယ်လောက်အထိ အရေးပါကြောင်းနှင့် နိုင်ငံတကာတွင် ထိပ်တန်းကုမ္ပဏီဖြစ်လာနိုင်ရေးကိုလည်း အကျိုးပြုကြောင်းကို ပြသနေပါတယ်။

အနာဂတ်အလားအလာကို လေ့လာမည်ဆိုပါက၊ အဆင့်မြင့်သော ကုန်ထုတ်လုပ်မှု၊ ကုန်ပစ္စည်းအသစ်များ၊ ဇီဝနည်းပညာနှင့် အချက်အလက်နည်းပညာတို့ဟာ တရုတ်နိုင်ငံ စီးပွားရေးတွင် အရေးကြီးသောအရာဖြစ်ပါတယ်။အထူးပြု SMEs များဟာ ဓာတ်ခွဲခန်းထဲက သုတေသနကို စီးပွားဖြစ်ထုတ်ကုန်များအဖြစ်သို့ ပြောင်းလဲစေမှာဖြစ်ပါတယ်။ SMEs လုပ်ငန်းများ၏ စွန့်ဦးတီထွင်လိုမှု၊ စမတ်ကျသော ဖြေရှင်းနည်းများဟာ ကမ္ဘာ့အဆင့်မီကုန်ထုတ်လုပ်မှုအတွက် လိုအပ်သော ပစ္စည်းများအတွက် အရေးပါသောအရာဖြစ်လာမှာဖြစ်ပါတယ်၊ ထို့အပြင် သမာရိုးကျလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပေါင်းစည်းထားသော ဒီဂျစ်တယ်စနစ် တိုးတက်မှုအတွက်လည်း အကျိုးရှိလာမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဆန်းသစ်တီထွင်မှုအားကောင်းသော နိုင်ငံနှင့် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုသို့ ပြောင်းလဲရန် ကြိုးပမ်းနေချိန်တွင်၊ အထူးပြု SMEs လုပ်ငန်းများဟာ ပြောင်းလဲမှုရဲ့ အေဂျင့်ဖြစ်လာမှာဖြစ်ပါတယ်။အစိုးရ၏ ထောက်ပံ့ကြေးများနှင့် ပံ့ပိုးမှုများကို အသုံးပြုခြင်းအားဖြင့်၊ ဒီဆန်းသစ်တီထွင်မှုအားကောင်းသော ကုမ္ပဏီများဟာ တရုတ်နိုင်ငံကို နိုင်ငံတကာတွင် ဦးဆောင်နိုင်ငံအဖြစ်သို့ ပြောင်းလဲစေမယ့် ဗျူဟာမြောက် နည်းပညာဖြစ်ပြီး စနစ်ကျသော စီးပွားရေးကိုလည်း ဦးဆောင်မှာဖြစ်ပါတယ်။

Naing