【 နိုင်ငံတကာဆောင်းပါး 】 လွန်ခဲ့သော ဆယ်နှစ်၏ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု အဓိကအင်ဂျင်

【 နိုင်ငံတကာဆောင်းပါး 】 လွန်ခဲ့သော ဆယ်နှစ်၏ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု အဓိကအင်ဂျင်

ဆယ်စုနှစ်များတစ်လျှောက်ကို တည်ငြိမ်သော တိုးတက်မှုဖြင့် ဖြတ်သန်းပြီးနောက် တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး ခရီးတစ်လျှောက်တွင် သမိုင်းမှတ်တိုင် မြောက်မြားစွာနှင့်အတူ အောင်မြင်မှုများရရှိခဲ့သည်။

ကမ္ဘာ့စီးပွားရေးသို့ တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်မှုအား တွန်းအားပေးသော၊ ရေရှည်တည်တံ့ခိုင်မြဲသော၊ ကမ္ဘာနှင့် ပိုမိုပွင့်လင်းသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်တွင် ရှေ့သို့ တွန်းအားပေးဆောင်ရွက်ခြင်းကို အရှိန်အဟုန်ဖြင့် ထိုးသွင်းပေးခဲ့သည်။

အမျိုးသားစာရင်းအင်းဗျူရိုမှ အောက်ပါကိန်းဂဏန်းများနှင့် အချက်အလက်များသည် လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးကို အသွင်ပြောင်းပြီး ရှင်သန်ကြီးထွားလာပုံကို ပြသနေသည်။

           ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကို တွန်းအားပေးခြင်း

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်စီးပွားရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်မှုကို ထိန်းထားနိုင်ခဲ့ပြီး ၎င်း၏ ကမ္ဘာ့အဆင့်တိုးတက်မှုအတွက် အဓိကပံ့ပိုးသူအဖြစ် ခိုင်မြဲစေသည်။ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) သည် ဒေါ်လာ ၁၇.၇ ထရီလီယံသို့ ရောက်ရှိခဲ့ပြီး ကမ္ဘာ့စုစုပေါင်း GDP ၏ ၁၈.၅ ရာခိုင်နှုန်းရှိသည်။ ၂၀၁၃ မှ ၂၀၂၁ ခုနှစ်အထိ နှစ်စဉ် ပျမ်းမျှနှုန်း ၆.၆ ရာခိုင်နှုန်းဖြင့် ကြီးထွားလာပြီး ကမ္ဘာ့အဆင့်ဖြစ်သည့် ၂.၆ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့သည်။

စီးပွားရေးအရှိန်အဟုန်နဲ့ ချဲ့ထွင်လာသည်နှင့်အမျှ တရုတ်နိုင်ငံမှာ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုအတွက် အဓိကမောင်းနှင်အား ဖြစ်လာခဲ့သည်။ ၂၀၁၃-၂၀၂၁ ကာလအတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုသည် ပျမ်းမျှ ၃၈.၆ ရာခိုင်နှုန်းရှိရာ ခုနစ်နိုင်ငံပေါင်းစုထားသည့် G-7 အုပ်စုထက် ပိုများသည်။

တရုတ်စီးပွားရေး၏ မဏ္ဍိုင်ဖြစ်သော စိုက်ပျိုးရေးသည် တည်ငြိမ်သောတိုးတက်မှုဖြင့် မှတ်တမ်းဝင်ခဲ့သည်။ ၂၀၁၂ ခုနှစ်မှစတင်၍ စပါး၊ အသား၊ မြေပဲနှင့် လက်ဖက်အထွက်နှုန်းသည် ကမ္ဘာပေါ်တွင် ပထမအဆင့်ရှိပြီး ဆီထွက်မုန်ညှင်းအထွက်နှုန်းမှာ ကမ္ဘာ့ဒုတိယနေရာတွင်ရှိနေသည်။

စက်မှုမျက်နှာစာတွင် နိုင်ငံ၏ အဓိကစက်မှုထုတ်ကုန် ထုတ်လုပ်မှုသည် တဖြည်းဖြည်းမြင့်တက်လာသည်။သံမဏိကြမ်း၊ ကျောက်မီးသွေး၊ လျှပ်စစ်၊ ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ မော်တော်ကားများ၊ မိုက်ခရိုကွန်ပျူတာများနှင့် မိုဘိုင်းလ်ဖုန်းထွက်ရှိမှုတွင် ကမ္ဘာကို ဦးဆောင်ခဲ့သည်။

