【 နိုင်ငံတကာဆောင်းပါး 】 အကောင်းမြင်သမားများအတွက် ဆုလဒ်ပေးသည့် တရုတ်စီးပွားရေး

【 နိုင်ငံတကာဆောင်းပါး 】 အကောင်းမြင်သမားများအတွက် ဆုလဒ်ပေးသည့် တရုတ်စီးပွားရေး

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်င်ငံရေးဗျူရို၏ မကြာသေးခင်က ကျင်းပခဲ့တဲ့ အစည်းအဝေး ဟာ ယခုနှစ် နှစ်ဝက်တွင်တရုတ်စီးပွားရေး အပြောင်းအလဲဖြစ်လာစေရန် အလားအလာကောင်းများကို ဖန်တီး ပေးထားပါတယ်။

လက်တွေ့ကျသော မူဝါဒနှင့် စျေးကွက်အပေါ် ယုံကြည်မှုဟာ ပြန်လည်မြင့်တက်လာသောကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးဟာ အခက်အခဲများကို ကျော်လွှားနိုင်ပြီး အကောင်းမြင်တတ်သောသူများကို အကျိုး ကျေးဇူးများစွာပေးမယ့် စီးပွားရေးဖြစ်ကြောင်းကို ပြန်လည်သက်သေထူနေပါတယ်။

တရုတ်နိုင်ငံဟာ ဆန်းသစ်တီထွင်မှုကို အားပေးကာ စွန့်စွာမှုများကိုလည်း လုပ်ဆောင်ပြီး ရည်မှန်း ချက်ကောင်းကောင်းထားရှိခြင်း အစရှိသော အချက်များဖြင့် ပေါင်းစည်းထားသောကြောင့် ဒါဟာ ရေရှည် တိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုအတွက် လမ်းခင်းပေးထားပါတယ်၊ ဒါကို ပြည်တွင်းနှင့် နိုင်ငံတကာတွင်လည်း အကောင်အထည်ဖော်မည်ဖြစ်ပါတယ်။ခွန်အားကိုလည်း ကောင်းကောင်းအသုံးချပြီး၊ စိန်ခေါ်မှုများကို ဆုံး ဖြတ်ချက်ကောင်းဖြင့် ဖြေရှင်းခြင်းဖြင့် တရုတ်ဟာ ပြည်သူများအတွက် တောက်ပသော အနာဂတ်ကို ကောင်း ကောင်းလမ်းခင်းပေးထားပြီး နိုင်ငံတကာစီးပွားရေးတွင်လည်း ကြီးမားစွာ အကျိုးပြုမှာဖြစ်ပါတယ်။

မကြာသေးခင်က တရုတ်စီးပွားရေးအပေါ် ပြုလုပ်သော အစည်းအဝေးဟာ ဖျက်လို့မရသော အမှတ် အသားတစ်ခုကို ထင်ကျန်စေခဲ့ပါတယ်၊ အရေးကြီးသော ဦးတည်ချက်ကို ချမှတ်ပေးပြီး၊ အရေးကြီးသော စိန် ခေါ်မှုများကို ဖြေရှင်းစေခဲ့ပါတယ်။တရုတ်ရဲ့ ပွင့်လင်းမြင်သာမှုနှင့် လက်တွေ့ကျသော မူဝါဒများ ချမှတ် ရေး အတွက် ကြိုးပမ်းချက်များဟာ ဒီလိုအစည်းအဝေးကျင်းပခြင်းအားဖြင့် နားလည်နိုင်ပြီး၊ စိန်ခေါ်မှုအသစ်များကို အသိအမှတ်ပြုရာလည်း ရောက်ပါတယ်။

တရုတ်ရဲ့ စီးပွားရေးစနစ်ဟာ ဆက်လက်အားကောင်းနေပြီး၊ စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်းဗျူဟာ အသုံးပြုခြင်းနှင့် အချက်အလက်များကနေ အမှန်တရားကို ရှာဖွေခြင်းဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးဟာ အားကောင်းနေဆဲဖြစ်ပါတယ်။

