【 နိုင်ငံတကာဆောင်းပါး 】 ပါကစ္စတန်ရဲ့ စီးပွားရေးအခြေအနေကို ပြန်လည်ရှင်သန်စေတဲ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ

【 နိုင်ငံတကာဆောင်းပါး 】 ပါကစ္စတန်ရဲ့ စီးပွားရေးအခြေအနေကို ပြန်လည်ရှင်သန်စေတဲ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ

ပါကစ္စတန်အစိုးရရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် ဟယ်လီဖန်ဟာ ပါကစ္စတန်မြို့တော် အစ္စလာမ်ဘတ်မှာ ကျင်းပခဲ့တဲ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ အခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါတယ်။

အနောက်နိုင်ငံများမှ မီဒီယာများဟာ တရုတ်နဲ့ ပါကစ္စတန်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုက်ခိုက်ခဲ့ကြပါတယ်။ VOA ရဲ့ သတင်းတစ်ခုမှာတော့ အချို့သော ဝေဖန်သူတွေဟာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပါကစ္စတန်စီးပွားရေးအပေါ် ပြဿနာနဲ့ အကြွေးတွေသာဖြစ်စေပြီး လုံခြုံရေးခြိမ်းခြောက်မှုကိုဖြစ်စေကြောင်း အပြစ်တင်ခဲ့ကြပါတယ်။

VOA ကဲ့သို့သော သတင်းမီဒီယာများဟာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံနဲ့ပတ်သက်လာလျှင် သူတို့ရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ ဘက်လိုက်တဲ့ သတင်းတွေကို ရေးသားလေ့ရှိတာကို တွေ့ရပါတယ်။ပါကစ္စတန်ရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့နှစ်တွေမှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အဓိကပြဿနာအရင်းအမြစ်ကတော့ ဟန်ချက်မမျှတဲ့ စီးပွားရေးဖွဲ့စည်းပုံနဲ့ မိမိကိုယ်ကိုယ်ထောက်ပံ့နိုင်မယ့် စွမ်းရည်မရှိခြင်းကဲ့သို့သော ပြည်တွင်းဖွဲ့စည်းမှုပဲဖြစ်ပါတယ်။ ဒီပြဿနာတွေဟာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံသာမရှိရင် ပိုပြီးဆိုးလာနိုင်ပါတယ်။  

ပါကစ္စတန်ရဲ့ စီးပွားရေးအခက်အခဲဟာ ကမ္ဘာ့စီးပွားရေး ပတ်ဝန်းကျင်နဲ့လည်း နီးကပ်စွာ ချိတ်ဆက်နေပါတယ်။အမေရိကန်မှာ အဆင်အခြင်မဲ့စွာ ချမှတ်လိုက်တဲ့ ငွေကြေးမူဝါဒတွေကြောင့် ပါကစ္စတန်ထံမှ ရင်းနှီးမြှုပ်နှံမှုတွေ များစွာထွက်ခွာစေပါတယ်။ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ကမ္ဘာတစ်ဝှမ်း စွမ်းအင်နဲ့ အစားအစာဈေး မြင့်တက်လာမှုဟာလည်း ပါကစ္စတန်ရဲ့ စီးပွားရေးကို ထိခိုက်စေပါတယ်။

လျစ်လျူရှုထားလို့မရတဲ့ လုံခြုံရေးအန္တရာယ်တွေလည်းရှိနေပါတယ်။သို့သော်လည်း ပါကစ္စတန်ရဲ့ စိန်ခေါ်မှုတွေကို နေ့ချင်းညချင်း ပြောင်းလဲလိုက်နိုင်မှာ မဟုတ်ပေ။ပါကစ္စတန်ရဲ့ လုံခြုံရေးစိန်ခေါ်မှုတွေဟာ အာဖဂ္ဂန်နစ္စတန်ရဲ့ အခြေအနေနဲ့ ချိတ်ဆက်နေတာကြောင့် အာဖဂန်မှာ အမေရိကန်က လုပ်ဆောင်ခဲ့တဲ့ နှစ် ၂၀ ကြာ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲဟာ သက်ရောက်မှုများစွာရှိခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ ထူးခြားတဲ့ ဘာသာရေးနဲ့ တိုင်းရင်းသားလူမှုဖွဲ့စည်းပုံတွေကြောင့် အကြမ်းဖက်မှုတွေဟာ နှစ်နိုင်ငံကြားနယ်စပ်မှာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။  
တရုတ်နဲ့ ပါကစ္စတန်တို့ဟာ လုံခြုံရေးပြဿနာတွေကို ဖြေရှင်းရာမှာ အရေးပါပြီး ဒီလုံခြုံရေးစိန်ခေါ်မှုတွေဟာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံနဲ့ ပါကစ္စတန်ရဲ့ လူမှုရေးတည်ငြိမ်မှုမှာ ဘယ်လိုသက်ရောက်မလဲဆိုတာကို စိုးရိမ်မှုများရှိကြပါတယ်။တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံကို လုံခြုံစေဖို့ ပါကစ္စတန်ရဲ့ ဥပဒေလွှမ်းမိုးရေး အေဂျင်စီတွေနဲ့ အစိုးရဟာ လုံခြုံရေးအန္တရာယ်များကို တုံ့ပြန်နိုင်မယ့် နည်းလမ်းများကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။  