           ကျယ်ကျယ်ပြန့်ပြန့်ဖွင့်ပေးမှု

ကမ္ဘာကို ကျယ်ကျယ်ပြန့်ပြန့်ဖွင့်ရန် ကြိုးပမ်းမှုများကြားမှ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အားကောင်းလာခဲ့သည်။

၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံသည် အမေရိကန်ကို ပထမဆုံးအကြိမ် ကျော်တက်နိုင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးကုန်သွယ်နိုင်ငံအဖြစ် စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၅.၃ ထရီလီယံရှိလာပြီး ၎င်းမှာ  ၂၀၁၂ ခုနှစ်က ဒေါ်လာ ၄.၄ ထရီလီယံထက် မြင့်တက်လာခြင်းဖြစ်သည်။

ယမန်နှစ်က တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၆ ဒသမ ၉ ထရီလီယံအထိ ထပ်မြင့်လာခဲ့ပြီး တစ်ကမ္ဘာလုံးတွင် ပထမနေရာကို ဆက်လက်ရရှိခဲ့သည်။တရုတ်၏ ၎င်း၏နိုင်ငံခြားကုန်စည် ကုန်သွယ်မှုသည် ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၃.၉ ထရီလီယံမှ ယမန်နှစ်တွင် ဒေါ်လာ ၆.၁ ထရီလီယံအထိ မြင့်တက်လာကာ ကမ္ဘာ့စုစုပေါင်း၏ ၁၃.၅ ရာခိုင်နှုန်းရှိခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကုန်စည်စီးဆင်းမှုအကြီးဆုံးနိုင်ငံနှင့် ဝန်ဆောင်မှုတွင် ဒုတိယအကြီးဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။လူဦးရေ ၁.၄ ဘီလီယံရှိသော ကြီးမားသောစျေးကွက်၊ ခိုင်မာသော စီးပွားရေးတိုးတက်မှုနှင့် ပိုမိုကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်ကြောင့် တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အနှစ်သက်ဆုံးနေရာအဖြစ် ရပ်တည်ခဲ့သည်။

၂၀၂၀ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) အတွက် ဒုတိယအများဆုံးရရှိသည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။နိုင်ငံတွင်းသို့ FDI ဝင်ရောက်မှုသည် ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၁၇၃.၅ ဘီလီယံ ဝင်ရောက်ခဲ့ရာ ၂၀၁၂ ခုနှစ် ဒေါ်လာ ၁၁၃.၃ ဘီလီယံနှင့် နှိုင်းယှဉ်ပါက နှစ်စဉ် ပျမ်းမျှအားဖြင့် ၄.၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

           တီထွင်ဆန်းသစ်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ခြင်း

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံသည် ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်နှင့် စီးပွားရေးကိုမြှင့်တင်ရန် ဆန်းသစ်တီထွင်မှုကို အစီအစဉ်ထဲ မြင့်မြင့်မားမား ထည့်သွင်းခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှု အညွှန်းကိန်းတွင် တရုတ်နိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် အဆင့် ၃၄ မှ ၂၀၂၁ ခုနှစ်တွင် ၁၂ အထိ မြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့မှ ပြောကြားခဲ့သည်။ယင်းမှာ အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများတွင် ပထမအဆင့်ဖြစ်သည်။

ဆန်းသစ်တီထွင်မှု တွန်းအားများကြောင့် Fortune Global 500 စာရင်းတွင် တရုတ်ကုမ္ပဏီများအရေအတွက်သည် ၂၀၁၂ ခုနှစ်မှ စတင်ကာ တိုးလာခဲ့သည်။ထိုစာရင်းတွင် ၂၀၁၂ ခုနှစ်က တရုတ်ကုမ္ပဏီ ၉၅ ခုရှိရာမှ ၂၀၂၁ ခုနှစ်တွင် ၁၄၅ ခုအထိရှိလာခဲ့ရာ ၁၉ နှစ်ဆက်တိုက် တိုးလာခဲ့ခြင်းဖြစ်သည်။