ခေါင်းဆောင်ပိုင်းရဲ့ ဆုံးဖြတ်ချက်များနှင့် မူဝါဒများဟာ အပြုသဘောဆောင်သော တုံ့ပြန်ချက်များကို ရရှိလာခဲ့ပါတယ်၊ ဒါဟာ စျေးကွက်အပေါ် ယုံကြည်မှုကိုလည်း အားကောင်းစေပါတယ်။ တရုတ်နိုင်ငံတွင် ဒီလို တဟုန်ထိုး တိုးတက်လာသော စတော့ရှယ်ယာများကို လေ့လာခြင်းအားဖြင့် စျေးကွက်ရဲ့ တရုတ်စီးပွားရေး အလားအလာအပေါ် ယုံကြည်မှု ခိုင်ခိုင်မာမာရှိကြောင်းကို ပြသနေပါတယ်။တရုတ်စီးပွားရေးဟာ အပြုသဘော ဆောင်သော အမြင်ရှိသူများကို ကောင်းမွန်စွာ ဆုချရန် အသင့်ရှိနေပါတယ်၊ ဒါဟာ အစိုးရ၏ ဆုံးဖြတ်ချက်ဖြစ်ပြီး လက်တွေ့ဆန်သော ဆောင်ရွက်ချက်နှင့် စစ်မှန်သောရလဒ်များလည်းဖြစ်ပါတယ်။

နိုင်ငံတကာစီးပွားရေးအခြေအနေများ ရှုပ်ထွေးသောအချိန်တွင်၊ တရုတ်ရဲ့ မကြာသေးခင်က ဆုံးဖြတ် ချက်နှင့် တည်ငြိမ်မှုဟာ တွန်းအားတစ်ခုအဖြစ် ရှိလာခဲ့ပါတယ်၊ ဒါဟာ နိုင်ငံတကာတွင် စျေးကွက်အပါ် ယုံကြည် ချက်ကိုလည်း အားကောင်းစေခဲ့ပါတယ်။

မကြာသေးခင်က CSI 300 Index တွင် ၂.၈၉ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းနှင့် Hang Seng Index တွင် ၄.၁ ရာခိုင်နှုန်း မြင့်တက်လာခြင်းတို့ကို (CPC) ဗဟိုကော်မတီ၏ အစည်းအဝေးပြီးနောက် တွေ့မြင်လာ တာ ဖြစ်ပါတယ်။ဒါဟာ စျေးကွက်၏ တရုတ်စီးပွားရေးအလားအလာကောင်းအပေါ်တွင် ယုံကြည်ချက်ဘယ် လောက် ရှိကြောင်းကို ပြသနေခြင်းဖြစ်ပါတယ်။ထို့အပြင် အိမ်ခြံမြေလုပ်ငန်းများနှင့် နည်းပညာကဏ္ဍတို့၏ အားကောင်း လာသော လုပ်ငန်းလည်ပတ်မှုများဟာ စျေးကွက်ရဲ့ အပြုသဘောဆောင်မှုကို ပြသနေပြီး၊ ဒီလိုအရေးကြီးသော အခန်းကဏ္ဍဟာ အနာဂတ်တွင် တိုးတက်မှု အလားအလာကောင်းများ ပိုင်ဆိုင်ထားကြောင့်ကို ပြသနေပါတယ်။

ထို့အပြင် အမေရိကန်နိုင်ငံတွင် စာရင်းဝင်ထားသော တရုတ်စတော့ကလည်း မြင့်တက်လာခဲ့ပြီး Nasdaq Golden Dragon China Index က ထုတ်ပြန်ထားသော အချက်အလက်တွင် တိုးတက်မှု ၄.၃ ရာခိုင်နှုန်းအထိရှိကြောင်း ပြသခြင်းဟာ နိုင်ငံတကာအသိုင်းအဝိုင်းများအကြား တရုတ်စီးပွားရေးအလားအလာအပေါ် ယုံကြည်မှုအပြည့်အဝ ရှိကြောင်းကို ပြသနေပါတယ်။