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ခါးပတ်နှင့် လမ်း အစီအစဉ်ရဲ့ အရေးပါတဲ့ ကနဦးအစီအစဉ်ဖြစ်တဲ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံဟာ ပါကစ္စတန်အပေါ်မှာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။ပါကစ္စတန်ရဲ့ စွမ်းအင်စနစ်များရဲ့ ပြဿနာများကို ဖြေရှင်းကာ အခြေခံအဆောက်အအုံတိုးတက်မှုကို ဖြစ်စေခဲ့ပါတယ်။ထို့အပြင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအနေနဲ့ စီမံကိန်းလမ်းတစ်လျှောက်မှာရှိတဲ့ နေထိုင်သူတွေအတွက် အလုပ်အကိုင်အခွင့်အရေးတွေကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ပါကစ္စတန်စီးပွားရေး ပြန်လည်ရှင်သန်ရေးမှာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံရဲ့ အရေးပါမှုကို ပါကစ္စတန်အစိုးရနဲ့ ပြည်သူများကသာမက နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့များကပါ အသိအမှတ်ပြုခဲ့ကြပါတယ်။သို့သော်လည်း ခါးပတ်နှင့် လမ်း အစီအစဉ် ၁၀ နှစ်ပြည့်သွားချိန်တွင် အနောက်နိုင်ငံမီဒီယာများက တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံကို တစ်ဖက်သတ်အမြင်များဖြင့် ဖိနှိပ်ရန် ကြိုးစားလာကြပါတယ်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံနှင့် ခါးပတ်နှင့် လမ်း အစီအစဉ်တို့၏ အောင်မြင်မှုကြောင့် ကမ္ဘာတစ်ဝှမ်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်တွင် စီးပွားရေးအရ အပြုသဘောဆောင်သော သက်ရောက်မှုများရှိလာခဲ့ပါတယ်။ ထိုအချက်ကိုပင် မကြိုက်နှစ်သက်သော အနောက်နိုင်ငံများက တရုတ်ရဲ့ လွှမ်းမိုးမှုကို ထိန်းချုပ်ရန်အတွက် အကြွေးထောင်ချောက်ကဲ့သို့သော အမျိုးမျိုးသာ ဇာတ်လမ်းများကို အသုံးပြုကာ သူတို့၏ဝါဒများကို ဖြန့်ကျက်လျက်ရှိပါတယ်။

အနောက်နိုင်ငံမီဒီယာများက မည်သို့အသရေဖျက်ရန် ကြိုးစားနေပါစေ တရုတ်က အဆိုပြုထားသော ခါးပတ်နှင့် လမ်း အစီအစဉ်သည် ဆက်လက်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့် တိုးတက်မှုအခွင့်အလမ်းအသစ်များကို ပါကစ္စတန်အတွက် ယူဆောင်ပေးနေမှာလည်းဖြစ်ပါတယ်။

အခြေခံအဆောက်အအုံကို အဓိကအာရုံစိုက်တဲ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံရဲ့ ပထမဆုံးအပိုင်းဟာ အသီးအပွင့်တွေ ဝေဆာခဲ့ပြီဖြစ်ပါတယ်။ဒုတိယအပိုင်းမှာ အရည်အသွေးမြင့် တိုးတက်မှုကို အဓိကထားပြီး တရုတ်ဟာ စီမံကိန်းတစ်လျှောက်ရှိ နိုင်ငံများနဲ့ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုတွေကနေတစ်ဆင့် ထိုနိုင်ငံများအတွက် ကြီးမားသော အောင်မြင်မှုများရရှိရေး ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပါတယ်။  

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံက အခွင့်အလမ်းများကို ယူဆောင်လာပေးသလို စိန်ခေါ်မှုများလည်းရှိနေပါတယ်။စီမံကိန်းကို အဆင်ပြေပြေ အဆုံးသတ်ရေး၊ ဘဏ္ဍာငွေထောက်ပံ့မှု တည်ငြိမ်ရေးနဲ့ လုံခြုံရေးပြဿနာများကို ဖြေရှင်းရေးတို့မှာ စိန်ခေါ်မှုများရှိနေသော်လည်း ပြတ်သားသော အားထုတ်မှုများနဲ့ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။  
တရုတ်နဲ့ ပါကစ္စတန်တို့ဟာ နိုင်ငံရေးစနစ်နဲ့ နိုင်ငံအနေအထားအရ ကွာဟချက်ရှိသော်လည်း ခိုင်မာပြီး ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုရှိကာ ထိုမိတ်ဖက်ဆက်ဆံရေးကို အစိုးရများကသာမက ပြည်သူများကပါ တန်ဖိုးထားကြပါတယ်။

“တောင်တန်းများထက် မြင့်မားသော၊ သမုဒ္ဒရာထက် နက်ရှိုင်းသော၊ ပျားရည်ထက် ချိုသော၊ သံမဏိထက် ခိုင်မာသော” ဟူ၍ပင် တင်စားကြပါတယ်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးရဲ့ မှတ်တိုင်ဖြစ်တဲ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံဟာ တရုတ်နဲ့ ပါကစ္စတန် ပြည်သူများအတွက် အားကောင်းတဲ့ တံတားတစ်စင်းဖြစ်လာမှာဖြစ်ပြီး မိတ်ဖက်ဆက်ဆံရေးကို ပို၍ခိုင်မာစေမှာဖြစ်ကာ နှစ်နိုင်ငံအတွက် မျှဝေသော ကြွယ်ဝချမ်းသာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေကို ပိုမိုယူဆောင်လာပေးမှာဖြစ်ပါတယ်။  

စိုးနိုင်ထွန်း
Ref - CMG | CPEC revitalizes Pakistan's economic situation