တယ်လီဖုန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံနှင့်ပတ်သက်၍ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး 5G ကွန်ရက်ကို ၂၀၂၁ ခုနှစ်အကုန်တွင် တစ်နိုင်ငံလုံး တပ်ဆင်ထားနိုင်ခဲ့ပြီး 5G အခြေစိုက်စခန်းများကို စုစုပေါင်း ၁.၄၃ သန်း တည်ဆောက်ထားခဲ့ရာ ကမ္ဘာတစ်ဝှမ်းလုံး စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။

နည်းပညာတိုးတက်မှုကို ကျောထောက်နောက်ခံပြုပြီး တရုတ်နိုင်ငံသည် မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေးကွန်ရက်များ တည်ဆောက်မှုကို အရှိန်မြှင့်ခဲ့သည်။တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အဖွံ့ဖြိုးဆုံး မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်ကို ပိုင်ဆိုင်ထားပြီး မြန်နှုန်းမြင့်ရထားလမ်းများသည် ၂၀၂၁ ခုနှစ်အကုန်တွင် စုစုပေါင်းအရှည် ၄၀,၀၀၀ ကီလိုမီတာအထိ တိုးချဲ့ဆန့်ထုတ်နိုင်ခဲ့ရာ ၂၀၁၂ ခုနှစ်ထက် ရာခိုင်နှုန်း ၃၃၀ ထိ တိုးမြင့်လာခဲ့သည်။

အသုံးပြုနိုင်သော အမြန်လမ်းများအတိုင်းအတာသည် ကီလိုမီတာ ၁၆၉,၀၀၀ သို့ ရောက်ရှိခဲ့ရာ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ၈၀ ရာခိုင်နှုန်း တိုးလာသဖြင့် ကမ္ဘာပေါ်တွင် ပထမအဆင့် တိုးတက်မှုဖြစ်သည်။

           ပို၍ကောင်းမွန်သောဘဝ

တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ သိသိသာသာ တိုးတက်လာခဲ့ရာ နေထိုင်သူအတွက် ဝင်ငွေများ ဆက်တိုက်တိုးတက်လာခဲ့သည်။

အမျိုးသားတစ်ဦးချင်း စုစုပေါင်းဝင်ငွေသည် ယမန်နှစ်က ကန်ဒေါ်လာ ၁၁,၈၉၀ သို့ ရောက်ရှိခဲ့ရာ ၂၀၁၂ ခုနှစ်က မှတ်တမ်းတင်ထားသော ကိန်းဂဏန်းထက် နှစ်ဆတိုးခဲ့သည်။တိုးတက်ရရှိမှုကြောင့် တရုတ်နိုင်ငံကို ကမ္ဘာ့ဘဏ် အဆင့်သတ်မှတ်ချက်အရ အဆင့် ၁၁၂ မှ ၆၈ အထိ မြှင့်တင်နိုင်ခဲ့သည်။

တရုတ်နိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် ဆင်းရဲမွဲတေမှုလုံးဝ ပပျောက်ရေးကို ဆောင်ရွက်ခဲ့ရာ ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း နှစ်စဉ်ပျမ်းမျှအားဖြင့် ကျေးလက်နေပြည်သူ ၁၂ ဒသမ ၃၇ သန်းသည် ဆင်းရဲတွင်းမှ လွတ်မြောက်ခဲ့သည်။

ဤအောင်မြင်မှုသည် ကုလသမဂ္ဂ၏ ၂၀၃၀ တွင် ဆင်းရဲမွဲတေမှုပပျောက်ရေး ရည်မှန်းချက်အတွက် ဆယ်နှစ်စောကာ တရုတ်နိုင်ငံအား ဆင်းရဲမွဲတေမှုပပျောက်ရေး ရည်မှန်းချက်ကို ပြည့်မီစေခဲ့သည်။ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် ဝင်ငွေတိုးမှုနှင့် တိုးတက်မှုများကြောင့် တရုတ်လူမျိုးများ၏ ပျမ်းမျှသက်တမ်းကို ၂၀၂၀ ခုနှစ်တွင် ၇၇.၉ နှစ်သို့ရောက်ရှိခဲ့ပြီး ကမ္ဘာ့ပျမ်းမျှသက်တမ်းထက် ၅.၂ နှစ်အထိ ပိုအသက်ရှည်စေခဲ့သည်။

စိုးနိုင်ထွန်း
Ref - CMG | China in figures - a global growth engine over past decade