အာရှစတော့စျေးကွက်မှာလည်း ကြီးမားသော ထိုးတက်မှုရှိပြီး၊ ကန်ဒေါ်လာငွေလဲနှုန်းတွင် တရုတ်ယွမ် ငွေအား ပြန်ကောင်းလာခြင်းဟာ အပြုသဘောဆောင်သော လက္ခဏာများဖြစ်ပါတယ်။ဒီလိုပြောင်းလဲမှုများဟာ တရုတ်ရဲ့ နိုင်ငံတကာစီးပွားရေးတည်ငြိမ်မှုတွင် အရေးပါပုံနှင့် ဒေသအတွင်း အပြုသဘောဆောင်သော စီးပွားရေး အလားအလာကောင်းအတွက်လည်း အကျိုးရှိကြောင်းကို ပြသနေပါတယ်။

တရုတ်စီးပွားရေးဟာ အပြုသဘောဆောင်သော အမြင်ရှိသူများအတွက် အကျိုးကျေးဇူးပေးမယ့် စီးပွား ရေးဖြစ်ပါတယ်။တရုတ်ပြည်သူများရဲ့ ခံစားချက်နှင့် မျှော်မှန်းချက်များဟာ CPC ဗဟိုကော်မတီအစည်းအဝေးတွင် ထင်ဟပ်ပြနေပါတယ်။ ထိုအစည်းအဝေးတွင် လက်ရှိစီးပွားရေး အထွေထွေအခြေအနေကို လေ့လာခဲ့ပြီး၊ စီးပွား ရေးစီမံချက်များရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကိုလည်း ပြန်လည်ဆန်းစစ်ခဲ့ပါတယ်။

အရေးကြီးသော အချက်တစ်ခုကတော့ လက်တွေ့ကျပြီး စစ်မှန်သော ရလဒ်အတွက် ဆော်သြမှုပဲဖြစ် ပါတယ်။ စီးပွားရေးလုပ်ငန်းများကိုလည်း နေရာအသစ်များကို လေ့လာရန် တိုက်တွန်းထားပြီး၊ ဗျူဟာမြောက် သော ရင်းနှီးမြှုပ်နှံမှုလုပ်ရန်နှင့် ရှိလာနိုင်သော အန္တရာယ်များကိုလည်း တွက်ချက်ထားရန် တိုက်တွန်းခဲ့ပါ တယ်။ ဒီလိုအပြုသဘောဆောင်သော အစိုးရ၏ ချဉ်းကပ်မှုကြောင့် ဆန်းသစ်တီထွင်မှုနှင့် လုပ်နိုင်စွမ်းအား ပိုကောင်း စေပါတယ်။ဒါဟာ တရုတ်စီးပွားရေးလုပ်ငန်းများအတွက် ကြီးထွားလာသော စီးပွားရေးလုပ်ငန်းများအပေါ်တွင် ကျင့်သားရခြင်း၊ အခြေအနေပြောင်းလဲခြင်းနှင့် ဦးဆောင်မှုအခန်းကဏ္ဍကို ရယူရန် တွန်းအားဖြစ်စေပါတယ်။

တရုတ်နိုင်ငံဟာ လက်တွေ့အခြေအနေများနဲ့ ကိုက်ညီသော မူများနှင့် ဆုံးဖြတ်ချက်များကို ဆက်လက် အကောင်အထည်ဖော်သောကြောင့် စျေးကွက်၏ ယုံကြည်မှု ပိုမိုရရှိလာနိုင်ပါတယ်။အများရဲ့ အပြုသဘော ဆောင်သော အမြင်များရှိလာမှုဟာ စီးပွားရေးတိုးတက်မှုတစ်ခုတည်းအတွက်သာ ကောင်းကျိုးဖြစ်စေတာ မဟုတ်ဘဲ၊ နိုင်ငံ၏ နိုင်ငံတကာစင်မြင့်ပေါ်တွင် နေရာရရှိရန်အတွက်လည်း ကောင်းကျိုးဖြစ်စေသောအရာဖြစ်ပါတယ်။

Naing
Ref – CMG